လိင်တူလက်ထပ်ခြင်းကို အသိအမှတ်ပြုလက်ခံမည်မဟုတ်ကြောင်း အိန္ဒိယအစိုးရ ပြော

 1335

Pika (NP News) - မတ် ၁၄

အိန္ဒိယအစိုးရသည် နိုင်ငံတွင်းတွင် လိင်တူလက်ထပ်ခြင်းအား အသိအမှတ်ပြုခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း LGBT စုံတွဲများအတွက် ချမှတ်ထားသော လက်ရှိဥပဒေဘောင်ကိုပြောင်းလဲရန်အတွက် တောင်းဆိုမှုများကို ပယ်ချရန် နိုင်ငံတော်တရားရုံးချုပ်ကို တိုက်တွန်းထားကြောင်း သိရသည်။

လူအဖွဲ့အစည်းအတွင်းတွင် ဆက်ဆံရေးပုံစံ အမျိုးမျိုးရှိနိုင်သော်လည်း လက်ထပ်ထိမ်းမြားခြင်းအား တရားဝင် အသိအမှတ်ပြုခြင်းသည် လိင်ကွဲစုံတွဲများအတွက်သာဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန က ပြောကြားခဲ့သည်၊၊

အဆိုပါ အသိအမှတ်ပြုခြင်းကို ဆက်လက်ထိန်းသိမ်းရန်မှာ နိုင်ငံတော်၏တာဝန်သာဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ဥပဒေရေးရာဝန်ကြီးဌာနက "စုံတွဲတွေအဖြစ် အတူနေထိုင်ခြင်းနဲ့ လိင်တူချင်း လိင်ဆက်ဆံခြင်းတို့ဟာ အိန္ဒိယလူ့အဖွဲ့အစည်းအယူအဆနဲ့ မကိုက်ညီပါဘူး၊၊ ဘာသာရေးနဲ့ လူမှုရေးတို့အတွက် ထုတ်ပြန်ထားတဲ့ တိုင်းပြည်ရဲ့ဥပဒေကိုပြောင်းလဲဖို့ တရားရုံးချုပ်ကိုလည်း တောင်းဆိုလို့မရပါဘူး" ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း အချို့သော လိင်တူစုံတွဲများက လိင်တူလက်ထပ်မှုအား အသိအမှတ်ပြုရန် တောင်းဆိုချက် (၁၅)ခုထက်မနည်းကို တရားရုံးသို့ပေးပို့ခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ရုပ်ရှင်ရိုက်ကူးသူနှင့် လိင်တူအခွင့်အရေးလှုပ်ရှားသူ Onir က "ကျယ်ပြန့်တဲ့လူ့အခွင့်အရေးဆိုင်ရာအယူအဆတွေဟာ အိန္ဒိယနိုင်ငံရဲ့အယူအဆတွေနဲ့ ကိုက်ညီမှု မရှိပါဘူး၊၊ အဲဒီအတွက် တကယ်ကို ဝမ်းနည်းပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
လိင္တူလက္ထပ္ျခင္းကို အသိအမွတ္ျပဳလက္ခံမည္မဟုတ္ေၾကာင္း အိႏၵိယအစိုးရ ေျပာ
Pika (NP News) - မတ္ ၁၄

အိႏၵိယအစိုးရသည္ ႏိုင္ငံတြင္းတြင္ လိင္တူလက္ထပ္ျခင္းအား အသိအမွတ္ျပဳျခင္းကို ဆန႔္က်င္ကန႔္ကြက္ေၾကာင္း LGBT စုံတြဲမ်ားအတြက္ ခ်မွတ္ထားေသာ လက္ရွိဥပေဒေဘာင္ကိုေျပာင္းလဲရန္အတြက္ ေတာင္းဆိုမႈမ်ားကို ပယ္ခ်ရန္ ႏိုင္ငံေတာ္တရား႐ုံးခ်ဳပ္ကို တိုက္တြန္းထားေၾကာင္း သိရသည္။

လူအဖြဲ႕အစည္းအတြင္းတြင္ ဆက္ဆံေရးပုံစံ အမ်ိဳးမ်ိဳးရွိႏိုင္ေသာ္လည္း လက္ထပ္ထိမ္းျမားျခင္းအား တရားဝင္ အသိအမွတ္ျပဳျခင္းသည္ လိင္ကြဲစုံတြဲမ်ားအတြက္သာျဖစ္ေၾကာင္း ဥပေဒေရးရာဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္၊၊

အဆိုပါ အသိအမွတ္ျပဳျခင္းကို ဆက္လက္ထိန္းသိမ္းရန္မွာ ႏိုင္ငံေတာ္၏တာဝန္သာျဖစ္ေၾကာင္း ေျပာၾကားခဲ့ သည္။ ဥပေဒေရးရာဝန္ႀကီးဌာနက "စုံတြဲေတြအျဖစ္ အတူေနထိုင္ျခင္းနဲ႔ လိင္တူခ်င္း လိင္ဆက္ဆံျခင္းတို႔ဟာ အိႏၵိယလူ႔အဖြဲ႕အစည္းအယူအဆနဲ႔ မကိုက္ညီပါဘူး၊၊ ဘာသာေရးနဲ႔ လူမႈေရးတို႔အတြက္ ထုတ္ျပန္ထားတဲ့ တိုင္းျပည္ရဲ႕ဥပေဒကိုေျပာင္းလဲဖို႔ တရား႐ုံးခ်ဳပ္ကိုလည္း ေတာင္းဆိုလို႔မရပါဘူး" ဟု ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ လမ်ားအတြင္း အခ်ိဳ႕ေသာ လိင္တူစုံတြဲမ်ားက လိင္တူလက္ထပ္မႈအား အသိအမွတ္ျပဳရန္ ေတာင္းဆိုခ်က္ (၁၅)ခုထက္မနည္းကို တရား႐ုံးသို႔ေပးပို႔ခဲ့ၿပီးေနာက္ အိႏၵိယအစိုးရသည္ တရားဝင္ေတြ႕ဆုံ ေဆြးေႏြးမႈတစ္ခုကို လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။ ႐ုပ္ရွင္႐ိုက္ကူးသူႏွင့္ လိင္တူအခြင့္အေရးလႈပ္ရွားသူ Onir က "က်ယ္ျပန႔္တဲ့လူ႔အခြင့္အေရးဆိုင္ရာအယူအဆေတြဟာ အိႏၵိယႏိုင္ငံရဲ႕အယူအဆေတြနဲ႔ ကိုက္ညီမႈ မရွိပါဘူး၊၊ အဲဒီအတြက္ တကယ္ကို ဝမ္းနည္းပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.