လာမည့်သင်္ကြန်ကာလ၌ မဏ္ဍပ်များတွင်ဖျော်ဖြေမည့် အနုပညာရှင်များ၏ အနုပညာကြေး သိန်း(၃ဝဝ) နှင့် သိန်း(၅ဝဝ)ကြားရှိနေကြောင်း သတင်းများထွက်ပေါ်

 1066

NP News - မတ် ၁၄

မကြာမီကျင်းပမည့် သင်္ကြန်ပွဲတော်၌ မဏ္ဍပ်များတွင်ဖျော်ဖြေမည့် အနုပညာရှင်များ၏ အနုပညာကြေး သည် သိန်း(၃ဝဝ)နှင့် သိန်း(၅ဝဝ)ကြားရှိနေကြောင်း အနုပညာရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

လာမည့် သင်္ကြန်ပွဲတော်ကို ဧပြီလ(၁၃)ရက်မှ ဧပြီလ (၁၆) ရက်အထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

လက်ရှိတွင် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ရန်အတွက် မြို့နယ်အချို့တွင် လျှောက် လွှာများခေါ်ယူလျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် မဏ္ဍပ်များတွင် ဖျော်ဖြေမည့် အနုပညာရှင်များကိုလည်း ဆက်သွယ်ကမ်းလှမ်းကာ စာချုပ်ချုပ်ဆိုနေမှုများရှိကြောင်းလည်း သိရသည်။

“နာမည်ကြီး ထိပ်ဆုံးအဆိုတော်တွေကလည်း သိန်း(၃ဝဝ)၊ (၅ဝဝ) ယူသလို တချို့ကလည်း သိန်း(၁ဝဝ)(၁၅ဝ)ပေါ့။ လတ်တလော သိန်း(၃ဝဝ)၊ (၄ဝဝ) ရတဲ့သူတွေကတော့ လက်ချိုးရေလို့ရပါတယ်။ အကြမ်း ဖျင်းကတော့ သိန်း (၁၅ဝ) ၊ (၂ဝဝ) ကြားမှာ အလုပ်ဖြစ်ကြပါတယ်” ဟု အနုပညာရှင်အသိုင်းအဝိုင်းမှ အနုပညာရှင်တစ်ဦးက NP News ကို ဆိုသည်။

သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေမည့် အနုပညာရှင်များနှင့်ပတ်သက်၍ အချို့သော အနုပညာရှင်များသည် အနုပညာကြေး သိန်း(၃ဝဝ)နှင့်(၅ဝဝ) ကြားရရှိမှုများရှိသော်လည်း အများစုသည် သိန်း(၁၅ဝ)နှင့် သိန်း(၂ဝဝ) ဝန်းကျင်ဖြင့်သာ အလုပ်ဖြစ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ကော့သောင်း၊ ရခိုင်၊ တောင်ကြီး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မော်လမြိုင်နှင့် မြစ်ကြီးနားတို့ရှိ သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေရန်အတွက် အနုပညာရှင်များအနေဖြင့် စာချုပ်ချုပ်ဆိုထားမှုများရှိကြောင်း သိရသည်။

ပြီးခဲ့သော နှစ်များက သင်္ကြန်ပွဲတော်ကာလ၌ ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးပြဿနာများကြောင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်သင်္ကြန်ပွဲတော်အား စည်းကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နစကမှ ကြိုတင်စီစဥ်လျက်ရှိကြောင်း သိရသည်။

zawgyi version
လာမည့္သၾကၤန္ကာလ၌ မ႑ပ္မ်ားတြင္ေဖ်ာ္ေျဖမည့္ အႏုပညာရွင္မ်ား၏ အႏုပညာေၾကး သိန္း(၃ဝဝ) ႏွင့္ သိန္း(၅ဝဝ)ၾကားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚ

NP News - မတ္ ၁၄

မၾကာမီက်င္းပမည့္ သၾကၤန္ပြဲေတာ္၌ မ႑ပ္မ်ားတြင္ေဖ်ာ္ေျဖမည့္ အႏုပညာရွင္မ်ား၏ အႏုပညာေၾကး သည္ သိန္း(၃ဝဝ)ႏွင့္ သိန္း(၅ဝဝ)ၾကားရွိေနေၾကာင္း အႏုပညာရွင္အသိုင္းအဝိုင္းထံမွ သိရသည္။

လာမည့္ သၾကၤန္ပြဲေတာ္ကို ဧၿပီလ(၁၃)ရက္မွ ဧၿပီလ (၁၆) ရက္အထိ (၄)ရက္ၾကာ က်င္းပသြားမည္ျဖစ္သည္။

လက္ရွိတြင္ သၾကၤန္မ႑ပ္မ်ား တည္ေဆာက္ရန္အတြက္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေလွ်ာက္လႊာမ်ားေခၚယူလ်က္ရွိသည္ကို ေတြ႕ရသည္။

ထို႔ျပင္ မ႑ပ္မ်ားတြင္ ေဖ်ာ္ေျဖမည့္ အႏုပညာရွင္မ်ားကိုလည္း ဆက္သြယ္ကမ္းလွမ္းကာ စာခ်ဳပ္ခ်ဳပ္ဆိုေနမႈမ်ားရွိေၾကာင္းလည္း သိရသည္။

“နာမည္ႀကီး ထိပ္ဆုံးအဆိုေတာ္ေတြကလည္း သိန္း(၃ဝဝ)၊ (၅ဝဝ) ယူသလို တခ်ိဳ႕ကလည္း သိန္း(၁ဝဝ)(၁၅ဝ)ေပါ့။ လတ္တေလာ သိန္း(၃ဝဝ)၊ (၄ဝဝ) ရတဲ့သူေတြကေတာ့ လက္ခ်ိဳးေရလို႔ရပါတယ္။ အၾကမ္း ဖ်င္းကေတာ့ သိန္း (၁၅ဝ) ၊ (၂ဝဝ) ၾကားမွာ အလုပ္ျဖစ္ၾကပါတယ္” ဟု အႏုပညာရွင္အသိုင္းအဝိုင္းမွ အႏုပညာရွင္တစ္ဦးက NP News ကို ဆိုသည္။

သၾကၤန္မ႑ပ္မ်ားတြင္ ေဖ်ာ္ေျဖမည့္ အႏုပညာရွင္မ်ားႏွင့္ပတ္သက္၍ အခ်ိဳ႕ေသာ အႏုပညာရွင္မ်ားသည္ အႏုပညာေၾကး သိန္း(၃ဝဝ)ႏွင့္(၅ဝဝ) ၾကားရရွိမႈမ်ားရွိေသာ္လည္း အမ်ားစုသည္ သိန္း(၁၅ဝ)ႏွင့္ သိန္း(၂ဝဝ) ဝန္းက်င္ျဖင့္သာ အလုပ္ျဖစ္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ မႏၲေလး၊ ရန္ကုန္၊ ေနျပည္ေတာ္၊ ေကာ့ေသာင္း၊ ရခိုင္၊ ေတာင္ႀကီး၊ တာခ်ီလိတ္၊ က်ိဳင္းတုံ၊ ေမာ္လၿမိဳင္ႏွင့္ ျမစ္ႀကီးနားတို႔ရွိ သၾကၤန္မ႑ပ္မ်ားတြင္ ေဖ်ာ္ေျဖရန္အတြက္ အႏုပညာရွင္မ်ားအေနျဖင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားမႈမ်ားရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ႏွစ္မ်ားက သၾကၤန္ပြဲေတာ္ကာလ၌ ကိုဗစ္ကပ္ေရာဂါအျပင္ ႏိုင္ငံေရးျပႆနာမ်ားေၾကာင့္ စည္းကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ျခင္းမရွိခဲ့ေသာ္လည္း ယခုႏွစ္သၾကၤန္ပြဲေတာ္အား စည္းကားသိုက္ ၿမိဳက္စြာ က်င္းပႏိုင္ေရးအတြက္ နစကမွ ႀကိဳတင္စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.