လျှပ်စစ်မန်နေဂျာရုံးနှင့် အုပ်ချုပ်‌ရေးမှူးရုံးတို့အား Drop bomb ဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ရုံးဝန်ထမ်း(၁)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိ

 1043

Pearl (NP News) - မတ် ၁၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် အထွေထွေ အုပ်ချုပ်‌ရေးမှူးရုံးတို့အား Drone ယာဉ်များဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခံခဲ့ရကြောင်း နစကထံမှ သတင်းရရှိသည်။

နစကမှ ယမန်နေ့(မတ်လ ၁၄ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင် နွားထိုးကြီးမြို့နယ်၊ အမှတ် (၄)ရပ်ကွက်နှင့် အမှတ် (၁)ရပ် ကွက်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ အဆိုပါနေ့ နံနက်(၁၁)နာရီ အချိန်တွင် အမှတ် (၄)ရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးအား အကြမ်းဖက်အမျိုးသားများမှ ရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ်တစ်စီးဖြင့် Drop Bomb (၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ချတိုက်ခိုက်မှုကြောင့် ရုံးဝင်းအတွင်း ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်းအမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင်လည်း အမှတ် (၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးမှူးရုံးအား အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ်တစ်စီးဖြင့် Drop Bomb (၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထားသည်။

ထိုသို့ ပစ်ချတိုက်ခိုက်မှုကြောင့် ဗုံးများသည်ရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ရုံးတံခါးပေါက်မှန် (၈)ချပ် ကွဲအက်ပျက်စီးခဲ့၍ ရုံးဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား(၂)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
လွ်ပ္စစ္မန္ေနဂ်ာ႐ုံးႏွင့္ အုပ္ခ်ဳပ္‌ေရးမႉး႐ုံးတို႔အား Drop bomb ျဖင့္ ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ ႐ုံးဝန္ထမ္း(၁)ဦးေသဆုံးကာ (၃)ဦးဒဏ္ရာရရွိ

Pearl (NP News) - မတ္ ၁၄

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္လွ်ပ္စစ္မန္ေနဂ်ာ႐ုံးႏွင့္ အေထြေထြ အုပ္ခ်ဳပ္‌ေရးမႉး႐ုံးတို႔အား Drone ယာဥ္မ်ားျဖင့္ Drop Bomb မ်ားပစ္ခ်တိုက္ခိုက္ခံခဲ့ရေၾကာင္း နစကထံမွ သတင္းရရွိသည္။

နစကမွ ယမန္ေန႔(မတ္လ ၁၄ ရက္) ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၁၃ ရက္တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ အမွတ္ (၄)ရပ္ကြက္ႏွင့္ အမွတ္ (၁)ရပ္ ကြက္တို႔တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွာ အဆိုပါေန႔ နံနက္(၁၁)နာရီ အခ်ိန္တြင္ အမွတ္ (၄)ရပ္ကြက္ရွိ ၿမိဳ႕နယ္ လွ်ပ္စစ္မန္ေနဂ်ာ႐ုံးအား အၾကမ္းဖက္အမ်ိဳးသားမ်ားမွ ႐ုံး၏ အေနာက္ေတာင္ဘက္မွ Drone ယာဥ္တစ္စီးျဖင့္ Drop Bomb (၃)လုံး ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ ႐ုံးဝင္းအတြင္း ဗုံးမ်ားက်ေရာက္ေပါက္ကြဲခဲ့ၿပီး ႐ုံးဝန္ထမ္းအမ်ိဳးသားတစ္ဦး ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အလားတူ နံနက္(၁၁)နာရီခြဲအခ်ိန္ခန႔္တြင္လည္း အမွတ္ (၁)ရပ္ကြက္ရွိ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္‌ေရးမႉး႐ုံးအား အဆိုပါ႐ုံး၏ အေနာက္ေတာင္ဘက္မွ Drone ယာဥ္တစ္စီးျဖင့္ Drop Bomb (၃)လုံး ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း နစကမွ ဆက္လက္ထုတ္ျပန္ထားသည္။

ထိုသို႔ ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ ဗုံးမ်ားသည္႐ုံးဝင္းအတြင္း က်ေရာက္ေပါက္ကြဲခဲ့ရာ ႐ုံးတံခါးေပါက္မွန္ (၈)ခ်ပ္ ကြဲအက္ပ်က္စီးခဲ့၍ ႐ုံးဝန္ထမ္းအမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ၿပီး အမ်ိဳးသား(၂)ဦး ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ႏြားထိုးႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။

အထက္ပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.