ဝက်လက်မြို့နယ်ရှိ သစ်သားတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ

 605

Pearl (NP News) - မတ် ၁၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သစ်သားတံတားတစ်စင်းအား အကြမ်းဖက်သမားများမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၃ ရက်)၊ နံနက် (၈)နာရီ၊ (၁၅)မိနစ် အချိန်ခန့်တွင် ဝက်လက်မြို့နယ် ၊ ဝက်လက်-သခွတ္တော ကားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလမ်းပေါ်ရှိ အလျား (၁၄) ပေ၊ အကျယ် (၁၂) ပေ ရှိသော မူးဘောင်ကူး သစ်သားတံတား၊ သခွတ္တောတံတားအား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တံတား၏ အရှေ့ဘက်ခြမ်းရှိ ကြမ်းခင်း (၃)ပေခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါတံတားမှာ လူနှင့် မော်တော်ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာ၍ရပြီး ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအားဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
Pearl (NP News) - မတ် ၁၄







Related news

© 2021. All rights reserved.