မြင်းခြံမြို့နယ်တွင် အရပ်သား(၃)ဦးအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

 714

Pearl (NP News) - မတ် ၁၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၂)ရက်၊ နံနက် (၉) နာရီ၊ (၅ဝ) မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ကျီးပင်ကန်ကျေးရွာနှင့် ဓူဝံကျေးရွာကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျီးပင်ကန်ကျေးရွာနေသူများဖြစ်ကြသည့် ဦးကျော်ဌေး၊ ဇနီးဖြစ်သူ ဒေါ်စိန်အေး နှင့် ၎င်းတို့နေအိမ်၏ အရှေ့ဘက်ကပ်လျက်နေသော ယောက်ဖဖြစ်သူ ဦးညွန့်ဇော်တို့ (၃)ဦးသည် ၎င်းတို့၏နေအိမ်အသီး သီး၌ရှိနေစဉ် အကြမ်းဖက်အမျိုးသား (၅)ဦးသည် ဆိုင်ကယ်(၃)စီးဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထို့နောက် ၎င်းတို့ (၃)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခင်းဖြစ်နေရာအရောက်၌ သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်ဌေးပါ (၃)ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ျမင္းၿခံၿမိဳ႕နယ္တြင္ အရပ္သား(၃)ဦးအား အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္၍ ေသနတ္ျဖင့္ ပစ္သတ္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၁၅

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္တြင္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးအား အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္၍ ေသနတ္ျဖင့္ ပစ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၂)ရက္၊ နံနက္ (၉) နာရီ၊ (၅ဝ) မိနစ္အခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ က်ီးပင္ကန္ေက်း႐ြာႏွင့္ ဓူဝံေက်း႐ြာၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

က်ီးပင္ကန္ေက်း႐ြာေနသူမ်ားျဖစ္ၾကသည့္ ဦးေက်ာ္ေဌး၊ ဇနီးျဖစ္သူ ေဒၚစိန္ေအး ႏွင့္ ၎တို႔ေနအိမ္၏ အေရွ႕ဘက္ကပ္လ်က္ေနေသာ ေယာက္ဖျဖစ္သူ ဦးၫြန႔္ေဇာ္တို႔ (၃)ဦးသည္ ၎တို႔၏ေနအိမ္အသီး သီး၌ရွိေနစဥ္ အၾကမ္းဖက္အမ်ိဳးသား (၅)ဦးသည္ ဆိုင္ကယ္(၃)စီးျဖင့္ ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္လာေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ထို႔ေနာက္ ၎တို႔ (၃)ဦးအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး အခင္းျဖစ္ေနရာအေရာက္၌ ေသနတ္ျဖင့္ ပစ္ ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ဦးေက်ာ္ေဌးပါ (၃)ဦးတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.