ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ရေဖြူမြို့နယ်တွင် ဖမ်းဆီးရမိ

 472

Pearl (NP News) - မတ် ၁၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ငွေကျပ်(၂)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ(၁ဝ)ရက်၊ နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် ရေဖြူမြို့နယ်၊ မလွှဲတောင်ပူး ပေါင်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းတွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ဖိုးသဲမောင်းနှင်ပြီး သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီးတို့လိုက်ပါလာသော MITSUBISHI FUSO ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်ပါ ပလပ်စတစ်ခြင်း (၆)ခြင်းအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁ဝ ဒသမ ၃)သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဖမ်းမိသော မူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းမှတနင်္သာရီတိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ေရျဖဴၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၁၅

တနသၤာရီတိုင္း၊ ေရျဖဴၿမိဳ႕နယ္တြင္ ေငြက်ပ္(၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ႏွင့္ အိုက္စ္(မက္သ္အဖက္တမင္း)မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲ တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ(၁ဝ)ရက္၊ နံနက္(၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ ေရျဖဴၿမိဳ႕နယ္၊ မလႊဲေတာင္ပူး ေပါင္းစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဆးေရးစခန္းတြင္ ရန္ကုန္ၿမိဳ႕မွ ၿမိတ္ၿမိဳ႕သို႔ ဖိုးသဲေမာင္းႏွင္ၿပီး သန္းထြန္းေအာင္(ခ)မဲႀကီး၊ ဇာနည္ဦး(ခ)စိန္သူႏွင့္ ျမတ္သူ(ခ)ဘုႀကီးတို႔လိုက္ပါလာေသာ MITSUBISHI FUSO ခရီးသည္တင္မွန္လုံယာဥ္ကို သတင္းအရရွာေဖြခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ထိုသို႔ ရွာေဖြရာ ယာဥ္ေပၚပါ ပလပ္စတစ္ျခင္း (၆)ျခင္းအတြင္းမွ ေဒသကာလတန္ဖိုးေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁ဝ ဒသမ ၃)သိန္းႏွင့္ အိုက္စ္(မက္သ္အဖက္တမင္း) ၂ ကီလိုတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါဖမ္းမိေသာ မူးယစ္ေဆးဝါးမ်ားကို ရန္ကုန္တိုင္းမွတနသၤာရီတိုင္းသို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ ၎တို႔အား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.