KNDF နှင့်အပေါင်းပါများမှ ပအိုဝ်းပြည်သူများနှင့်သံဃာတော်များကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်သည့် လုပ်ရပ်အပေါ် PNO ပြင်းထန်စွာကန့်ကွက်

 950

NP News - မတ် ၁၅

KNDF နှင့်အပေါင်းပါများမှ အပြစ်မဲ့ဒေသခံ ပအိုဝ်းပြည်သူများနှင့်သံဃာတော်များအား အစုလိုက် အပြုံလိုက်သတ်ဖြတ်သည့်လုပ်ရပ်အပေါ် PNO က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က မတ်လ ၁၄ ရက်တွင် သဘောထားကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းကာ ကန့်ကွက်ရှုတ်ချထားခြင်းဖြစ်သည်။

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် အထူးဒေသ(၆)နယ်မြေဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ လုံးပြင်ကျေးရွာအုပ်စုအတွင်း ပအိုဝ်းလူမျိုးများနေထိုင်သည့် တောင်မဲသင်းရွာ၊ လုံးပြင်ရွာ၊ ပင်ပွံရွာနှင့် နန်းနိန်ရွာအတွင်းသို့ KNDF နှင့်အပေါင်းပါအဖွဲ့အစည်းများက ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း PNO က ဆိုသည်။

၎င်းအဖွဲ့များအနေဖြင့် ထိုသို့ကျူးကျော်ဝင်ရောက်လာပြီး စစ်တလင်းနယ်မြေအဖြစ် ဖန်တီးကာ အပြစ်မဲ့ဒေသခံ ပအိုဝ်းပြည်သူများကို လူသားဒိုင်းကာဓါးစာခံအဖြစ်လည်းကောင်း၊ ဒေသခံများ၏ နေအိမ်များနှင့်ဘာသာရေးအဆောက်အဦးများကို ကာဗာကျင်းအဖြစ်လည်းကောင်း အသုံးပြုကာ ဒေသခံများ၏ ဥစ္စာ ပစ္စည်းများကိုလည်း အတင်းအဓမ္မယူဆောင်သွားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် KNDF နှင့်အပေါင်းပါအဖွဲ့အစည်းများသည် တောင်မဲသင်းရွာနှင့်နန်းနိန်ရွာရှိ အပြစ်မဲ့ဒေသခံ ပအိုဝ်းပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ နန်းနိန်ရွာရှိ လူနေအိမ်များနှင့် ဘာသာရေးအ ဆောက်အဦးများကို မီးရှို့ဖျက်ဆီးခြင်း၊ နန်းနိန်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်(၃)ပါးအား သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း PNO က ပြောသည်။

၎င်းအဖွဲ့များအနေဖြင့် လူမျိုးရေးပြဿနာနှင့် ဘာသာရေးပြဿနာများဖြစ်ပွားရန် လုပ်ကြံဖန်တီးကာ အကြမ်းဖက်သည့် လုပ်ရပ်များကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ဆိုသည်။

ထို့ကြောင့် KNDF နှင့် အပေါင်းပါအဖွဲ့အစည်းများ၏ လူသားမဆန်သည့်လုပ်ရပ်များကို ပြင်းထန်စွာကန့် ကွက်ရှုတ်ချကြောင်း PNO က ကြေညာထားသည်။

PNO အနေဖြင့် အထူးဒေသ(၆) နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ဘဝ လုံခြုံရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့ကို ဆက်လက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

ထို့ပြင် လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာများ မဖြစ်ပွားစေရန်နှင့် စစ်တလင်းနယ်မြေအဖြစ် ထပ်မံမဖြစ်ပွားစေရန် ပအိုဝ်းနှင့်အတူနေ ညီနောင်တိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းကာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

zawgyi version
KNDF ႏွင့္အေပါင္းပါမ်ားမွ ပအိုဝ္းျပည္သူမ်ားႏွင့္သံဃာေတာ္မ်ားကို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္သည့္ လုပ္ရပ္အေပၚ PNO ျပင္းထန္စြာကန႔္ကြက္

NP News - မတ္ ၁၅

KNDF ႏွင့္အေပါင္းပါမ်ားမွ အျပစ္မဲ့ေဒသခံ ပအိုဝ္းျပည္သူမ်ားႏွင့္သံဃာေတာ္မ်ားအား အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္သည့္လုပ္ရပ္အေပၚ PNO က ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ထားသည္။

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)က မတ္လ ၁၄ ရက္တြင္ သေဘာထားေၾကညာခ်က္ထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းကာ ကန႔္ကြက္ရႈတ္ခ်ထားျခင္းျဖစ္သည္။

၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ အထူးေဒသ(၆)နယ္ေျမျဖစ္သည့္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္၊ လုံးျပင္ေက်း႐ြာအုပ္စုအတြင္း ပအိုဝ္းလူမ်ိဳးမ်ားေနထိုင္သည့္ ေတာင္မဲသင္း႐ြာ၊ လုံးျပင္႐ြာ၊ ပင္ပြံ႐ြာႏွင့္ နန္းနိန္႐ြာအတြင္းသို႔ KNDF ႏွင့္အေပါင္းပါအဖြဲ႕အစည္းမ်ားက က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ေၾကာင္း PNO က ဆိုသည္။

၎အဖြဲ႕မ်ားအေနျဖင့္ ထိုသို႔က်ဴးေက်ာ္ဝင္ေရာက္လာၿပီး စစ္တလင္းနယ္ေျမအျဖစ္ ဖန္တီးကာ အျပစ္မဲ့ေဒသခံ ပအိုဝ္းျပည္သူမ်ားကို လူသားဒိုင္းကာဓါးစာခံအျဖစ္လည္းေကာင္း၊ ေဒသခံမ်ား၏ ေနအိမ္မ်ားႏွင့္ဘာသာေရးအေဆာက္အဦးမ်ားကို ကာဗာက်င္းအျဖစ္လည္းေကာင္း အသုံးျပဳကာ ေဒသခံမ်ား၏ ဥစၥာ ပစၥည္းမ်ားကိုလည္း အတင္းအဓမၼယူေဆာင္သြားခဲ့သည္ဟု ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ KNDF ႏွင့္အေပါင္းပါအဖြဲ႕အစည္းမ်ားသည္ ေတာင္မဲသင္း႐ြာႏွင့္နန္းနိန္႐ြာရွိ အျပစ္မဲ့ေဒသခံ ပအိုဝ္းျပည္သူမ်ားအား အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ျခင္း၊ နန္းနိန္႐ြာရွိ လူေနအိမ္မ်ားႏွင့္ ဘာသာေရးအ ေဆာက္အဦးမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ နန္းနိန္ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္အပါအဝင္ သံဃာေတာ္(၃)ပါးအား သတ္ျဖတ္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့ေၾကာင္း PNO က ေျပာသည္။

၎အဖြဲ႕မ်ားအေနျဖင့္ လူမ်ိဳးေရးျပႆနာႏွင့္ ဘာသာေရးျပႆနာမ်ားျဖစ္ပြားရန္ လုပ္ႀကံဖန္တီးကာ အၾကမ္းဖက္သည့္ လုပ္ရပ္မ်ားကိုလည္း ရည္႐ြယ္ခ်က္ရွိရွိျဖင့္ လုပ္ေဆာင္ေနသည္ဟု ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္က ဆိုသည္။

ထို႔ေၾကာင့္ KNDF ႏွင့္ အေပါင္းပါအဖြဲ႕အစည္းမ်ား၏ လူသားမဆန္သည့္လုပ္ရပ္မ်ားကို ျပင္းထန္စြာကန႔္ ကြက္ရႈတ္ခ်ေၾကာင္း PNO က ေၾကညာထားသည္။

PNO အေနျဖင့္ အထူးေဒသ(၆) နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ ျပည္သူလူထု၏ဘဝ လုံၿခဳံေရးႏွင့္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးတို႔ကို ဆက္လက္အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ လူမ်ိဳးေရးျပႆနာ၊ ဘာသာေရးျပႆနာမ်ား မျဖစ္ပြားေစရန္ႏွင့္ စစ္တလင္းနယ္ေျမအျဖစ္ ထပ္မံမျဖစ္ပြားေစရန္ ပအိုဝ္းႏွင့္အတူေန ညီေနာင္တိုင္းရင္းသားမ်ားအေနျဖင့္ ဝိုင္းဝန္းႀကိဳးပမ္းကာ ပူးေပါင္းေဆာင္႐ြက္သြားရန္လည္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္က တိုက္တြန္းထားသည္။

Picture

MgThetlin

15/03/2023 20:06

အကြမ်းဖက်သမားတွေမရှိရင်ကောင်းပါတယ်ရက်ကွက်ထဲကလူမိုက်လူရမ်းကားတွေမရှိရင်ပိုတောင်ကောင်းသေးတယ်

Related news

© 2021. All rights reserved.