ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ ရဲတပ်ဖွဲ့ပြော

 364

ဂျန်ဇက် (NP News) - မတ် ၁၆

ပါကစ္စတန်ရဲတပ်ဖွဲ့ဟာ ဝန်ကြီးချုပ်ဟောင်း အီရန်ခန်းကို ဖမ်းဆီးဖို့ ထပ်မံကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပါကစ္စတန်ရဲတပ်ဖွဲ့ဟာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီရန်ခန်းကို ဖမ်းဆီးဖို့ အကြိမ်များစွာ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ အီရန်ခန်းကို အားပေးထောက်ခံသူများနဲ့သာ ထိပ်တိုက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ လာဟိုးမြို့ တရားရုံးချုပ်ဟာ အီရန်ခန်းကို ဖမ်းဆီးဖို့ ရွှေ့ဆိုင်းထားပေမယ့်လည်း လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့က အီရန်ခန်းကို ပြန်လည်ဖမ်းဆီးဖို့ ကြိုးပမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။

အီရန်ခန်းဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ရှိခဲ့တယ်လို့ စွဲချက်တင်ခံရပြီး နောက် တရားရုံးကို လာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ရာ ဖမ်းဝရမ်းထုတ်ခံရတယ်လို့ သိရပါတယ်။ ပါကစ္စတန် ရဲတပ်ဖွဲ့ဟာ ဒီသီတင်းပတ်အစောပိုင်းက အီရန်ခန်းကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ရာ Tehreek-e-Insaf ပါတီက အီရန်ခန်း ကို ထောက်ခံသူများနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန်ပြည်သူများဟာ အီရန်ခန်းကို ဖမ်းဖို့ ဝရမ်းထုတ်ပြီးချိန်နောက်ပိုင်းကတည်းက အီရန်ခန်းရဲ့ နေအိမ် အရှေ့မှာ ဝန်းရံပိတ်ဆို့ထားရာ ဖမ်ဆီးဖို့လာရောက်တဲ့ ရဲများနဲ့ မကြာခဏထိပ်တိုက်တွေ့ဆုံနေပါတယ်။ ရဲတပ်ဖွဲ့ ဟာ အီရန်ခန်းခြံရှေ့ရှိ ပိတ်ဆို့ထားသူများကို မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြုကာ ဖြိုခွင်းခဲ့သလို အီရန်ခန်းကို ထောက်ခံသူများက တုတ်များ၊ ကျောက်တုံးများနဲ့ ပြန်လည်ခုခံခဲ့ကြောင်း သိရပါတယ်။

အီရန်ခန်းဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရကာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ရာထူးမှ ဖြုတ်ချခံရကြောင်း သိရပါတယ်။ အီရန်ခန်းဟာ ရာထူးက ဖြုတ်ချခံရပြီးနောက် နိုင်ငံပိုင်ပစ္စည်းများကို ရောင်းချခဲ့ တယ်လို့ စွပ်စွဲခံရပြီး အကျင့်ပျက်ခြစားခဲ့တယ်လို့ စွဲချက်တင်ခံထားရပါတယ်။ အီရန်ခန်းဟာ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို စောစီးစွာကျင်းပနိုင်ဖို့ နိုင်ငံအတွင်း ဆန္ဒပြပွဲများကိုဦးဆောင်ရာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လူထု အစည်းအဝေးတစ်ခုအတွင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

Zawgyi Version;
ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္းကို ဖမ္းဆီးဖို႔ ထပ္မံႀကိဳးပမ္းသြားမယ္လို႔ ရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၆

ပါကစၥတန္ရဲတပ္ဖြဲ႕ဟာ ဝန္ႀကီးခ်ဳပ္ေဟာင္း အီရန္ခန္းကို ဖမ္းဆီးဖို႔ ထပ္မံႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ပါကစၥတန္ရဲတပ္ဖြဲ႕ဟာ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း အီရန္ခန္းကို ဖမ္းဆီးဖို႔ အႀကိမ္မ်ားစြာ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ဘဲ အီရန္ခန္းကို အားေပးေထာက္ခံသူမ်ားနဲ႔သာ ထိပ္တိုက္ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။ လာဟိုးၿမိဳ႕ တရား႐ုံးခ်ဳပ္ဟာ အီရန္ခန္းကို ဖမ္းဆီးဖို႔ ေ႐ႊ႕ဆိုင္းထားေပမယ့္လည္း လက္ရွိအခ်ိန္မွာ ရဲတပ္ဖြဲ႕က အီရန္ခန္းကို ျပန္လည္ဖမ္းဆီးဖို႔ ႀကိဳးပမ္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။

အီရန္ခန္းဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း အက်င့္ပ်က္လာဘ္စားမႈေတြ ရွိခဲ့တယ္လို႔ စြဲခ်က္တင္ခံရၿပီး ေနာက္ တရား႐ုံးကို လာေရာက္ေျဖရွင္းဖို႔ ပ်က္ကြက္ခဲ့ရာ ဖမ္းဝရမ္းထုတ္ခံရတယ္လို႔ သိရပါတယ္။ ပါကစၥတန္ ရဲတပ္ဖြဲ႕ဟာ ဒီသီတင္းပတ္အေစာပိုင္းက အီရန္ခန္းကို ဖမ္းဆီးဖို႔ႀကိဳးပမ္းခဲ့ရာ Tehreek-e-Insaf ပါတီက အီရန္ခန္း ကို ေထာက္ခံသူမ်ားနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ေၾကာင္း သိရပါတယ္။

ပါကစၥတန္ျပည္သူမ်ားဟာ အီရန္ခန္းကို ဖမ္းဖို႔ ဝရမ္းထုတ္ၿပီးခ်ိန္ေနာက္ပိုင္းကတည္းက အီရန္ခန္းရဲ႕ ေနအိမ္ အေရွ႕မွာ ဝန္းရံပိတ္ဆို႔ထားရာ ဖမ္ဆီးဖို႔လာေရာက္တဲ့ ရဲမ်ားနဲ႔ မၾကာခဏထိပ္တိုက္ေတြ႕ဆုံေနပါတယ္။ ရဲတပ္ဖြဲ႕ ဟာ အီရန္ခန္းၿခံေရွ႕ရွိ ပိတ္ဆို႔ထားသူမ်ားကို မ်က္ရည္ယိုဗုံးမ်ား၊ မီးသတ္ပိုက္မ်ား အသုံးျပဳကာ ၿဖိဳခြင္းခဲ့သလို အီရန္ခန္းကို ေထာက္ခံသူမ်ားက တုတ္မ်ား၊ ေက်ာက္တုံးမ်ားနဲ႔ ျပန္လည္ခုခံခဲ့ေၾကာင္း သိရပါတယ္။

အီရန္ခန္းဟာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလမွာ အယုံအၾကည္မရွိ အဆိုတင္သြင္းခံရကာ မဲခြဲဆုံးျဖတ္ခဲ့ၿပီးေနာက္ ရာထူးမွ ျဖဳတ္ခ်ခံရေၾကာင္း သိရပါတယ္။ အီရန္ခန္းဟာ ရာထူးက ျဖဳတ္ခ်ခံရၿပီးေနာက္ ႏိုင္ငံပိုင္ပစၥည္းမ်ားကို ေရာင္းခ်ခဲ့ တယ္လို႔ စြပ္စြဲခံရၿပီး အက်င့္ပ်က္ျခစားခဲ့တယ္လို႔ စြဲခ်က္တင္ခံထားရပါတယ္။ အီရန္ခန္းဟာ လက္ရွိအခ်ိန္မွာ ေ႐ြးေကာက္ပြဲကို ေစာစီးစြာက်င္းပႏိုင္ဖို႔ ႏိုင္ငံအတြင္း ဆႏၵျပပြဲမ်ားကိုဦးေဆာင္ရာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက လူထု အစည္းအေဝးတစ္ခုအတြင္း ေသနတ္နဲ႔ ပစ္ခတ္ခံရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.