တရုတ်တိုက်ခိုက်ရေးသမားကို ပထမအချီအတွင်း အလဲထိုး အနိုင်ယူမယ်လို့ အောင်လအန်ဆန် ယုံကြည်နေ

 600

ဂျန်ဇက် (NP News) - မတ် ၁၆

နာမည်ကျော်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ ကချင်တိုင်းရင်းသားအောင်လအန်ဆန်က လာမယ့်ပွဲစဉ်အတွင်း ယှဉ်ပြိုင်ရမယ့် တရုတ်တိုက်ခိုက်ရေးသမား ဖန်ယောင်ကို ပထမအချီအတွင်း အလဲထိုး အနိုင်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောင်လအန်ဆန်ဟာ တရုတ်တိုက်ခိုက်ရေးသမား ဖန်ယောင်နဲ့ လာမယ့်မေလ ၅ ရက်မှာ အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်အတွင်း ထိုးသတ်မယ့် ONE Fight Night 10 ပွဲစဉ်အတွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ အောင်လအန်ဆန်ဟာ နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါကို ရှုံးနိမ့်ကာ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်များ စွန့်လွှတ်လိုက်ရပြီးနောက် ဝမ်းချန်ပီယံရှစ် တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ထိပ်ဆုံးနေရာကို ရောက်ရှိဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ ဂျပန်တိုက်ခိုက်ရေးသမားနဲ့ ဘရာဇီးတိုက်ခိုက်ရေး သမားတို့ကို ပထမအချီအတွင်း အလဲထိုး အနိုင်ယူနိုင်ခဲ့ပြီး၊ ဖန်ယောင်နဲ့ ပွဲမှာလည်း ပထမအချီအတွင်း အလဲထိုး အနိုင်ယူနိုင်တဲ့ တတိယမြောက်ပွဲဖြစ်လာစေဖို့ ကြိုးပမ်းနေပါတယ်။

၎င်းက "အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ တိုက်ခိုက်တဲ့ပွဲစဉ်တွေဟာ များသောအားဖြင့် သုံးချီအတွင်း အလဲထိုး အနိုင် ယူနိုင်ကြတယ်။ ကျွန်တော်ဟာ လာမယ့်ပွဲစဉ်မှာ အကောင်းဆုံးရလဒ်တွေ ရယူနိုင်ဖို့ အရာရာတိုင်း ကြိုးပမ်းနေပါ တယ်။ ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံးပုံစံမျိုးဖြစ်အောင် လုပ်နေတယ်။ လက်ရှိအချိန်အထိတော့ ကျွန်တော်ဟာ အကောင်းဆုံးပုံစံမျိုးမှာ ရှိနေတယ်" လို့ ပြောပါတယ်။

ဖန်ယောင်ကို ပထမအချီအတွင်း အလဲထိုးအနိုင်ယူနိုင်မယ်ဆိုပါက မြန်မာစပါးအုံးမြွေ လို့ ခေါ်ဆိုခံရတဲ့ အောင်လအန်ဆန်ဟာ မတူညီတဲ့ ပြိုင်ဘက် သုံးဦးကို ပထမအချီအတွင်း အလဲထိုး အနိုင်ယူနိုင်သူအဖြစ် သမိုင်းဝင် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။

Zawgyi Version;
တ႐ုတ္တိုက္ခိုက္ေရးသမားကို ပထမအခ်ီအတြင္း အလဲထိုး အႏိုင္ယူမယ္လို႔ ေအာင္လအန္ဆန္ ယုံၾကည္ေန
ဂ်န္ဇက္ (NP News) - မတ္ ၁၆

နာမည္ေက်ာ္တိုက္ခိုက္ေရးသမားတစ္ဦးျဖစ္တဲ့ ကခ်င္တိုင္းရင္းသားေအာင္လအန္ဆန္က လာမယ့္ပြဲစဥ္အတြင္း ယွဥ္ၿပိဳင္ရမယ့္ တ႐ုတ္တိုက္ခိုက္ေရးသမား ဖန္ေယာင္ကို ပထမအခ်ီအတြင္း အလဲထိုး အႏိုင္ယူႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေအာင္လအန္ဆန္ဟာ တ႐ုတ္တိုက္ခိုက္ေရးသမား ဖန္ေယာင္နဲ႔ လာမယ့္ေမလ ၅ ရက္မွာ အေမရိကန္ႏိုင္ငံ ကိုလိုရာဒိုျပည္နယ္အတြင္း ထိုးသတ္မယ့္ ONE Fight Night 10 ပြဲစဥ္အတြင္း ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ေအာင္လအန္ဆန္ဟာ နယ္သာလန္တိုက္ခိုက္ေရးသမား ဒီရစ္ဒါကို ရႈံးနိမ့္ကာ မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံခါးပတ္မ်ား စြန႔္လႊတ္လိုက္ရၿပီးေနာက္ ဝမ္းခ်န္ပီယံရွစ္ တိုက္ခိုက္ေရးၿပိဳင္ပြဲရဲ႕ မစ္ဒယ္ဝိတ္တန္းမွာ ထိပ္ဆုံးေနရာကို ေရာက္ရွိဖို႔ ႀကိဳးပမ္းေနသူျဖစ္ပါတယ္။

ေအာင္လအန္ဆန္ဟာ ေနာက္ဆုံးယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္ႏွစ္ပြဲမွာ ဂ်ပန္တိုက္ခိုက္ေရးသမားနဲ႔ ဘရာဇီးတိုက္ခိုက္ေရး သမားတို႔ကို ပထမအခ်ီအတြင္း အလဲထိုး အႏိုင္ယူႏိုင္ခဲ့ၿပီး၊ ဖန္ေယာင္နဲ႔ ပြဲမွာလည္း ပထမအခ်ီအတြင္း အလဲထိုး အႏိုင္ယူႏိုင္တဲ့ တတိယေျမာက္ပြဲျဖစ္လာေစဖို႔ ႀကိဳးပမ္းေနပါတယ္။

၎က "အႀကိတ္အနယ္ယွဥ္ၿပိဳင္ရတဲ့ တိုက္ခိုက္တဲ့ပြဲစဥ္ေတြဟာ မ်ားေသာအားျဖင့္ သုံးခ်ီအတြင္း အလဲထိုး အႏိုင္ ယူႏိုင္ၾကတယ္။ ကြၽန္ေတာ္ဟာ လာမယ့္ပြဲစဥ္မွာ အေကာင္းဆုံးရလဒ္ေတြ ရယူႏိုင္ဖို႔ အရာရာတိုင္း ႀကိဳးပမ္းေနပါ တယ္။ ကြၽန္ေတာ္ရဲ႕ခႏၶာကိုယ္ကိုလည္း အေကာင္းဆုံးပုံစံမ်ိဳးျဖစ္ေအာင္ လုပ္ေနတယ္။ လက္ရွိအခ်ိန္အထိေတာ့ ကြၽန္ေတာ္ဟာ အေကာင္းဆုံးပုံစံမ်ိဳးမွာ ရွိေနတယ္" လို႔ ေျပာပါတယ္။

ဖန္ေယာင္ကို ပထမအခ်ီအတြင္း အလဲထိုးအႏိုင္ယူႏိုင္မယ္ဆိုပါက ျမန္မာစပါးအုံးေႁမြ လို႔ ေခၚဆိုခံရတဲ့ ေအာင္လအန္ဆန္ဟာ မတူညီတဲ့ ၿပိဳင္ဘက္ သုံးဦးကို ပထမအခ်ီအတြင္း အလဲထိုး အႏိုင္ယူႏိုင္သူအျဖစ္ သမိုင္းဝင္ စံခ်ိန္တင္ႏိုင္မွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.