EAO (၇)ဖွဲ့နှင့် နစက၏ NSPNC တို့ နေပြည်တော်၌ (၂)ရက်ကြာ အလွတ်သဘောတွေ့ဆုံဆွေးနွေးမည်

 1710

မျိုးကြီး (NP News) - မတ် ၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် EAO(၇) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်၌ (၂)ရက်ကြာ အလွတ်သဘောတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်၌ ယခု မတ်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်း EAO (၇)ဖွဲ့ ၏အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကိုပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPNC နှင့် RCSS၊ PNLO၊ ALP၊ DKBA၊ KNU/KNLA PC၊ LDU၊ NMSP လက်နက်ကိုင်(၇)ဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရားဝင်ဆွေးနွေးပွဲများ မကျင်းပနိုင်မီအချိန်တွင် အလွတ်သ ဘော ဆွေးနွေးရေးအဖွဲ့များမှ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မည့်အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းပြီးနောက် တရားဝင်ဆွေးနွေးပွဲများသို့ တက်လှမ်းနိုင်သည့် Joint Ownership ကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။

အဆိုပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွင်း ပါတီစုံဒီမိုကရစီစနစ်ဖော်ဆောင်ရေးကိစ္စရပ်များ၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးတည် ဆောက်မည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ နစကလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်းဖိတ်ခေါ်မှုရှိခဲ့ပြီး ယင်းကဲ့သို့ဖိတ်ခေါ်မှုအပေါ် EAO (၁ဝ)ဖွဲ့က တက်ရောက်ဆွေးနွေးမှုများရှိခဲ့ကြောင်း တွေ့ရသည်။

zawgyi version
EAO (၇)ဖြဲ႕ႏွင့္ နစက၏ NSPNC တို႔ ေနျပည္ေတာ္၌ (၂)ရက္ၾကာ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမည္

မ်ိဳးႀကီး (NP News) - မတ္ ၁၈

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) လက္မွတ္ေရးထိုးထားသည့္ EAO(၇) ဖြဲ႕ ႏွင့္ NSPNC တို႔ ေနျပည္ေတာ္၌ (၂)ရက္ၾကာ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္၌ ယခု မတ္လ ၂၈ ရက္ႏွင့္ ၂၉ ရက္တို႔တြင္ ႏွစ္ရက္ၾကာ ေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ ေၾကာင္း EAO (၇)ဖြဲ႕ ၏အလြတ္သေဘာေဆြးေႏြးညႇိႏႈိင္းေရးအဖြဲ႕မွေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကိုေျပာသည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ NSPNC ႏွင့္ RCSS၊ PNLO၊ ALP၊ DKBA၊ KNU/KNLA PC၊ LDU၊ NMSP လက္နက္ကိုင္(၇)ဖြဲ႕တို႔ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးၾကမည္ျဖစ္သည္။

ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ တရားဝင္ေဆြးေႏြးပြဲမ်ား မက်င္းပႏိုင္မီအခ်ိန္တြင္ အလြတ္သ ေဘာ ေဆြးေႏြးေရးအဖြဲ႕မ်ားမွ ႏွစ္ဖက္စလုံးအတြက္ အဆင္ေျပႏိုင္မည့္အေၾကာင္းအရာမ်ားကို ေဆြးေႏြးညႇိႏႈိင္းၿပီးေနာက္ တရားဝင္ေဆြးေႏြးပြဲမ်ားသို႔ တက္လွမ္းႏိုင္သည့္ Joint Ownership ကို ျပန္လည္အေကာင္အထည္ေဖာ္ႏိုင္ရန္ ရည္မွန္းထားေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆိုသည္။

အဆိုပါ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲအတြင္း ပါတီစုံဒီမိုကရစီစနစ္ေဖာ္ေဆာင္ေရးကိစၥရပ္မ်ား၊ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္မည့္ ကိစၥရပ္မ်ား၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးတည္ ေဆာက္မည့္ ကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးသြားရန္ရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

လက္ရွိ နစကလက္ထက္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႏိုင္ငံအတြင္းရွိ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ားကို ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္းဖိတ္ေခၚမႈရွိခဲ့ၿပီး ယင္းကဲ့သို႔ဖိတ္ေခၚမႈအေပၚ EAO (၁ဝ)ဖြဲ႕က တက္ေရာက္ေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.