အင်ဒိုနီးရှားနဲ့ ထိုင်းခရီးစဉ်အတွင်း မြန်မာနိုင်ငံရေးအခက်အခဲဖြေရှင်းနိုင်ရေးကို အဓိကထားဆွေးနွေးမယ်လို့ ဒဲရက်ချိုလက် ပြော

 564

ဂျန်ဇက် (NP News) - မတ် ၂ဝ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးအကြံပေးဖြစ်သူ ဒဲရက်ချိုလက်က ဒီသီတင်းပတ်အတွင်း အာဆီယံ ဒေသကို ချစ်ကြည်ရေးခရီးသွားရောက်ချိန်အတွင်း မြန်မာနိုင်ငံရေးအခက်အခဲနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒဲရက်ချိုလက်ဟာ မတ်လ ၂ဝ ရက်မှ ၂၄ ရက်အထိ အာဆီယံဒေသအတွင်း နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုဟာ အချိန်အားဖြင့် ၄ လနီးပါးရှိလာချိန်မှာ ဒဲရက်ချိုလက် က အာဆီယံဒေသနိုင်ငံများကို ထပ်မံလာရောက်ခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ဟာ မတ်လ ၈ ရက်နဲ့ ၉ ရက်တို့မှာ အင်ဒိုနီးရှားနိုင်ငံကို လာရောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒဲရက်ချိုလက်ဟာ အာဆီယံနဲ့ပတ်သက်တဲ့ကိစ္စအားလုံးကို အင်ဒိုနီးရှားနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက "ဒဲရက်ချိုလက်ဟာ အာဆီယံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ကတိတွေ အကောင်အထည်ဖော်ဖို့၊ မိတ်ဖက်နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လုံခြုံရေးကိစ္စတွေကို ကူညီထောက်ပံ့ပေးဖို့ ဆွေးနွေးသွားမှာပါ" လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒဲရက်ချိုလက်က "အာဆီယံဟာ အချို့အချိန်တွေမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အာဆီယံဟာ လိုချင်တဲ့လမ်းကြောင်းအတိုင်း ရပ်တည်နိုင်မယ်လို့ထင်ပါတယ်" လို့ ပြောပါတယ်။

ဒဲရက်ချိုလက်ဟာ ထိုင်းအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံရေးအခြေအနေဖြေရှင်းနိုင်အောင် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်စေဖို့၊ ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဖို့၊ ထိုင်းနဲ့ အမေရိကန်ကြားမဟာမိတ်ဖြစ်မှုများအတွက် အမေရိကန်ရဲ့ကတိတွေ အကောင်အထည်ဖော်ရေးကိစ္စများကို ဆွေးနွေးဖွယ်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားနဲ႔ ထိုင္းခရီးစဥ္အတြင္း ျမန္မာႏိုင္ငံေရးအခက္အခဲေျဖရွင္းႏိုင္ေရးကို အဓိကထားေဆြးေႏြးမယ္လို႔ ဒဲရက္ခ်ိဳလက္ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂ဝ

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အထူးအႀကံေပးျဖစ္သူ ဒဲရက္ခ်ိဳလက္က ဒီသီတင္းပတ္အတြင္း အာဆီယံ ေဒသကို ခ်စ္ၾကည္ေရးခရီးသြားေရာက္ခ်ိန္အတြင္း ျမန္မာႏိုင္ငံေရးအခက္အခဲနဲ႔ပတ္သက္ၿပီး အဓိကထား ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဒဲရက္ခ်ိဳလက္ဟာ မတ္လ ၂ဝ ရက္မွ ၂၄ ရက္အထိ အာဆီယံေဒသအတြင္း ႏိုင္ငံမ်ားျဖစ္တဲ့ အင္ဒိုနီးရွားနဲ႔ ထိုင္းႏိုင္ငံတို႔ကို သြားေရာက္မွာျဖစ္ပါတယ္။ အင္ဒိုနီးရွားဟာ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူမႈဟာ အခ်ိန္အားျဖင့္ ၄ လနီးပါးရွိလာခ်ိန္မွာ ဒဲရက္ခ်ိဳလက္ က အာဆီယံေဒသႏိုင္ငံမ်ားကို ထပ္မံလာေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Daniel Kritenbrink ဟာ မတ္လ ၈ ရက္နဲ႔ ၉ ရက္တို႔မွာ အင္ဒိုနီးရွားႏိုင္ငံကို လာေရာက္ခဲ့ဖူးတယ္လို႔ သိရပါတယ္။

ဒဲရက္ခ်ိဳလက္ဟာ အာဆီယံနဲ႔ပတ္သက္တဲ့ကိစၥအားလုံးကို အင္ဒိုနီးရွားနဲ႔ ေတြ႕ဆုံေဆြးေႏြးမွာျဖစ္ၿပီး၊ အထူးသျဖင့္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ကိစၥေတြကို ေဆြးေႏြးမွာျဖစ္ေၾကာင္း ေျပာပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ဒဲရက္ခ်ိဳလက္ဟာ အာဆီယံအေပၚထားရွိတဲ့ အေမရိကန္ရဲ႕ကတိေတြ အေကာင္အထည္ေဖာ္ဖို႔၊ မိတ္ဖက္ႏိုင္ငံေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ လုံၿခဳံေရးကိစၥေတြကို ကူညီေထာက္ပံ့ေပးဖို႔ ေဆြးေႏြးသြားမွာပါ" လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဒဲရက္ခ်ိဳလက္က "အာဆီယံဟာ အခ်ိဳ႕အခ်ိန္ေတြမွာ ႀကီးမားတဲ့စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္။ အာဆီယံဟာ လိုခ်င္တဲ့လမ္းေၾကာင္းအတိုင္း ရပ္တည္ႏိုင္မယ္လို႔ထင္ပါတယ္" လို႔ ေျပာပါတယ္။

ဒဲရက္ခ်ိဳလက္ဟာ ထိုင္းအစိုးရတာဝန္ရွိသူမ်ားနဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ျမန္မာႏိုင္ငံေရးအေျခအေနေျဖရွင္းႏိုင္ေအာင္ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုေကာင္းမြန္ေစဖို႔၊ က်န္းမာေရး၊ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာကိစၥေတြ ပူးေပါင္းေဆာင္႐ြက္မႈတိုးခ်ဲ႕ဖို႔၊ ထိုင္းနဲ႔ အေမရိကန္ၾကားမဟာမိတ္ျဖစ္မႈမ်ားအတြက္ အေမရိကန္ရဲ႕ကတိေတြ အေကာင္အထည္ေဖာ္ေရးကိစၥမ်ားကို ေဆြးေႏြးဖြယ္ရွိေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.