ထိုင်းလွှတ်တော်ကို ဖျက်သိမ်းဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အမိန့်ထုတ်ပြန်

961

ဂျန်ဇက် (NP News) - မတ် ၂ဝ
ထိုင်းနိုင်ငံမှာ လာမယ့် မေလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း၊ မတ်လ ၂ဝ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ လွှတ်တော်ဖျက်သိမ်းဖို့ နဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စများကို ထိုင်းဘုရင့်ထံ တင်ပြခဲ့ပြီး နောက် ရက်ပိုင်းအကြာမှာ လွှတ်တော်ကို မတ်လ ၂ဝ ရက်မှာ ဖျက်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Wissanu Krea-ngam က ထိုင်းဘုရင့်နန်းတော်က လွှတ်တော်ဖျက်သိမ်းကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီးချိန်မှာတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို တရားဝင်ကြေညာသွားမှာဖြစ် တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကို လာမယ့် မေလ ၇ ရက် ဒါမှမဟုတ် ၁၄ ရက်တို့မှာ ကျင်းပ ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပေမယ့်လည်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခြင်း မရှိ သေးပါဘူးလို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်က တရားဝင်သတင်းထုတ်ပြန်ပြီးချိန်မှာသာ ရွေးကောက်ပွဲကျင်းပမယ့် အတိအကျသိရမှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုမှာ အဓိကဦးဆောင်သူဖြစ်ခဲ့ပြီး၊ စစ်ဘက်မှ အရပ်ဘက်ပြောင်းကာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသူဖြစ်ပါတယ်။
၎င်းဟာ လာမယ့်ရွေးကောက်ပွဲမှာ အသစ်ဖွဲ့စည်းတည်ထောင်ထားတဲ့ United Thai Nation (UTN)ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများအပြား ရယူနိုင်ချေနည်းပါးပေမယ့်လည်း ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ ပါဝင်နိုင်ချေများတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ထိုင်းနိုင်ငံရေးပါတီများဟာ ရွေးကောက်ပွဲမတိုင် မဲဆွယ်ပွဲများ လုပ်ဆောင်လျက်ရှိနေရာ နောက်ဆုံးပြုလုပ်ခဲ့တဲ့စစ်တမ်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဦးဆောင်တဲ့ ဖြူထိုင်းပါတီက အလားအလာကောင်းများ ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ အမိန႔္ထုတ္ျပန္
ဂ်န္ဇက္ (NP News) - မတ္ ၂ဝ
ထိုင္းႏိုင္ငံမွာ လာမယ့္ ေမလအတြင္း က်င္းပမယ့္ ေ႐ြးေကာက္ပြဲမတိုင္ခင္ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာဟာ ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း၊ မတ္လ ၂ဝ ရက္မွာ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ဟာ လႊတ္ေတာ္ဖ်က္သိမ္းဖို႔ နဲ႔ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ကိစၥမ်ားကို ထိုင္းဘုရင့္ထံ တင္ျပခဲ့ၿပီး ေနာက္ ရက္ပိုင္းအၾကာမွာ လႊတ္ေတာ္ကို မတ္လ ၂ဝ ရက္မွာ ဖ်က္သိမ္းေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။
ထိုင္းအစိုးရေျပာေရးဆိုခြင့္ရွိသူ Wissanu Krea-ngam က ထိုင္းဘုရင့္နန္းေတာ္က လႊတ္ေတာ္ဖ်က္သိမ္းေၾကာင္း တရားဝင္ သတင္းထုတ္ျပန္ခဲ့ၿပီးခ်ိန္မွာေတာ့ ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္ကို တရားဝင္ေၾကညာသြားမွာျဖစ္ တယ္လို႔ ေျပာပါတယ္။ ထိုင္းႏိုင္ငံမွာ ေ႐ြးေကာက္ပြဲကို လာမယ့္ ေမလ ၇ ရက္ ဒါမွမဟုတ္ ၁၄ ရက္တို႔မွာ က်င္းပ ဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနေပမယ့္လည္း ေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ျခင္း မရွိ ေသးပါဘူးလို႔ သိရပါတယ္။
ေ႐ြးေကာက္ပြဲေကာ္မရွင္က တရားဝင္သတင္းထုတ္ျပန္ၿပီးခ်ိန္မွာသာ ေ႐ြးေကာက္ပြဲက်င္းပမယ့္ အတိအက်သိရမွာျဖစ္ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာဟာ ၂ဝ၁၄ ခုႏွစ္က ထိုင္းႏိုင္ငံမွာ ျဖစ္ေပၚခဲ့တဲ့ စစ္အာဏာသိမ္းမႈမွာ အဓိကဦးေဆာင္သူျဖစ္ခဲ့ၿပီး၊ စစ္ဘက္မွ အရပ္ဘက္ေျပာင္းကာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူေနသူျဖစ္ပါတယ္။
၎ဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ အသစ္ဖြဲ႕စည္းတည္ေထာင္ထားတဲ့ United Thai Nation (UTN)ပါတီ ကိုယ္စားျပဳ ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ပါတီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ေနရာ အမ်ားအျပား ရယူႏိုင္ေခ်နည္းပါးေပမယ့္လည္း ၫႊန႔္ေပါင္းအစိုးရအဖြဲ႕မွာ ပါဝင္ႏိုင္ေခ်မ်ားတယ္လို႔ သုံးသပ္မႈေတြ ရွိေနပါတယ္။
ထိုင္းႏိုင္ငံေရးပါတီမ်ားဟာ ေ႐ြးေကာက္ပြဲမတိုင္ မဲဆြယ္ပြဲမ်ား လုပ္ေဆာင္လ်က္ရွိေနရာ ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့စစ္တမ္းမွာ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးဦးေဆာင္တဲ့ ျဖဴထိုင္းပါတီက အလားအလာေကာင္းမ်ား ရွိေနေၾကာင္း သိရပါတယ္။