ငါးများအတွက် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သည့် အားဖြည့်အမှုန့်များကို စီးပွား‌ဖြစ်ထုတ်လုပ်ရန် လိုအပ်ဟုဆို

 502

ယွန်း (NP News) - မတ် ၂ဝ

ငါးများအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့်များကို စီးပွားဖြစ်ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာချာလီသန်းက မတ်လ(၁၉)ရက်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ သုတေသနဌာနသို့ သွားရောက်လေ့လာစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ငါးများအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သည့် အားဖြည့်အမှုန်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို လျင်လျင်မြန်မြန် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ထို့ပြင် ထုတ်လုပ်လိုက်သည့် အားဖြည့်အမှုန်များသည် ငါးများအတွက် အမှန်တကယ် အကျိုးထိရောက်မှု ရှိ၊ မရှိကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားဖြည့်အမှုန်များ စမ်းသပ်နေသည့် လုပ်ငန်းစဥ်များကို အောက်တိုဘာလတွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် MSMEs လုပ်ငန်းရှင်များ FDA လိုင်စင်ရရှိရေးအတွက် ၎င်းတို့၏ ထုတ်ကုန်များကို စားသောက် ကုန် ဓာတုဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန် ကြီးက အသိပေးပြောဆိုထားသည်။

ကမ္ဘာ့ငါးမွေးမြူထုတ်လုပ်သည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် အဆင့်(၈)နေရာတွင် ရပ်တည်လျက်ရှိပြီး နှစ်အလိုက် ငါးထုတ်လုပ်မှုတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၃ ဒသမ ၅၄ သန်း ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကို ငါးလုပ်ငန်းကဏ္ဍက အ ထောက်အကူပြု ဖြည့်ဆည်းပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်ပသို့ငါးတင်ပို့မှုသည် ထုတ်လုပ်မှု၏ ၁ဝ ရာခိုင်နှုန်းခန့်သာရှိကြောင်းသိရသည်။

zawgyi version
ငါးမ်ားအတြက္ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား ပါဝင္သည့္ အားျဖည့္အမႈန႔္မ်ားကို စီးပြား‌ျဖစ္ထုတ္လုပ္ရန္ လိုအပ္ဟုဆို
ယြန္း (NP News) - မတ္ ၂ဝ

ငါးမ်ားအတြက္ လိုအပ္ေသာ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ားပါဝင္သည့္ အားျဖည့္အမႈန႔္မ်ားကို စီးပြားျဖစ္ထုတ္လုပ္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုထားသည္။

စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ‌ေဒါက္တာခ်ာလီသန္းက မတ္လ(၁၉)ရက္တြင္ ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ရွိ သုေတသနဌာနသို႔ သြားေရာက္ေလ့လာစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ငါးမ်ားအတြက္ လိုအပ္ေသာ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား ပါဝင္သည့္ အားျဖည့္အမႈန္မ်ားကို စီးပြားျဖစ္ထုတ္လုပ္ႏိုင္ေရးအတြက္ သုေတသနလုပ္ငန္းမ်ားကို လ်င္လ်င္ျမန္ျမန္ ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားထားသည္။

ထို႔ျပင္ ထုတ္လုပ္လိုက္သည့္ အားျဖည့္အမႈန္မ်ားသည္ ငါးမ်ားအတြက္ အမွန္တကယ္ အက်ိဳးထိေရာက္မႈ ရွိ၊ မရွိကို လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက သုေတသနလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အားျဖည့္အမႈန္မ်ား စမ္းသပ္ေနသည့္ လုပ္ငန္းစဥ္မ်ားကို ေအာက္တိုဘာလတြင္ ၿပီးစီးေအာင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ MSMEs လုပ္ငန္းရွင္မ်ား FDA လိုင္စင္ရရွိေရးအတြက္ ၎တို႔၏ ထုတ္ကုန္မ်ားကို စားေသာက္ ကုန္ ဓာတုဓာတ္ခြဲခန္းတြင္ ဓာတ္ခြဲစမ္းသပ္ျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ ႀကီးက အသိေပးေျပာဆိုထားသည္။

ကမာၻ႔ငါးေမြးျမဴထုတ္လုပ္သည့္ ႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံသည္ အဆင့္(၈)ေနရာတြင္ ရပ္တည္လ်က္ရွိၿပီး ႏွစ္အလိုက္ ငါးထုတ္လုပ္မႈတြင္ ၂ဝ၁၈-၂ဝ၁၉ ဘ႑ာႏွစ္တြင္ မက္ထရစ္တန္ခ်ိန္ ၃ ဒသမ ၅၄ သန္း ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံ ဂ်ီဒီပီ၏ ၂ ရာခိုင္ႏႈန္းကို ငါးလုပ္ငန္းက႑က အ ေထာက္အကူျပဳ ျဖည့္ဆည္းေပးလ်က္ရွိၿပီး ျမန္မာႏိုင္ငံ၏ ျပည္ပသို႔ငါးတင္ပို႔မႈသည္ ထုတ္လုပ္မႈ၏ ၁ဝ ရာခိုင္ႏႈန္းခန႔္သာရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.