မိုင်းခွဲခံရကာ ပျက်စီးနေသည့်လမ်းအား ရှောင်ကွင်းဖောက်လုပ်ထားသည့်လမ်းလွှဲ၌ ခရီးသည်ကြိုပို့ကား မိုင်းထိပေါက်ကွဲခဲ့ပြီး လူ(၃)ဦး ပွဲချင်းပြီးသေဆုံး

 2326

မျိုးကြီး (NP News) - မတ် ၂ဝ

မှိုင်းခွဲခံရကာ ပျက်စီးနေသည့်လမ်းအား ရှောင်ကွင်းဖောက်လုပ်ထားသည့်လမ်း၌ ခရီးသည်အကြိုအပို့ကားတစ်စီး မိုင်းထိပေါက်ကွဲခဲ့ပြီး လူ(၃)ဦးသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂ဝ ရက်)၊ နံနက် ၇ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ကုန်းကျေးရွာအကျော်ရှိ ကျောက်ကြီး-နတ်သံကွင်းကားလမ်း လမ်းလွှဲနေရာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ယဉ်လိုင်းကတော့ ဝင်းရတနာကား အကြိုအပို့ကားပေါ့။ အဲဒီကားနဲ့ ခရီးသည်(၄)ယောက်၊ ယဉ်မောင်းနဲ့ဆိုရင် (၅)ယောက်ပေါ့။ သွားရင်းနဲ့ လမ်းမှာ မိုင်းထိသွားတာပေါ့။ (၃)ယောက်သေပြီးတော့ (၂)ယောက်ဒဏ် ရာရတာပေါ့” ဟု အခင်းဖြစ်ပွားရာနေရာရှိ ကျောက်ကြီးမြို့ခံတစ်ဦးက NP News ကိုအတည်ပြုပြောဆိုထားသည်။

၎င်းဖြစ်စဉ်သည် မိုင်းထောင်ဖောက်ခွဲခံရမှုများကြောင့် ပျက်စီးနေသည့် လမ်း၊ တံတားအား ရှောင်ကွင်းကာ လယ်ကွင်းများအတွင်း ဖောက်လုပ်ထားသည့် လမ်းလွှဲတွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

“ညောင်ကုန်းရွာအကျော် လယ်ကွက်တွေထဲမှာလုပ်ထားတဲ့ လမ်းလွှဲမှာ မိုင်းထိတာ။ အပေါ်က လမ်းမကြီးက မိုင်းတွေ၊ ဘာတွေခွဲထားတော့ လမ်းတွေကမကောင်းဘူးလေ။ မကောင်းလို့ လမ်းလွှဲကနေ အဲဒီကိုသွားတဲ့အချိန်မှာ ထကွဲတာ” ဟု ကျောက်ကြီးမြို့ခံက ဆက်လက်ပြောသည်။

အဆိုပါ အကြိုအပို့ကားသည် ကျောက်ကြီးမြို့မှ ခရီးသည်များကို နတ်သံကွင်းရှိ Express ကားများရှိရာ ဂိတ်သို့ ပို့ဆောင်ပေးနေသည့် ကားတစ်စီးဖြစ်ကြောင်း သိရသည်။

“Express ကားတွေက နတ်သံကွင်းကနေ အကုန်လုံးထွက်ကြတယ်လေ။ အဲဒီကားတွေက ကျောက်ကြီးကနေ တိုက်ရိုက်မထွက်တော့ဘူး။ ကားကြီးတွေက လမ်းတွေ၊ တံတားတွေမှာ မိုင်းတွေခွဲထားလို့ သွားရတာအဆင်မပြေတော့ ကားအသေးလေတွေနဲ့ပဲ အကြိုအပို့လုပ်ပေးတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

အကြိုအပို့ကား မိုင်းထိပေါက်ကွဲမှုကြောင့် ကားခေါင်းခန်းအတွင်းရှိ ယာဉ်မောင်းနှင့် အမျိုးသားတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နောက်ခန်းရှိ ခရီးသည်(၃)ဦးသည် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ကျောက်မြို့ခံက ဆိုသည်။

ထိုသို့ ထိခိုက်သေဆုံးခဲ့သူများသည် အမျိုးသား(၂)ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းတို့သည် ကျောက် ကြီးမြို့နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။

zawgyi version
မိုင္းခြဲခံရကာ ပ်က္စီးေနသည့္လမ္းအား ေရွာင္ကြင္းေဖာက္လုပ္ထားသည့္လမ္းလႊဲ၌ ခရီးသည္ႀကိဳပို႔ကား မိုင္းထိေပါက္ကြဲခဲ့ၿပီး လူ(၃)ဦး ပြဲခ်င္းၿပီးေသဆုံး

မ်ိဳးႀကီး (NP News) - မတ္ ၂ဝ

မႈိင္းခြဲခံရကာ ပ်က္စီးေနသည့္လမ္းအား ေရွာင္ကြင္းေဖာက္လုပ္ထားသည့္လမ္း၌ ခရီးသည္အႀကိဳအပို႔ကားတစ္စီး မိုင္းထိေပါက္ကြဲခဲ့ၿပီး လူ(၃)ဦးသည္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂ဝ ရက္)၊ နံနက္ ၇ နာရီအခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေညာင္ကုန္းေက်း႐ြာအေက်ာ္ရွိ ေက်ာက္ႀကီး-နတ္သံကြင္းကားလမ္း လမ္းလႊဲေနရာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ယဥ္လိုင္းကေတာ့ ဝင္းရတနာကား အႀကိဳအပို႔ကားေပါ့။ အဲဒီကားနဲ႔ ခရီးသည္(၄)ေယာက္၊ ယဥ္ေမာင္းနဲ႔ဆိုရင္ (၅)ေယာက္ေပါ့။ သြားရင္းနဲ႔ လမ္းမွာ မိုင္းထိသြားတာေပါ့။ (၃)ေယာက္ေသၿပီးေတာ့ (၂)ေယာက္ဒဏ္ ရာရတာေပါ့” ဟု အခင္းျဖစ္ပြားရာေနရာရွိ ေက်ာက္ႀကီးၿမိဳ႕ခံတစ္ဦးက NP News ကိုအတည္ျပဳေျပာဆိုထားသည္။

၎ျဖစ္စဥ္သည္ မိုင္းေထာင္ေဖာက္ခြဲခံရမႈမ်ားေၾကာင့္ ပ်က္စီးေနသည့္ လမ္း၊ တံတားအား ေရွာင္ကြင္းကာ လယ္ကြင္းမ်ားအတြင္း ေဖာက္လုပ္ထားသည့္ လမ္းလႊဲတြင္ ျဖစ္ပြားခဲ့ျခင္းလည္း ျဖစ္သည္။

“ေညာင္ကုန္း႐ြာအေက်ာ္ လယ္ကြက္ေတြထဲမွာလုပ္ထားတဲ့ လမ္းလႊဲမွာ မိုင္းထိတာ။ အေပၚက လမ္းမႀကီးက မိုင္းေတြ၊ ဘာေတြခြဲထားေတာ့ လမ္းေတြကမေကာင္းဘူးေလ။ မေကာင္းလို႔ လမ္းလႊဲကေန အဲဒီကိုသြားတဲ့အခ်ိန္မွာ ထကြဲတာ” ဟု ေက်ာက္ႀကီးၿမိဳ႕ခံက ဆက္လက္ေျပာသည္။

အဆိုပါ အႀကိဳအပို႔ကားသည္ ေက်ာက္ႀကီးၿမိဳ႕မွ ခရီးသည္မ်ားကို နတ္သံကြင္းရွိ Express ကားမ်ားရွိရာ ဂိတ္သို႔ ပို႔ေဆာင္ေပးေနသည့္ ကားတစ္စီးျဖစ္ေၾကာင္း သိရသည္။

“Express ကားေတြက နတ္သံကြင္းကေန အကုန္လုံးထြက္ၾကတယ္ေလ။ အဲဒီကားေတြက ေက်ာက္ႀကီးကေန တိုက္႐ိုက္မထြက္ေတာ့ဘူး။ ကားႀကီးေတြက လမ္းေတြ၊ တံတားေတြမွာ မိုင္းေတြခြဲထားလို႔ သြားရတာအဆင္မေျပေတာ့ ကားအေသးေလေတြနဲ႔ပဲ အႀကိဳအပို႔လုပ္ေပးတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

အႀကိဳအပို႔ကား မိုင္းထိေပါက္ကြဲမႈေၾကာင့္ ကားေခါင္းခန္းအတြင္းရွိ ယာဥ္ေမာင္းႏွင့္ အမ်ိဳးသားတစ္ဦးတို႔မွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေနာက္ခန္းရွိ ခရီးသည္(၃)ဦးသည္ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း ေက်ာက္ၿမိဳ႕ခံက ဆိုသည္။

ထိုသို႔ ထိခိုက္ေသဆုံးခဲ့သူမ်ားသည္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ၎တို႔သည္ ေက်ာက္ ႀကီးၿမိဳ႕နယ္အတြင္း ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.