ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၊ ငလျင်ဘေးသင့်သူတွေအတွက် ဆောက်လုပ်ပေးထားတဲ့ ယာယီနေအိမ်စခန်းများစွာမှာ မုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပွားနေ

 389

ရောင်နီ (NP News) - မတ် ၂ဝ

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ မတ် ၁၈ နေ့၊ စနေနေ့နှောင်းပိုင်းက မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ ပြီးနောက် ရေကြီးမှုကြောင့် ငလျင်ဘေးသင့်သူတွေအတွက် ဆောက်လုပ်ထားတဲ့ ယာယီစခန်းဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။

အိုင်ဒီလက်ပြည်နယ် အနောက်ဘက် ကျေးလက်ဒေသမှာ ညတွင်းချင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရာနဲ့ချီသော အမိုးအကာများ ပျက်စီးခဲ့ပြီး ပျက်စီးမှု အများစုမှာ ဖေဖော်ဝါရီ ၆ ရက်က ငလျင်ဒဏ်မှ လွတ်မြောက် လာသူများအတွက် မကြာသေးမီကမှ တည်ဆောက်ပေးခဲ့တဲ့ အဆောက်အဦးတွေဖြစ်ပါတယ်။

White Helmets (ခေါ်) Syria Civil Defence ရဲ့အဆိုအရ အချို့သော နေရာတွေမှာ လမ်းသွားလို့မရအောင် အခြေ အနေဆိုးရွားနေတယ်လို့ သိရပါတယ်။ ဟာဖ်ဆာဂျက် နဲ့ ဘစ်မာရုန်မြို့များရှိ စခန်းများမှာ အမိုးအကာ အများ အပြား ရေမြုပ်နေပြီး အက်ဒ်ဝမ် ရွာရှိ ဈေးဆိုင်များ ပြိုကျခဲ့ကြောင်း ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ အလက်ပိုမြို့ အနောက်ဘက်နဲ့ အရှေ့မြောက်ပိုင်းရှိ ကျေးလက်ဒေသရှိ စခန်းများလည်း ပျက်စီးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။

“မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တဲပေါင်း ၇ဝဝ ကျော် ပျက်စီးခဲ့ပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်" လို့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးဌာနလက်ထောက်ညွှန်ကြားရေးမှူး မူနာအယ်လ်မူစတာဖာ က ပြောကြားခဲ့ပါ တယ်။ ယာယီတဲ အများစုကို လျင်မြန်စွာ ပြန်လည်ပြုပြင်ထားပေမယ့် ဆောင်းရာသီမုန်တိုင်းဒဏ်အတွက် သင့်လျော်သော အကာအကွယ်များ မရှိသေးကြောင်း ၎င်းက ဆိုပါတယ်။

“ဒုက္ခသည်တွေ ကြုံတွေ့ရတဲ့ အဖြစ်ဆိုးတွေကို စခန်းတွေမှာ ယာယီဝန်ဆောင်မှုတွေ ပေးခြင်းအားဖြင့် မဖြေရှင်း နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ အဖြစ်ဆိုးတွေက အဆုံးမရှိဘူး၊ နေထိုင်သူတွေကို အိမ်ထဲမှာ ဘေးကင်းစွာ နေထိုင်ခွင့် ဆုံးရှုံးသွားနိုင်ပါတယ်" လို့ ၄င်းက ထပ်လောင်းပြောကြားပါတယ်။

အဒ်ဝမ် ငလျင်ဘေးဒဏ်စခန်းမှ ဒါရိုက်တာ အဘူအဗ္ဗဒူလာရဲ့ပြောကြားချက်အရ အနိမ့်ပိုင်းဒေသ စခန်းများမှာ နေထိုင်ကြတဲ့ မိသားစုအများစုကို ဟာမာပြည်နယ် အနောက်ဘက် ကျေးလက်ဒေသရှိ ကွာလက်အယ်မာဒစ်မြို့သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရပါတယ်။

“မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စခန်းမှာနေထိုင်တဲ့ မိသားစု ၂၄ဝ ထဲက မိသားစု ၂၂၃ လောက်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေပါပြီ” “စခန်းအတွင်း နေထိုင်သူအားလုံးကို ယာယီဖြေရှင်းချက်အဖြစ် စခန်းအနီးရှိ ကျေးရွာများရှိ စာသင် ကျောင်းများနဲ့ ဗလီများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး စခန်းပြန်လည်တည်ဆောက်ရန်နဲ့ အရေးပေါ် အကူအညီများပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကျွန်ုပ်တို့အခြေအနေကို ထည့်သွင်းစဉ်းစားလျက်ရှိပါတယ်" လို့ ၄င်းက ပြောကြားခဲ့ပါတယ်။

မုန်တိုင်းထန်သော ရာသီဥတုဟာ မတ်လ ၁၉ ရက်၊ တနင်္ဂနွေနေ့ထိ ဆက်လက်တည်ရှိခဲ့ပြီး ဒေသအတွင်း အပူချိန်များ ကျဆင်းသွားဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါတယ်။

Zawgyi Version;
ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း၊ ငလ်င္ေဘးသင့္သူေတြအတြက္ ေဆာက္လုပ္ေပးထားတဲ့ ယာယီေနအိမ္စခန္းမ်ားစြာမွာ မုန္တိုင္းေၾကာင့္ ေရႀကီးမႈျဖစ္ပြားေန
ေရာင္နီ (NP News) - မတ္ ၂ဝ

ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ မတ္ ၁၈ ေန႔၊ စေနေန႔ေႏွာင္းပိုင္းက မုန္တိုင္းတစ္ခု ဝင္ေရာက္တိုက္ခတ္ခဲ့ ၿပီးေနာက္ ေရႀကီးမႈေၾကာင့္ ငလ်င္ေဘးသင့္သူေတြအတြက္ ေဆာက္လုပ္ထားတဲ့ ယာယီစခန္းဒါဇင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့ပါတယ္။

အိုင္ဒီလက္ျပည္နယ္ အေနာက္ဘက္ ေက်းလက္ေဒသမွာ ညတြင္းခ်င္း မိုးသည္းထန္စြာ႐ြာသြန္းခဲ့ျခင္းေၾကာင့္ ရာနဲ႔ခ်ီေသာ အမိုးအကာမ်ား ပ်က္စီးခဲ့ၿပီး ပ်က္စီးမႈ အမ်ားစုမွာ ေဖေဖာ္ဝါရီ ၆ ရက္က ငလ်င္ဒဏ္မွ လြတ္ေျမာက္ လာသူမ်ားအတြက္ မၾကာေသးမီကမွ တည္ေဆာက္ေပးခဲ့တဲ့ အေဆာက္အဦးေတြျဖစ္ပါတယ္။

White Helmets (ေခၚ) Syria Civil Defence ရဲ႕အဆိုအရ အခ်ိဳ႕ေသာ ေနရာေတြမွာ လမ္းသြားလို႔မရေအာင္ အေျခ အေနဆိုး႐ြားေနတယ္လို႔ သိရပါတယ္။ ဟာဖ္ဆာဂ်က္ နဲ႔ ဘစ္မာ႐ုန္ၿမိဳ႕မ်ားရွိ စခန္းမ်ားမွာ အမိုးအကာ အမ်ား အျပား ေရျမဳပ္ေနၿပီး အက္ဒ္ဝမ္ ႐ြာရွိ ေဈးဆိုင္မ်ား ၿပိဳက်ခဲ့ေၾကာင္း ဆီးရီးယား အရပ္ဘက္ကာကြယ္ေရးမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။ အလက္ပိုၿမိဳ႕ အေနာက္ဘက္နဲ႔ အေရွ႕ေျမာက္ပိုင္းရွိ ေက်းလက္ေဒသရွိ စခန္းမ်ားလည္း ပ်က္စီးမႈမ်ား ရွိခဲ့တယ္လို႔ သိရပါတယ္။

“မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ တဲေပါင္း ၇ဝဝ ေက်ာ္ ပ်က္စီးခဲ့ၿပီး ကေလးတစ္ဦး ထိခိုက္ဒဏ္ရာရရွိတယ္" လို႔ ဆီးရီးယား အရပ္ဘက္ကာကြယ္ေရးဌာနလက္ေထာက္ၫႊန္ၾကားေရးမႉး မူနာအယ္လ္မူစတာဖာ က ေျပာၾကားခဲ့ပါ တယ္။ ယာယီတဲ အမ်ားစုကို လ်င္ျမန္စြာ ျပန္လည္ျပဳျပင္ထားေပမယ့္ ေဆာင္းရာသီမုန္တိုင္းဒဏ္အတြက္ သင့္ေလ်ာ္ေသာ အကာအကြယ္မ်ား မရွိေသးေၾကာင္း ၎က ဆိုပါတယ္။

“ဒုကၡသည္ေတြ ႀကဳံေတြ႕ရတဲ့ အျဖစ္ဆိုးေတြကို စခန္းေတြမွာ ယာယီဝန္ေဆာင္မႈေတြ ေပးျခင္းအားျဖင့္ မေျဖရွင္း ႏိုင္ဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ အျဖစ္ဆိုးေတြက အဆုံးမရွိဘူး၊ ေနထိုင္သူေတြကို အိမ္ထဲမွာ ေဘးကင္းစြာ ေနထိုင္ခြင့္ ဆုံးရႈံးသြားႏိုင္ပါတယ္" လို႔ ၄င္းက ထပ္ေလာင္းေျပာၾကားပါတယ္။

အဒ္ဝမ္ ငလ်င္ေဘးဒဏ္စခန္းမွ ဒါ႐ိုက္တာ အဘူအဗၺဒူလာရဲ႕ေျပာၾကားခ်က္အရ အနိမ့္ပိုင္းေဒသ စခန္းမ်ားမွာ ေနထိုင္ၾကတဲ့ မိသားစုအမ်ားစုကို ဟာမာျပည္နယ္ အေနာက္ဘက္ ေက်းလက္ေဒသရွိ ကြာလက္အယ္မာဒစ္ၿမိဳ႕သို႔ ေ႐ႊ႕ေျပာင္းခဲ့ေၾကာင္း သိရပါတယ္။

“မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ စခန္းမွာေနထိုင္တဲ့ မိသားစု ၂၄ဝ ထဲက မိသားစု ၂၂၃ ေလာက္ဟာ အိုးမဲ့အိမ္မဲ့ ျဖစ္ေနပါၿပီ” “စခန္းအတြင္း ေနထိုင္သူအားလုံးကို ယာယီေျဖရွင္းခ်က္အျဖစ္ စခန္းအနီးရွိ ေက်း႐ြာမ်ားရွိ စာသင္ ေက်ာင္းမ်ားနဲ႔ ဗလီမ်ားသို႔ ေျပာင္းေ႐ႊ႕ေပးခဲ့ၿပီး စခန္းျပန္လည္တည္ေဆာက္ရန္နဲ႔ အေရးေပၚ အကူအညီမ်ားေပးရန္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားကလည္း ကြၽႏ္ုပ္တို႔အေျခအေနကို ထည့္သြင္းစဥ္းစားလ်က္ရွိပါတယ္" လို႔ ၄င္းက ေျပာၾကားခဲ့ပါတယ္။

မုန္တိုင္းထန္ေသာ ရာသီဥတုဟာ မတ္လ ၁၉ ရက္၊ တနဂၤေႏြေန႔ထိ ဆက္လက္တည္ရွိခဲ့ၿပီး ေဒသအတြင္း အပူခ်ိန္မ်ား က်ဆင္းသြားဖြယ္ရွိေၾကာင္း မိုးေလဝသပညာရွင္မ်ားက ခန္႔မွန္းထားပါတယ္။

Related news

© 2021. All rights reserved.