ဆိုင်ကလုန်း ဖရက်ဒီကြောင့် အာဖရိက အရှေ့တောင်ပိုင်းမှာ သေဆုံးသူ ၅ဝဝ ကျော်ထိ ရှိလာ

 424

ရောင်နီ (NP News) - မတ် ၂ဝ

အာဖရိကတိုက် အရှေ့တောင်ပိုင်းမှာ အပူပိုင်းဆိုင်ကလုန်း ဖရက်ဒီ တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ ၅၂၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း မော်လဝီ၊ မိုဇမ်ဘစ်နဲ့ မဒါဂတ်စကာရှိ အာဏာပိုင်များရဲ့ပြောကြားချက်အရ သိရပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရတဲ့ မာလာဝီမှာ သေဆုံးသူ ၄၃၈ ဦးထိ ရှိလာခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်များက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ မာလာဝီနိုင်ငံ သမ္မတ လာဇာရုစ် ချက်ခ်ဝီရာ က ပြီးခဲ့တဲ့ ကြသပတေးနေ့က ၁၄ ရက်ကြာ နိုင်ငံတော် ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ပါတယ်။

မုန်တိုင်းကြောင့် နိုင်ငံတစ်ဝှမ်း ရာနဲ့ချီသော ဘေးလွတ်ရာ ရွှေ့ပြောင်းရေးစင်တာများ ပေါ်ပေါက်လာကာ နေထိုင်သူ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှုများကြောင့် လူပေါင်း ၃၄၅,ဝဝဝ ခန့် ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ အိမ်နီးချင်း မိုဇမ်ဘစ်နဲ့ မဒါဂတ်စကာကျွန်း နိုင်ငံတို့ကိုလည်း ထိခိုက်စေခဲ့ပါတယ်။ မိုဇမ်ဘစ်မှာ အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၅ဝဝဝဝ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သမ္မတ ဖိလစ်နျုစီ က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးမှာ သေဆုံးသူဦးရေ ဆက်လက်တိုးလာဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုင်ကလုန်း ဖရက်ဒီ ဟာ မိုဇမ်ဘစ်ကို ဒုတိယအကြိမ် ကုန်းတွင်းပိုင်းသို့ဝင်ရောက်ပြီးနောက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ကုန်းတွင်းပိုင်းမှာ အားနည်းသွားကာ မာလာဝီနဲ့ ဘဏ္ဍာရေးမြို့တော် ဘလန်တရာ အပါအဝင် ဒေသအများအပြားမှာ ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆိုင်ကလုန်း မဝင်ရောက်မီကတည်းက ကာလဝမ်းရောဂါဖြစ်ပွားနေတဲ့ နိုင်ငံနှစ်ခုစလုံးဟာ ရေကြီးရေလျှံမှုများ ကြောင့် ရေကြောင့်ဖြစ်တဲ့ရောဂါများ ပျံ့နှံ့လာမှာကို စိုးရိမ်မှုများရှိနေပါတယ်။ ရာသီဥတုဖောက်ပြန်မှုသည် ဆိုင်ကလုန်းလှုပ်ရှားမှုကို ပိုမိုဆိုးရွားစေပြီး ၎င်းတို့ကို ပိုမိုစိုစွတ်စေကာ ပိုမိုပြင်းထန်လာပြီး မကြာခဏ ပိုမိုဖြစ်ပွား လာနိုင်တယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားပါတယ်။ အာဖရိကတောင်ပိုင်းဟာ လက်ရှိ ဆိုင်ကလုန်းရာသီ ဖြစ်ပြီး မတ်လ (သို့မဟုတ်) ဧပြီလအထိ မိုးနဲ့ ပြင်းထန်သောမုန်တိုင်းများ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဆိုင္ကလုန္း ဖရက္ဒီေၾကာင့္ အာဖရိက အေရွ႕ေတာင္ပိုင္းမွာ ေသဆုံးသူ ၅ဝဝ ေက်ာ္ထိ ရွိလာ
ေရာင္နီ (NP News) - မတ္ ၂ဝ

အာဖရိကတိုက္ အေရွ႕ေတာင္ပိုင္းမွာ အပူပိုင္းဆိုင္ကလုန္း ဖရက္ဒီ တိုက္ခတ္မႈေၾကာင့္ ေသဆုံးသူဦးေရဟာ ၅၂၂ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း ေမာ္လဝီ၊ မိုဇမ္ဘစ္နဲ႔ မဒါဂတ္စကာရွိ အာဏာပိုင္မ်ားရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

ဆိုင္ကလုန္း မုန္တိုင္းဒဏ္ အျပင္းထန္ဆုံးခံခဲ့ရတဲ့ မာလာဝီမွာ ေသဆုံးသူ ၄၃၈ ဦးထိ ရွိလာခဲ့ေၾကာင္း သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးအာဏာပိုင္မ်ားက အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။ မာလာဝီႏိုင္ငံ သမၼတ လာဇာ႐ုစ္ ခ်က္ခ္ဝီရာ က ၿပီးခဲ့တဲ့ ၾကသပေတးေန႔က ၁၄ ရက္ၾကာ ႏိုင္ငံေတာ္ ဝမ္းနည္းျခင္းကာလကို ေၾကညာခဲ့ပါတယ္။

မုန္တိုင္းေၾကာင့္ ႏိုင္ငံတစ္ဝွမ္း ရာနဲ႔ခ်ီေသာ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေရးစင္တာမ်ား ေပၚေပါက္လာကာ ေနထိုင္သူ ေသာင္းနဲ႔ခ်ီ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး မိုးသည္းထန္စြာ ႐ြာသြန္းမႈ၊ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈမ်ားေၾကာင့္ လူေပါင္း ၃၄၅,ဝဝဝ ခန႔္ ဒုကၡေရာက္ခဲ့ရတယ္လို႔ သိရပါတယ္။ ဆိုင္ကလုန္းမုန္တိုင္းဟာ အိမ္နီးခ်င္း မိုဇမ္ဘစ္နဲ႔ မဒါဂတ္စကာကြၽန္း ႏိုင္ငံတို႔ကိုလည္း ထိခိုက္ေစခဲ့ပါတယ္။ မိုဇမ္ဘစ္မွာ အနည္းဆုံး လူ ၆၇ ဦး ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ၅ဝဝဝဝ အိုးမဲ့ အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သမၼတ ဖိလစ္န်ဳစီ က ေျပာၾကားခဲ့ပါတယ္။

ႏွစ္ႏိုင္ငံစလုံးမွာ ေသဆုံးသူဦးေရ ဆက္လက္တိုးလာဦးမယ္လို႔ ခန္႔မွန္းထားပါတယ္။ ဆိုင္ကလုန္း ဖရက္ဒီ ဟာ မိုဇမ္ဘစ္ကို ဒုတိယအႀကိမ္ ကုန္းတြင္းပိုင္းသို႔ဝင္ေရာက္ၿပီးေနာက္ ဗုဒၶဟူးေန႔ေႏွာင္းပိုင္းက ကုန္းတြင္းပိုင္းမွာ အားနည္းသြားကာ မာလာဝီနဲ႔ ဘ႑ာေရးၿမိဳ႕ေတာ္ ဘလန္တရာ အပါအဝင္ ေဒသအမ်ားအျပားမွာ ပ်က္စီးဆုံးရႈံးမႈ မ်ားျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။

ဆိုင္ကလုန္း မဝင္ေရာက္မီကတည္းက ကာလဝမ္းေရာဂါျဖစ္ပြားေနတဲ့ ႏိုင္ငံႏွစ္ခုစလုံးဟာ ေရႀကီးေရလွ်ံမႈမ်ား ေၾကာင့္ ေရေၾကာင့္ျဖစ္တဲ့ေရာဂါမ်ား ပ်ံ႕ႏွံ႔လာမွာကို စိုးရိမ္မႈမ်ားရွိေနပါတယ္။ ရာသီဥတုေဖာက္ျပန္မႈသည္ ဆိုင္ကလုန္းလႈပ္ရွားမႈကို ပိုမိုဆိုး႐ြားေစၿပီး ၎တို႔ကို ပိုမိုစိုစြတ္ေစကာ ပိုမိုျပင္းထန္လာၿပီး မၾကာခဏ ပိုမိုျဖစ္ပြား လာႏိုင္တယ္လို႔ သိပၸံပညာရွင္မ်ားက ခန္႔မွန္းထားပါတယ္။ အာဖရိကေတာင္ပိုင္းဟာ လက္ရွိ ဆိုင္ကလုန္းရာသီ ျဖစ္ၿပီး မတ္လ (သို႔မဟုတ္) ဧၿပီလအထိ မိုးနဲ႔ ျပင္းထန္ေသာမုန္တိုင္းမ်ား ျဖစ္ပြားႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.