Caesium ပါဝင်သည့် ရေဒီယိုသတ္တိကြွအမှုန့်များကို ဘေးကင်းမှုရှိအောင် ထိန်းသိမ်းနိုင်ခဲ့ဟု ထိုင်းအာဏာပိုင်များ ပြော
959
Pika (NP News) - မတ် ၂ဝ
ထိုင်းနိုင်ငံရှိ ဓါတ်အားပေးစက်ရုံမှပျောက်သွားသော caesium-137 ပါဝင်သည့် ရေဒီယိုသတ္တိကြွဆလင်ဒါကို Prachin Buri ပြည်နယ်ရှိ Chow Steel Industries Public Company Limited ၏ အရည်ကျိုစက်ရုံ မီးပြင်းဖိုတွင် အရည်ကျိုလိုက်ပြီဖြစ်ကြောင်း Prachin Buri ပြည်နယ်အုပ်ချုပ်ရေးမှူးက မတ်လ(၂ဝ)ရက်၊ နံနက်ပိုင်းတွင် ဝန်ခံ ပြောဆိုခဲ့သည်။
caesium-137 ပါဝင်သည့် ရေဒီယိုသတ္တိကြွဆလင်ဒါကိုကို အရည်ကျိုခဲ့သည့်အတွက် ရေဒီယိုသတ္တိကြွ သက်ရောက်မှုများကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။ Kabin Buri ခရိုင် Nong Ki ခရိုင်ခွဲရှိ အရည်ကျိုစက်ရုံ မီးပြင်းဖိုထဲတွင် caesium-137 ပါဝင်သည့် ရေဒီယိုသတ္တိကြွဆလင်ဒါကို Atoms for Peace ရုံးက တာဝန်ရှိသူများက မတ်လ(၁၉)ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆလင်ဒါကို အခြားသတ္တုများနှင့်အတူ (၁၂ဝဝ) ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် အပူပေးကာ အရည်ကျိုခဲ့ပြီးနောက် အနီရောင်အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြောင်း ThaiPBS သတင်းဌာနက ဖော်ပြခဲ့သည်။ Chow Steel Industries Public Company Limited ၏ အရည်ကျိုစက်ရုံကို ပိတ်ထားပြီး အဆိုပါဧရိယာအတွင်း ဝင်ရောက် ခွင့်များကို ပိတ်ပင်ထားကြောင်း သိရသည်။
ထို့အပြင် စက်ရုံရှိအလုပ်သမား အနည်းဆုံး(၇ဝ)ဦးနှင့် အနီးရှိဒေသခံများကို သွေးစစ်ရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အရည်ကျိုပြီးနောက် ရရှိလာသော အနီရောင်အမှုန့်များကို Rayong ပြည်နယ်ရှိ သတ္တုစက်ရုံသို့ပေးပို့ခဲ့ကြောင်း သိရသည်။ Atoms for Peace ရုံးမှ တာဝန်ရှိသူများသည် Rayong ပြည်နယ်ရှိ သတ္တုစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီးနောက် caesium-37 ပါဝင်သည့် ညစ်ညမ်းနေသော အနီရောင် အမှုန့်(၂၄)တန်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။
ရေဒီယိုသတ္တိကြွအမှုန့်များသည် ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားခြင်းမျိုးမရှိဘဲ ကျဥ်းမြောင်းသောနေရာတစ်ခုတွင် ရှိနေခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါအမှုန့်များ ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားမည်ဆိုပါက ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး လူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်း Pattaya မြို့ရှိ Bangkok ဆေးရုံမှ ဒေါက်တာ Marsom Ponglamai က ပြောကြားခဲ့သည်။
ဒေါက်တာ Marsom Ponglamai က "caesium-37ဟာ ရောနှောလောင်ကျွမ်းပြီး အငွေ့ပျံသွားမယ်ဆိုပါက လေတိုက်နှုန်းပေါ်မူတည်ပြီးတော့ ကီလိုမီတာ ရာနဲ့ချီ သွားလာနိုင်သလို ထိတွေ့တဲ့သက်ရှိတွေအားလုံးကို ထိခိုက် ပျက်စီးစေပါတယ်။ caesium-37ဟာ မြေဆီလွှာ၊ ရေ နဲ့ အစားအစာတွေထဲကို စိမ့်ဝင်နိုင်ပြီး တိရစ္ဆာန်တွေနဲ့ လူတွေ ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ရေဒီယိုသတ္တိကြွ ဆလင်ဒါသည် ဖေဖော်ဝါရီ(၂၃)ရက်က Prachin Buri ပြည်နယ် Si Maha Phot ခရိုင်ရှိ National Power Plant 5A ကုမ္ပဏီမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Zawgyi Version;
Caesium ပါဝင္သည့္ ေရဒီယိုသတၱိႂကြအမႈန္႔မ်ားကို ေဘးကင္းမႈရွိေအာင္ ထိန္းသိမ္းႏိုင္ခဲ့ဟု ထိုင္းအာဏာပိုင္မ်ား ေျပာ
Pika (NP News) - မတ္ ၂ဝ
ထိုင္းႏိုင္ငံရွိ ဓါတ္အားေပးစက္႐ုံမွေပ်ာက္သြားေသာ caesium-137 ပါဝင္သည့္ ေရဒီယိုသတၱိႂကြဆလင္ဒါကို Prachin Buri ျပည္နယ္ရွိ Chow Steel Industries Public Company Limited ၏ အရည္က်ိဳစက္႐ုံ မီးျပင္းဖိုတြင္ အရည္က်ိဳလိုက္ၿပီျဖစ္ေၾကာင္း Prachin Buri ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက မတ္လ(၂ဝ)ရက္၊ နံနက္ပိုင္းတြင္ ဝန္ခံ ေျပာဆိုခဲ့သည္။
caesium-137 ပါဝင္သည့္ ေရဒီယိုသတၱိႂကြဆလင္ဒါကိုကို အရည္က်ိဳခဲ့သည့္အတြက္ ေရဒီယိုသတၱိႂကြ သက္ေရာက္မႈမ်ားကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။ Kabin Buri ခ႐ိုင္ Nong Ki ခ႐ိုင္ခြဲရွိ အရည္က်ိဳစက္႐ုံ မီးျပင္းဖိုထဲတြင္ caesium-137 ပါဝင္သည့္ ေရဒီယိုသတၱိႂကြဆလင္ဒါကို Atoms for Peace ႐ုံးက တာဝန္ရွိသူမ်ားက မတ္လ(၁၉)ရက္တြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဆလင္ဒါကို အျခားသတၱဳမ်ားႏွင့္အတူ (၁၂ဝဝ) ဒီဂရီဆဲလ္စီးယပ္စ္ျဖင့္ အပူေပးကာ အရည္က်ိဳခဲ့ၿပီးေနာက္ အနီေရာင္အမႈန႔္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ေၾကာင္း ThaiPBS သတင္းဌာနက ေဖာ္ျပခဲ့သည္။ Chow Steel Industries Public Company Limited ၏ အရည္က်ိဳစက္႐ုံကို ပိတ္ထားၿပီး အဆိုပါဧရိယာအတြင္း ဝင္ေရာက္ ခြင့္မ်ားကို ပိတ္ပင္ထားေၾကာင္း သိရသည္။
ထို႔အျပင္ စက္႐ုံရွိအလုပ္သမား အနည္းဆုံး(၇ဝ)ဦးႏွင့္ အနီးရွိေဒသခံမ်ားကို ေသြးစစ္ရန္အတြက္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။ အရည္က်ိဳၿပီးေနာက္ ရရွိလာေသာ အနီေရာင္အမႈန႔္မ်ားကို Rayong ျပည္နယ္ရွိ သတၱဳစက္႐ုံသို႔ေပးပို႔ခဲ့ေၾကာင္း သိရသည္။ Atoms for Peace ႐ုံးမွ တာဝန္ရွိသူမ်ားသည္ Rayong ျပည္နယ္ရွိ သတၱဳစက္႐ုံသို႔ သြားေရာက္စစ္ေဆးခဲ့ၿပီးေနာက္ caesium-37 ပါဝင္သည့္ ညစ္ညမ္းေနေသာ အနီေရာင္ အမႈန႔္(၂၄)တန္ကို ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။
ေရဒီယိုသတၱိႂကြအမႈန႔္မ်ားသည္ ပတ္ဝန္းက်င္သို႔ ျပန႔္က်ဲသြားျခင္းမ်ိဳးမရွိဘဲ က်ဥ္းေျမာင္းေသာေနရာတစ္ခုတြင္ ရွိေနခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ အဆိုပါအမႈန႔္မ်ား ပတ္ဝန္းက်င္သို႔ ျပန႔္က်ဲသြားမည္ဆိုပါက ပတ္ဝန္းက်င္ကို ထိခိုက္ေစၿပီး လူမ်ား၏ က်န္းမာေရးကိုထိခိုက္ေစႏိုင္ေၾကာင္း Pattaya ၿမိဳ႕ရွိ Bangkok ေဆး႐ုံမွ ေဒါက္တာ Marsom Ponglamai က ေျပာၾကားခဲ့သည္။
ေဒါက္တာ Marsom Ponglamai က "caesium-37ဟာ ေရာေႏွာေလာင္ကြၽမ္းၿပီး အေငြ႕ပ်ံသြားမယ္ဆိုပါက ေလတိုက္ႏႈန္းေပၚမူတည္ၿပီးေတာ့ ကီလိုမီတာ ရာနဲ႔ခ်ီ သြားလာႏိုင္သလို ထိေတြ႕တဲ့သက္ရွိေတြအားလုံးကို ထိခိုက္ ပ်က္စီးေစပါတယ္။ caesium-37ဟာ ေျမဆီလႊာ၊ ေရ နဲ႔ အစားအစာေတြထဲကို စိမ့္ဝင္ႏိုင္ၿပီး တိရစာၦန္ေတြနဲ႔ လူေတြ ကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ေရဒီယိုသတၱိႂကြ ဆလင္ဒါသည္ ေဖေဖာ္ဝါရီ(၂၃)ရက္က Prachin Buri ျပည္နယ္ Si Maha Phot ခ႐ိုင္ရွိ National Power Plant 5A ကုမၸဏီမွ ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။