အီရတ်နဲ့ အီရန်က နယ်စပ်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် သဘောတူညီမှု ရယူ

 619

ရောင်နီ (NP News) - မတ် ၂ဝ

အီရတ်နဲ့ အီရန်နိုင်ငံဟာ အီရတ်ရှိ ကာ့ဒ်ဒေသနဲ့ နယ်နိမိတ်ကို တင်းကျပ်ရန် အဓိကရည်ရွယ်တဲ့ နယ်နိမိတ် လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း အီရတ်အရာရှိများက ပြောကြားခဲ့ပါတယ်။

မတ်လ ၁၉ ရက်၊ တနင်္ဂနွေနေ့ ပူးတွဲလုံခြုံရေးသဘောတူညီချက်မှာ "နှစ်နိုင်ငံကြား ဘုံနယ်နိမိတ်များကို ကာကွယ် ခြင်းနဲ့ လုံခြုံရေးနယ်ပယ်များစွာမှာ ပူးပေါင်းဆောင်ရွက်မှုများ ပေါင်းစပ်ညှိနှိုင်းခြင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါသဘောတူစာချုပ်ကို အီရတ် အမျိုးသား လုံခြုံရေးအကြံပေး ကွာဆမ်အယ်လ်အာရာဂျီ နဲ့ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဟာမတ်အယ်လ်ရှန်ဒါနီတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

“လက်မှတ်ထိုးထားတဲ့ လုံခြုံရေးသဘောတူညီချက်အရ အီရတ်က လက်နက်ကိုင်အဖွဲ့တွေကို အီရတ်ကာ့ဒ်ဒေသ မှာ နယ်မြေအသုံးပြုပြီး အိမ်နီးချင်း အီရန်ကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာမျိုး ခွင့်မပြုဘူးလို့ ကတိပြုခဲ့ပါ တယ်” လို့ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သူ အီရတ်လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားပါတယ်။

အီရန်နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA မှ ဖော်ပြချက်အရ ရှန်ခါနီ ဟာ အီရတ်နိုင်ငံမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ကာ့ဒ်အဖွဲ့များကို ရည်ညွှန်းသောဆိုးရွားတဲ့လုပ်ရပ်များကို ရှုတ်ချခဲ့ကာ မတ်လ ၁၉ ရက်၊ တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဟာ “အကြမ်းဖက်သမားများ” လို့ အီရန်အစိုးရက တံဆိပ်တပ်ထားတဲ့ အဆိုပါအဖွဲ့များရဲ့ ဆိုးရွားသော လုပ်ရပ်များကို အခြေခံကျကျ အဆုံးသတ်နိုင်တယ်လို့ ၎င်းက ပြောကြားပါတယ်။

အီရတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသဟာ ယခင်က အနောက်နိုင်ငံ (သို့မဟုတ်) အစ္စရေး အကျိုးစီးပွားများကို ပေးဆောင်တယ်လို့ အီရန်က စွပ်စွဲထားတဲ့ အနောက်အခြေစိုက်စခန်းများကို လက်ခံ ထားပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်တွေက အီရတ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ အီရန်ကာ့ဒ်အဖွဲ့တွေ ကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ အီရန်ကာ့ဒ်အမျိုးသမီးတစ်ဦး သေဆုံးမှုကြောင့် အီရန်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် မနှစ်ကမှစ နယ်နိမိတ်ကို ပြန်လည်အာရုံစိုက်လာခဲ့ပါတယ်။

အီရတ်နိုင်ငံရဲ့ မြောက်ဘက်တောင်တန်းများပေါ်မှာ အခြေစိုက်တဲ့အဖွဲ့များဟာ ယခင်က တီဟီရန်ကို လက်နက် ကိုင်ပုန်ကန်မှုများ ပြုလုပ်ခဲ့ကြပေမယ့်လည်း မကြာသေးမီ နှစ်များအတွင်း ၎င်းတို့ရဲ့လှုပ်ရှားမှုများ ကျဆင်းလာကာ စစ်ရေးလှုပ်ရှားမှုအားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အီရတ္နဲ႔ အီရန္က နယ္စပ္လုံၿခဳံေရးကို တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ရန္ သေဘာတူညီမႈ ရယူ
ေရာင္နီ (NP News) - မတ္ ၂ဝ

အီရတ္နဲ႔ အီရန္ႏိုင္ငံဟာ အီရတ္ရွိ ကာ့ဒ္ေဒသနဲ႔ နယ္နိမိတ္ကို တင္းက်ပ္ရန္ အဓိကရည္႐ြယ္တဲ့ နယ္နိမိတ္ လုံၿခဳံေရးသေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း အီရတ္အရာရွိမ်ားက ေျပာၾကားခဲ့ပါတယ္။

မတ္လ ၁၉ ရက္၊ တနဂၤေႏြေန႔ ပူးတြဲလုံၿခဳံေရးသေဘာတူညီခ်က္မွာ "ႏွစ္ႏိုင္ငံၾကား ဘုံနယ္နိမိတ္မ်ားကို ကာကြယ္ ျခင္းနဲ႔ လုံၿခဳံေရးနယ္ပယ္မ်ားစြာမွာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ေပါင္းစပ္ညႇိႏႈိင္းျခင္းလည္း ပါဝင္တယ္လို႔ သိရပါတယ္။ အဆိုပါသေဘာတူစာခ်ဳပ္ကို အီရတ္ အမ်ိဳးသား လုံၿခဳံေရးအႀကံေပး ကြာဆမ္အယ္လ္အာရာဂ်ီ နဲ႔ အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႉး မိုဟာမတ္အယ္လ္ရွန္ဒါနီတို႔က လက္မွတ္ေရးထိုးခဲ့ေၾကာင္း အီရတ္ဝန္ႀကီးခ်ဳပ္႐ုံးက ေျပာၾကားခဲ့ပါတယ္။

“လက္မွတ္ထိုးထားတဲ့ လုံၿခဳံေရးသေဘာတူညီခ်က္အရ အီရတ္က လက္နက္ကိုင္အဖြဲ႕ေတြကို အီရတ္ကာ့ဒ္ေဒသ မွာ နယ္ေျမအသုံးျပဳၿပီး အိမ္နီးခ်င္း အီရန္ကို နယ္စပ္ျဖတ္ေက်ာ္ တိုက္ခိုက္တာမ်ိဳး ခြင့္မျပဳဘူးလို႔ ကတိျပဳခဲ့ပါ တယ္” လို႔ လက္မွတ္ေရးထိုးပြဲသို႔ တက္ေရာက္ခဲ့သူ အီရတ္လုံၿခဳံေရးအရာရွိတစ္ဦးက ေျပာၾကားပါတယ္။

အီရန္ႏိုင္ငံပိုင္သတင္းေအဂ်င္စီ IRNA မွ ေဖာ္ျပခ်က္အရ ရွန္ခါနီ ဟာ အီရတ္ႏိုင္ငံေျမာက္ပိုင္းမွာ လႈပ္ရွားေနတဲ့ ကာ့ဒ္အဖြဲ႕မ်ားကို ရည္ၫႊန္းေသာဆိုး႐ြားတဲ့လုပ္ရပ္မ်ားကို ရႈတ္ခ်ခဲ့ကာ မတ္လ ၁၉ ရက္၊ တနဂၤေႏြေန႔က လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္ဟာ “အၾကမ္းဖက္သမားမ်ား” လို႔ အီရန္အစိုးရက တံဆိပ္တပ္ထားတဲ့ အဆိုပါအဖြဲ႕မ်ားရဲ႕ ဆိုး႐ြားေသာ လုပ္ရပ္မ်ားကို အေျခခံက်က် အဆုံးသတ္ႏိုင္တယ္လို႔ ၎က ေျပာၾကားပါတယ္။

အီရတ္ႏိုင္ငံရဲ႕တစ္စိတ္တစ္ပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ကာ့ဒ္ေဒသဟာ ယခင္က အေနာက္ႏိုင္ငံ (သို႔မဟုတ္) အစၥေရး အက်ိဳးစီးပြားမ်ားကို ေပးေဆာင္တယ္လို႔ အီရန္က စြပ္စြဲထားတဲ့ အေနာက္အေျခစိုက္စခန္းမ်ားကို လက္ခံ ထားပါတယ္။ အီရန္ေတာ္လွန္ေရး အေစာင့္တပ္ေတြက အီရတ္ေျမာက္ပိုင္းမွာ အေျခစိုက္တဲ့ အီရန္ကာ့ဒ္အဖြဲ႕ေတြ ကို ဒုံးက်ည္၊ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ခဲ့ရာမွာ အီရန္ကာ့ဒ္အမ်ိဳးသမီးတစ္ဦး ေသဆုံးမႈေၾကာင့္ အီရန္မွာ ဆႏၵျပပြဲေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ မႏွစ္ကမွစ နယ္နိမိတ္ကို ျပန္လည္အာ႐ုံစိုက္လာခဲ့ပါတယ္။

အီရတ္ႏိုင္ငံရဲ႕ ေျမာက္ဘက္ေတာင္တန္းမ်ားေပၚမွာ အေျခစိုက္တဲ့အဖြဲ႕မ်ားဟာ ယခင္က တီဟီရန္ကို လက္နက္ ကိုင္ပုန္ကန္မႈမ်ား ျပဳလုပ္ခဲ့ၾကေပမယ့္လည္း မၾကာေသးမီ ႏွစ္မ်ားအတြင္း ၎တို႔ရဲ႕လႈပ္ရွားမႈမ်ား က်ဆင္းလာကာ စစ္ေရးလႈပ္ရွားမႈအားလုံးနီးပါးကို ရပ္ဆိုင္းလိုက္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.