ရုရှားနှင့် တရုတ်ကြားဆက်ဆံရေးမှာ အကန့်အသတ်မရှိဘဲ ဝင်ရိုးစုံကမ္ဘာတည်ဆောက်ရန် ကြိုးပမ်းနေဟု ရုရှားသမ္မတပြော

 906

Pika (NP News) - မတ် ၂၁

ရုရှားနှင့် တရုတ်တို့သည် ဘက်စုံမျှတသော ဝင်ရိုးစုံကမ္ဘာကိုပုံဖော်ရန်အတွက် အတူတကွလုပ်ဆောင်နေပြီး နှစ်နိုင်ငံကြားဆက်ဆံရေးများသည် သမိုင်းဝင်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသို့ တရုတ်သမ္မတရှီကျင့်ဖျင် လာရောက်လည်ပတ်သည့်နေ့တွင် ပူတင်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင် က "နှစ်နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့တာတွေက တကယ်ကို အံ့ဩစရာပါပဲ။ ရုရှားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးတွေဟာ သမိုင်းဝင်အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီး ပိုမိုအားကောင်းလာပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအပေါ် ယုံကြည်မှု အဆင့်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ချီးကျူးဂုဏ်ပြုပါတယ်" ဟု ပြောခဲ့သည်။

ရုရှားနှင့်တရုတ်နိုင်ငံတို့သည် ဘက်စုံမျှတသော ကမ္ဘာကိုပုံဖော်ရန်အတွက် အလုပ်များနေကြောင်း တရုတ်နိုင်ငံနှင့် အတူ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစပြုမှု၊ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်မှုများ နှင့် ရေရှည်တည်တံ့သော လုံခြုံရေးများကို တည်ဆောက်ရန် မျှော်လင့်ထားကြောင်း ပူတင်က မှတ်ချက်ပြုပြောဆိုခဲ့သည်။

ပူတင်က "ကျွန်တော်တို့နိုင်ငံတွေဟာ ချမ်းသာတဲ့နိုင်ငံတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် စည်းမျဥ်း တွေထက် နိုင်ငံတကာဥပဒေကို အခြေခံထားတဲ့ ဘက်စုံမျှတတဲ့ ဝင်ရိုးစုံကမ္ဘာကို တည်ဆောက်ဖို့ပဲ ထောက်ခံ အားပေးခဲ့ကြပါတယ်။ ရုရှားနဲ့ တရုတ်တို့ဟာ မျှတပွင့်လင်းပြီး အားလုံးပါဝင်နိုင်မယ့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစနစ်ဖန်တီးဖို့ လုပ်ဆောင်နေပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့အပြန်အလှန်ဆက်ဆံရေးဟာ အကန့်အသတ် မရှိပါဘူး" ဟု ပြောဆိုခဲ့သည်။

ရုရှားနှင့် တရုတ်တို့သည် ခိုင်မာသောဆက်ဆံရေးများကို တည်ဆောက်နေပြီး နှစ်နိုင်ငံကြားလုပ်ဆောင်ချက်များ သည် တစ်ကမ္ဘာလုံးတွင် သဘောထားကွဲလွဲမှုများဖြစ်အောင် လုပ်ဆောင်နေသော အချို့နိုင်ငံများ၏ လုပ်ဆောင် ချက်များနှင့် သိသိသာသာကွဲပြားကြောင်း ပူတင်က ပြောဆိုခဲ့သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး သံတမန် နည်းလမ်းအရဖြေရှင်းရန် ရုရှားဖက်က အဆင့်သင့်ရှိနေကြောင်း ပူတင်က ပြောဆိုခဲ့သည်။

ထို့အပြင် ရုရှားနှင့် ယူကရိန်းပဋိပက္ခတွင် တရုတ်၏ မျှတသောရပ်တည်ချက်နှင့်ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း လည်း ၎င်းက ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံသည် ရုရှားနှင့် ယူကရိန်းကြားပဋိပက္ခကို အဆုံးသတ်နိုင်မည့် အချက်(၁၂)ချက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့‌ကြောင်းလည်း သိရသည်။ အဆိုပါကြေညာ ချက်ကို ရုရှားနိုင်ငံက လက်ခံခဲ့သော်လည်း အနောက်အုပ်စုနိုင်ငံများက ပယ်ချခဲ့ကြောင်းလည်း သိရသည်။ တရုတ် သမ္မတရှီကျင့်ဖျင်သည် မတ်လ(၂ဝ)ရက်‌တွင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ရုရှားနှင့် ယူကရိန်း ပဋိပက္ခစတင်ပြီးကတည်းက ပထမဆုံးသွား‌ရောက်မည့် ခရီးစဥ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွားႏွင့္ တ႐ုတ္ၾကားဆက္ဆံေရးမွာ အကန႔္အသတ္မရွိဘဲ ဝင္႐ိုးစုံကမာၻတည္ေဆာက္ရန္ ႀကိဳးပမ္းေနဟု ႐ုရွား သမၼတေျပာ
Pika (NP News) - မတ္ ၂၁

႐ုရွားႏွင့္ တ႐ုတ္တို႔သည္ ဘက္စုံမွ်တေသာ ဝင္႐ိုးစုံကမာၻကိုပုံေဖာ္ရန္အတြက္ အတူတကြလုပ္ေဆာင္ေနၿပီး ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးမ်ားသည္ သမိုင္းဝင္အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္ က ေျပာၾကားခဲ့သည္။

႐ုရွားႏိုင္ငံသို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္ လာေရာက္လည္ပတ္သည့္ေန႔တြင္ ပူတင္က ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ ျခင္းျဖစ္သည္။ ႐ုရွားသမၼတပူတင္ က "ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ ႏိုင္ခဲ့တာေတြက တကယ္ကို အံ့ဩစရာပါပဲ။ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးေတြဟာ သမိုင္းဝင္အျမင့္ဆုံး အဆင့္ကို ေရာက္ရွိေနၿပီး ပိုမိုအားေကာင္းလာပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံေရးေဆြးေႏြးမႈေတြအေပၚ ယုံၾကည္မႈ အဆင့္၊ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ခ်ီးက်ဴးဂုဏ္ျပဳပါတယ္" ဟု ေျပာခဲ့သည္။

႐ုရွားႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ဘက္စုံမွ်တေသာ ကမာၻကိုပုံေဖာ္ရန္အတြက္ အလုပ္မ်ားေနေၾကာင္း တ႐ုတ္ႏိုင္ငံႏွင့္ အတူ ကမာၻလုံးဆိုင္ရာ လုံၿခဳံေရးအစျပဳမႈ၊ က်ယ္က်ယ္ျပန႔္ျပန႔္ပူးေပါင္းေဆာင္႐ြက္မႈမ်ား ႏွင့္ ေရရွည္တည္တံ့ေသာ လုံၿခဳံေရးမ်ားကို တည္ေဆာက္ရန္ ေမွ်ာ္လင့္ထားေၾကာင္း ပူတင္က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။

ပူတင္က "ကြၽန္ေတာ္တို႔ႏိုင္ငံေတြဟာ ခ်မ္းသာတဲ့ႏိုင္ငံေတြရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးမယ့္ စည္းမ်ဥ္း ေတြထက္ ႏိုင္ငံတကာဥပေဒကို အေျခခံထားတဲ့ ဘက္စုံမွ်တတဲ့ ဝင္႐ိုးစုံကမာၻကို တည္ေဆာက္ဖို႔ပဲ ေထာက္ခံ အားေပးခဲ့ၾကပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္တို႔ဟာ မွ်တပြင့္လင္းၿပီး အားလုံးပါဝင္ႏိုင္မယ့္ ေဒသတြင္းနဲ႔ ကမာၻလုံးဆိုင္ရာ လုံၿခဳံေရးစနစ္ဖန္တီးဖို႔ လုပ္ေဆာင္ေနပါတယ္။ တ႐ုတ္နဲ႔ ႐ုရွားတို႔ရဲ႕အျပန္အလွန္ဆက္ဆံေရးဟာ အကန႔္အသတ္ မရွိပါဘူး" ဟု ေျပာဆိုခဲ့သည္။

႐ုရွားႏွင့္ တ႐ုတ္တို႔သည္ ခိုင္မာေသာဆက္ဆံေရးမ်ားကို တည္ေဆာက္ေနၿပီး ႏွစ္ႏိုင္ငံၾကားလုပ္ေဆာင္ခ်က္မ်ား သည္ တစ္ကမာၻလုံးတြင္ သေဘာထားကြဲလြဲမႈမ်ားျဖစ္ေအာင္ လုပ္ေဆာင္ေနေသာ အခ်ိဳ႕ႏိုင္ငံမ်ား၏ လုပ္ေဆာင္ ခ်က္မ်ားႏွင့္ သိသိသာသာကြဲျပားေၾကာင္း ပူတင္က ေျပာဆိုခဲ့သည္။ ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး သံတမန္ နည္းလမ္းအရေျဖရွင္းရန္ ႐ုရွားဖက္က အဆင့္သင့္ရွိေနေၾကာင္း ပူတင္က ေျပာဆိုခဲ့သည္။

ထို႔အျပင္ ႐ုရွားႏွင့္ ယူကရိန္းပဋိပကၡတြင္ တ႐ုတ္၏ မွ်တေသာရပ္တည္ခ်က္ႏွင့္ပတ္သက္ၿပီး ေက်းဇူးတင္ေၾကာင္း လည္း ၎က ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္လတြင္ တ႐ုတ္ႏိုင္ငံသည္ ႐ုရွားႏွင့္ ယူကရိန္းၾကားပဋိပကၡကို အဆုံးသတ္ႏိုင္မည့္ အခ်က္(၁၂)ခ်က္ပါေၾကညာခ်က္ကို ထုတ္ျပန္ခဲ့‌ေၾကာင္းလည္း သိရသည္။ အဆိုပါေၾကညာ ခ်က္ကို ႐ုရွားႏိုင္ငံက လက္ခံခဲ့ေသာ္လည္း အေနာက္အုပ္စုႏိုင္ငံမ်ားက ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ တ႐ုတ္ သမၼတရွီက်င့္ဖ်င္သည္ မတ္လ(၂ဝ)ရက္‌တြင္ ႐ုရွားႏိုင္ငံသို႔ သြားေရာက္လည္ပတ္မည္ျဖစ္ၿပီး ႐ုရွားႏွင့္ ယူကရိန္း ပဋိပကၡစတင္ၿပီးကတည္းက ပထမဆုံးသြား‌ေရာက္မည့္ ခရီးစဥ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.