နိုင်ငံအတွင်းရှိ အကျဉ်းထောင်များအတွက် ဆန်အိတ်ပေါင်း (၁၈ဝဝဝဝ)ကျော်ကို ဝယ်ယူမည်ဖြစ်ကြောင်းပြည်ထဲရေးဝန်ကြီးဌာနမှ တင်ဒါခေါ်ယူ

 531

စော (NP News) - မတ် ၂၁

အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား နှင့် အချုပ်သားများအတွက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း စားသုံးရန်လိုအပ်သော ရိက္ခာဆန်များကိုဝယ်ယူမည်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တင်ဒါခေါ်ယူလျက်ရှိနေသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာများမှ အထက်ပါကဲ့သို့ အိတ်ဖွင့်တင် ဒါ ခေါ်ယူနေခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေရှိ အကျဉ်သားများအတွက် စားသုံးရန်လိုအပ်သော ရိက္ခာဆန် (၃ဝဝ၈) အိတ်ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း တင်ဒါခေါ်ယူထားသည်။

ထို့အတူ စစ်ကိုင်းတိုင်း အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား နှင့် အချုပ်သားများအတွက် ဆန်အိတ်ပေါင်း (၁၈၁၃၇)အိတ်ကိုဝယ်ယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထပ်မံ၍ ပဲခူးတိုင်းအကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအတွင်းရှိ အကျဉ်းသား၊ အချုပ် သားများအတွက် ဆန်အိတ်ပေါင်း(၂၈၉၁၄)အိတ်အား ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင်၊ စခန်းများမှ အကျဉ်းသား၊ အချုပ်သားနှင့် လုပ်အားရှင်တို့အတွက်လည်း ဆန်အိတ်ပေါင်း (၁ဝ၉၆၉၈)ကျော်ကို မြန်မာငွေဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကချင်ပြည်နယ်ဦးစီးမှူးရုံးအောက်ရှိ အကျဉ်းထောင်၊ အချုပ်ထောင် နှင့် စခန်းများအတွက် မိုးညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ ဖားကန့်၊ မလိခ နှင့် ဒွန်ဘန်တို့တွင် ငစိန်ဆန် (၁၆၈၂၂)အိတ်ကို တင်ဒါခေါ်ထားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဦးစီးမှူးလက်အောက်ရှိ စစ်တွေ၊ ဘူးသီးတောင်၊ ကျောက် ဖြူ နှင့် သံတွဲအကျဉ်ထောင်များအတွက် ငစိန်ဆန် (၉၈၃၈)အိတ်ကို ဝယ်ယူလိုကြောင်း တင်ဒါခေါ်ယူထားသည်။

ထို့ကြောင့် လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးအတွက် ဝယ်ယူလိုကြောင်း တင်ဒါခေါ်ယူထားသည့် ဆန်အိတ်စုစုပေါင်းသည် (၁၈၆၄၁၇) ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ဆိုထားသည်။

zawgyi version
ႏိုင္ငံအတြင္းရွိ အက်ဥ္းေထာင္မ်ားအတြက္ ဆန္အိတ္ေပါင္း (၁၈ဝဝဝဝ)ကျေ်ကို ဝယ္ယူမည္ျဖစ္ေၾကာင္းျပည္ထဲေရးဝန္ႀကီးဌာနမွ တင္ဒါေခၚယူ
ေစာ (NP News) - မတ္ ၂၁

အက်ဥ္းေထာင္အသီးသီးရွိ အက်ဥ္းသား ႏွင့္ အခ်ဳပ္သားမ်ားအတြက္ ၂ဝ၂၃-၂ဝ၂၄ ဘ႑ာႏွစ္အတြင္း စားသုံးရန္လိုအပ္ေသာ ရိကၡာဆန္မ်ားကိုဝယ္ယူမည္ျဖစ္၍ ျပည္ထဲေရးဝန္ႀကီးဌာနမွ တင္ဒါေခၚယူလ်က္ရွိေနသည္။

ျပည္ထဲေရးဝန္ႀကီးဌာနက ယခုရက္ပိုင္းအတြင္း ႏိုင္ငံပိုင္သတင္းစာမ်ားမွ အထက္ပါကဲ့သို႔ အိတ္ဖြင့္တင္ ဒါ ေခၚယူေနျခင္းျဖစ္သည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ အက်ဥ္သားမ်ားအတြက္ စားသုံးရန္လိုအပ္ေသာ ရိကၡာဆန္ (၃ဝဝ၈) အိတ္ကို ျမန္မာက်ပ္ေငြျဖင့္ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း တင္ဒါေခၚယူထားသည္။

ထို႔အတူ စစ္ကိုင္းတိုင္း အက်ဥ္းေထာင္အတြင္းရွိ အက်ဥ္းသား ႏွင့္ အခ်ဳပ္သားမ်ားအတြက္ ဆန္အိတ္ေပါင္း (၁၈၁၃၇)အိတ္ကိုဝယ္ယူသြားမည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနကထုတ္ျပန္ထားသည္။

ထပ္မံ၍ ပဲခူးတိုင္းအက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ စခန္းအတြင္းရွိ အက်ဥ္းသား၊ အခ်ဳပ္ သားမ်ားအတြက္ ဆန္အိတ္ေပါင္း(၂၈၉၁၄)အိတ္အား ဝယ္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း ႏွင့္ မႏၲေလးတိုင္းအတြင္းရွိ အက်ဥ္းေထာင္၊ စခန္းမ်ားမွ အက်ဥ္းသား၊ အခ်ဳပ္သားႏွင့္ လုပ္အားရွင္တို႔အတြက္လည္း ဆန္အိတ္ေပါင္း (၁ဝ၉၆၉၈)ေက်ာ္ကို ျမန္မာေငြျဖင့္ ဝယ္ယူရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ကခ်င္ျပည္နယ္ဦးစီးမႉး႐ုံးေအာက္ရွိ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္ ႏွင့္ စခန္းမ်ားအတြက္ မိုးညႇင္း၊ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ပူတာအို၊ ဖားကန္႔၊ မလိခ ႏွင့္ ဒြန္ဘန္တို႔တြင္ ငစိန္ဆန္ (၁၆၈၂၂)အိတ္ကို တင္ဒါေခၚထားသည္။

ဆက္လက္၍ ရခိုင္ျပည္နယ္ဦးစီးမႉးလက္ေအာက္ရွိ စစ္ေတြ၊ ဘူးသီးေတာင္၊ ေက်ာက္ ျဖဴ ႏွင့္ သံတြဲအက်ဥ္ေထာင္မ်ားအတြက္ ငစိန္ဆန္ (၉၈၃၈)အိတ္ကို ဝယ္ယူလိုေၾကာင္း တင္ဒါေခၚယူထားသည္။

ထို႔ေၾကာင့္ လက္ရွိအခ်ိန္ထိ အက်ဥ္းေထာင္အသီးသီးအတြက္ ဝယ္ယူလိုေၾကာင္း တင္ဒါေခၚယူထားသည့္ ဆန္အိတ္စုစုေပါင္းသည္ (၁၈၆၄၁၇) ျဖစ္ၿပီး ျမန္မာက်ပ္ေငြျဖင့္ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း ျပည္ထဲ ေရးဝန္ႀကီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.