ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်တွင် ကျင်းပမည်

 371

ဂျန်ဇက် (NP News) - မတ် ၂၁

ထိုင်းလွှတ်တော်ကို မတ်လ ၂ဝ ရက်မှာ ဖျက်သိမ်းလိုက်ပြီးနောက် တစ်ရက်အကြာ မတ်လ ၂၁ ရက်တွင် ထိုင်းရွေး ကောက်ပွဲကော်မရှင်က ထိုင်းအထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထိုင်းဘုရင့် ဝီဇယလောင်ကွန်းသည် မတ်လ ၂ဝ ရက်တွင် ထိုင်းလွှတ်တော်ကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရက်ပေါင်း ၄၅ ရက် နှင့် ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲကို ကျင်းပရမည် ဖြစ်ရာ ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို မေလ ၁၄ ရက်တွင် ကျင်းပမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

လာမည့် မေလတွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် ထိုင်းလွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်မည်ဖြစ်ပြီး ဇူလိုင်လတွင် ထိုင်းလွှတ်တော် ကိုယ်စားလှယ်များက အစိုးရအဖွဲ့ဝန်ကြီးချုပ်ကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိနေပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီးဖြစ်သူ Paetongtarn Shinawatra ဦးဆောင် သော ဖြူထိုင်းပါတီက အလားအလာကောင်းနေကြောင်း နောက်ဆုံးပြုခဲ့သော ရွေးကောက်ပွဲစစ်တမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါစစ်တမ်းတွင် Paetongtarn Shinawatra သည် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဖြစ်လာစေရန် အလားအလာကောင်းနေပြီး၊ စစ်တမ်းဖြေဆိုသူ ၃၈ ရာခိုင်နှုန်းကျော်က ဝန်ကြီးချုပ်အဖြစ် တွေ့မြင်လိုကြောင်း ဖြေဆိုခဲ့သည်။ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သလို ထိုင်းဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော ပရာယွတ်ချန်အိုချာက ရေပန်း အစားဆုံးဖြစ်နေသူများထဲတွင် ပါဝင်လျက်ရှိနေကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က "လက်ရှိအချိန်ဟာ ရွေးကောက်ပွဲကို ဦးတည်လုပ်ဆောင်ရမယ့်အချိန်ဖြစ်တယ်" ဟုဆိုသည်။

Zawgyi Version;
ထိုင္းႏိုင္ငံ၏ အေထြေထြေ႐ြးေကာက္ပြဲကို ေမလ ၁၄ ရက္တြင္ က်င္းပမည္
ဂ်န္ဇက္ (NP News) - မတ္ ၂၁

ထိုင္းလႊတ္ေတာ္ကို မတ္လ ၂ဝ ရက္မွာ ဖ်က္သိမ္းလိုက္ၿပီးေနာက္ တစ္ရက္အၾကာ မတ္လ ၂၁ ရက္တြင္ ထိုင္းေ႐ြး ေကာက္ပြဲေကာ္မရွင္က ထိုင္းအေထြေထြေ႐ြးေကာက္ပြဲကို ေမလ ၁၄ ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။

ထိုင္းဘုရင့္ ဝီဇယေလာင္ကြန္းသည္ မတ္လ ၂ဝ ရက္တြင္ ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ အမိန႔္ထုတ္ျပန္ခဲ့သည္။ ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းၿပီး ရက္ေပါင္း ၄၅ ရက္ ႏွင့္ ရက္ေပါင္း ၆ဝ အတြင္း ေ႐ြးေကာက္ပြဲကို က်င္းပရမည္ ျဖစ္ရာ ထိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲကို ေမလ ၁၄ ရက္တြင္ က်င္းပမည္ဟု ေၾကညာခဲ့ျခင္း ျဖစ္သည္။

လာမည့္ ေမလတြင္က်င္းပမည့္ေ႐ြးေကာက္ပြဲတြင္ ထိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္မည္ျဖစ္ၿပီး ဇူလိုင္လတြင္ ထိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ကို ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ထိုင္းႏိုင္ငံေရးပါတီမ်ားသည္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲဆြယ္စည္း႐ုံးမႈမ်ား လုပ္ေဆာင္လ်က္ရွိေနၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္၏သမီးျဖစ္သူ Paetongtarn Shinawatra ဦးေဆာင္ ေသာ ျဖဴထိုင္းပါတီက အလားအလာေကာင္းေနေၾကာင္း ေနာက္ဆုံးျပဳခဲ့ေသာ ေ႐ြးေကာက္ပြဲစစ္တမ္းတြင္ ေဖာ္ျပ ထားသည္။

အဆိုပါစစ္တမ္းတြင္ Paetongtarn Shinawatra သည္ ေ႐ြးေကာက္ပြဲတြင္ ဝန္ႀကီးခ်ဳပ္ျဖစ္လာေစရန္ အလားအလာေကာင္းေနၿပီး၊ စစ္တမ္းေျဖဆိုသူ ၃၈ ရာခိုင္ႏႈန္းေက်ာ္က ဝန္ႀကီးခ်ဳပ္အျဖစ္ ေတြ႕ျမင္လိုေၾကာင္း ေျဖဆိုခဲ့သည္။ လက္ရွိ ဝန္ႀကီးခ်ဳပ္ျဖစ္သလို ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းျဖစ္ေသာ ပရာယြတ္ခ်န္အိုခ်ာက ေရပန္း အစားဆုံးျဖစ္ေနသူမ်ားထဲတြင္ ပါဝင္လ်က္ရွိေနေၾကာင္း သိရသည္။

ထိုင္းဝန္ႀကီးခ်ဳပ္က "လက္ရွိအခ်ိန္ဟာ ေ႐ြးေကာက္ပြဲကို ဦးတည္လုပ္ေဆာင္ရမယ့္အခ်ိန္ျဖစ္တယ္" ဟုဆိုသည္။

Related news

© 2021. All rights reserved.