အမေရိကန်ဗုံးကြဲလေယာဥ်နှစ်စင်းကို ရုရှား Su-35 အမျိုးအစားတိုက်လေယာဥ် ကြားဖြတ်ဟန့်တား

 3945

Pika (NP News) - မတ် ၂၁

ရုရှားနိုင်ငံနယ်စပ်သို့ ဦးတည်ပျံသန်းနေသော အမေရိကန်၏ B-52H အမျိုးအစား မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဥ်နှစ်စင်းကို ကြားဖြတ်ဟန့်တားရန်အတွက် Su-35 အမျိုးအစား တိုက်လေယာဥ်တစ်စင်းကို ဘော်လ်တစ် ပင်လယ်ပြင် ဝေဟင်ပေါ်သို့ စေလွှတ်ခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ရုရှားနိုင်ငံနယ်စပ်ကို ဦးတည်ပျံသန်းနေတဲ့ အမေရိကန်ရဲ့ ဗုံးကြဲလေယာဥ် နှစ်စင်းကို တာဝန်ကျတဲ့ အနောက်စစ်ခရိုင်လေတပ်ရဲ့ရေဒါမှာ တွေ့ရှိခဲ့ပါတယ်၊၊ အဲဒီလေယာဥ်နှစ်စင်းက အမေရိကန်လေတပ်ရဲ့ B-52H အမျိုးအစား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ်နှစ်စင်းပဲ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Su-35 အမျိုးအစားတိုက်လေယာဥ်သည် ရုရှားနယ်စပ်သို့ ဦးတည်ပျံသန်းနေသော လေယာဥ်အမျိုးအစားများကို သိရှိရန်နှင့် နယ်စပ်ချိုးဖောက်မှုကို တားဆီးရန် ကြိုးပမ်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့ သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "အမေရိကန်ရဲ့ဗုံးကြဲလေယာဥ်တွေ ရုရှားနိုင်ငံနယ်စပ်နားကနေ ထွက်ခွာ သွားပြီးပြီးချင်းပဲ ရုရှားတိုက်လေယာဥ်လည်း အခြေစိုက်စခန်းကို ပြန်လာခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

အမေရိကန်၏ ဗုံးကြဲလေယာဥ်များသည် ရုရှားနိုင်ငံနယ်စပ်မျဥ်းကို ချိုးဖောက်ခြင်းမျိုး မရှိခဲ့ကြောင်း နှင့် ရုရှား၏ Su-35 အမျိုးအစား တိုက်လေယာဥ်သည် နိုင်ငံတကာလေကြောင်းဥပဒေအတိုင်း ပျံသန်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

မတ်လ(၁၄)ရက်က ပင်လယ်နက်ဒေသရှိ နိုင်ငံတကာရေပိုင်နက်တွင် အမေရိကန်၏ MQ-9 Reaper အမျိုးအစား ဒရုန်း နှင့် ရုရှား၏ Su-27 အမျိုးအစား တိုက်လေယာဥ်တိုက်မိကာ ပျက်ကျခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံ ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒရုန်းပျက်ကျမှုသည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတို့ ယူကရိန်းကို တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား အငြင်းပွားမှုများရှိခဲ့သော ပထမဆုံးဖြစ်ရပ်တစ်ခုဖြစ် ကြောင်း သိရသည်။

အမေရိကန် နှင့် ရုရှားတို့သည် ဒရုန်းပျက်ကျမှုနှင့်ပတ်သက်ပြီး အပြန်အလှန်ပြစ်တင် ဝေဖန်မှုများရှိခဲ့ကြောင်း လည်း သိရသည်။ ရုရှား၏ Su-27 အမျိုးအစား တိုက်လေယာဥ်များသည် အမေရိကန်စစ်ဖက်သုံးဒရုန်း၏ ပန်ကာကို ဖျက်ဆီးကာ ပျက်ကျအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဖက်က ပြောဆိုခဲ့သည်။

အဆိုပါ ဒရုန်းသည် ထိန်းချုပ်မှုလွတ်ကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရုရှား၏ တိုက်လေယာဥ်များနှင့် တိုက်ရိုက် ထိတွေ့ခဲ့ခြင်းမျိုး မရှိကြောင်း ရုရှားဖက်က ပြန်လည်တုံ့ပြန်ပြောဆိုထားသည်။ ထို့အပြင် ရုရှားနယ်စပ်ကို ချိုးဖောက်ခြင်းများ မပြုလုပ်ရန် နှင့် အမေရိကန်၏ အနာဂါတ်ရန်စမှုများအားလုံးကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားက သတိပေးပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္ဗုံးႀကဲေလယာဥ္ႏွစ္စင္းကို ႐ုရွား Su-35 အမ်ိဳးအစားတိုက္ေလယာဥ္ ၾကားျဖတ္ဟန္႔တား
Pika (NP News) - မတ္ ၂၁

႐ုရွားႏိုင္ငံနယ္စပ္သို႔ ဦးတည္ပ်ံသန္းေနေသာ အေမရိကန္၏ B-52H အမ်ိဳးအစား မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲ ေလယာဥ္ႏွစ္စင္းကို ၾကားျဖတ္ဟန႔္တားရန္အတြက္ Su-35 အမ်ိဳးအစား တိုက္ေလယာဥ္တစ္စင္းကို ေဘာ္လ္တစ္ ပင္လယ္ျပင္ ေဝဟင္ေပၚသို႔ ေစလႊတ္ခဲ့ရေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "႐ုရွားႏိုင္ငံနယ္စပ္ကို ဦးတည္ပ်ံသန္းေနတဲ့ အေမရိကန္ရဲ႕ ဗုံးႀကဲေလယာဥ္ ႏွစ္စင္းကို တာဝန္က်တဲ့ အေနာက္စစ္ခ႐ိုင္ေလတပ္ရဲ႕ေရဒါမွာ ေတြ႕ရွိခဲ့ပါတယ္၊၊ အဲဒီေလယာဥ္ႏွစ္စင္းက အေမရိကန္ေလတပ္ရဲ႕ B-52H အမ်ိဳးအစား မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္ႏွစ္စင္းပဲ ျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Su-35 အမ်ိဳးအစားတိုက္ေလယာဥ္သည္ ႐ုရွားနယ္စပ္သို႔ ဦးတည္ပ်ံသန္းေနေသာ ေလယာဥ္အမ်ိဳးအစားမ်ားကို သိရွိရန္ႏွင့္ နယ္စပ္ခ်ိဳးေဖာက္မႈကို တားဆီးရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့ သည္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "အေမရိကန္ရဲ႕ဗုံးႀကဲေလယာဥ္ေတြ ႐ုရွားႏိုင္ငံနယ္စပ္နားကေန ထြက္ခြာ သြားၿပီးၿပီးခ်င္းပဲ ႐ုရွားတိုက္ေလယာဥ္လည္း အေျခစိုက္စခန္းကို ျပန္လာခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အေမရိကန္၏ ဗုံးႀကဲေလယာဥ္မ်ားသည္ ႐ုရွားႏိုင္ငံနယ္စပ္မ်ဥ္းကို ခ်ိဳးေဖာက္ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း ႏွင့္ ႐ုရွား၏ Su-35 အမ်ိဳးအစား တိုက္ေလယာဥ္သည္ ႏိုင္ငံတကာေလေၾကာင္းဥပေဒအတိုင္း ပ်ံသန္းခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။

မတ္လ(၁၄)ရက္က ပင္လယ္နက္ေဒသရွိ ႏိုင္ငံတကာေရပိုင္နက္တြင္ အေမရိကန္၏ MQ-9 Reaper အမ်ိဳးအစား ဒ႐ုန္း ႏွင့္ ႐ုရွား၏ Su-27 အမ်ိဳးအစား တိုက္ေလယာဥ္တိုက္မိကာ ပ်က္က်ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထပ္မံ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ဒ႐ုန္းပ်က္က်မႈသည္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားတို႔ ယူကရိန္းကို တိုက္ခိုက္ၿပီးေနာက္ပိုင္း အေမရိကန္ႏွင့္ ႐ုရွားႏိုင္ငံတို႔ၾကား အျငင္းပြားမႈမ်ားရွိခဲ့ေသာ ပထမဆုံးျဖစ္ရပ္တစ္ခုျဖစ္ ေၾကာင္း သိရသည္။

အေမရိကန္ ႏွင့္ ႐ုရွားတို႔သည္ ဒ႐ုန္းပ်က္က်မႈႏွင့္ပတ္သက္ၿပီး အျပန္အလွန္ျပစ္တင္ ေဝဖန္မႈမ်ားရွိခဲ့ေၾကာင္း လည္း သိရသည္။ ႐ုရွား၏ Su-27 အမ်ိဳးအစား တိုက္ေလယာဥ္မ်ားသည္ အေမရိကန္စစ္ဖက္သုံးဒ႐ုန္း၏ ပန္ကာကို ဖ်က္ဆီးကာ ပ်က္က်ေအာင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ဖက္က ေျပာဆိုခဲ့သည္။

အဆိုပါ ဒ႐ုန္းသည္ ထိန္းခ်ဳပ္မႈလြတ္ကာ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွား၏ တိုက္ေလယာဥ္မ်ားႏွင့္ တိုက္႐ိုက္ ထိေတြ႕ခဲ့ျခင္းမ်ိဳး မရွိေၾကာင္း ႐ုရွားဖက္က ျပန္လည္တုံ႔ျပန္ေျပာဆိုထားသည္။ ထို႔အျပင္ ႐ုရွားနယ္စပ္ကို ခ်ိဳးေဖာက္ျခင္းမ်ား မျပဳလုပ္ရန္ ႏွင့္ အေမရိကန္၏ အနာဂါတ္ရန္စမႈမ်ားအားလုံးကို လက္တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း ႐ုရွားက သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.