အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ရှေးဟောင်းပုလဲမြို့တော်တစ်ခု တူးဖော်တွေ့ရှိ

 835

ရောင်နီ (NP News) - မတ် ၂၁

အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့မြောက်ဘက်ပင်လယ်ကွေ့မှာ ရှေးအကျဆုံး ပုလဲမြို့တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက ပြောကြားပါတယ်။

အန်းအယ်လ်ကျူဝမ်မြို့ရှိ စီနီရက်ဟ်ကျွန်းမှာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းများဟာ တစ်ချိန်က လူထောင်ပေါင်းများစွာနဲ့ အိမ်ရာပေါင်းများစွာရဲ့နေထိုင်ရာဖြစ်ဖွယ်ရှိပြီး ခြောက်ရာစုနှောင်းပိုင်း၊ ဒေသအတွင်း အစ္စလာမ်ဘာသာ ရေးမဝင်မီ သမိုင်းကြောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

“ဒါဟာ အထူးသဖြင့် ရှေးအကျဆုံး ခါလီဂျီ ပုလဲမြို့ဖြစ်ပုံရတယ်” လို့ အာရပ်စော်ဘွားများပြည်ထောင်စု တက္ကသိုလ်မှ ရှေးဟောင်းသုတေသန လက်ထောက်ပါမောက္ခ တီမိုသီပါဝါ က ပြောကြားခဲ့ပါတယ်။ "ဒါဟာ ဒူဘိုင်းလိုမြို့တွေရဲ့ ဘိုးဘွားတွေပါ" လို့ ၄င်းက ဆိုပါတယ်။

ပုလဲမြို့ဟာ ဒူဘိုင်း အရှေ့မြောက်ဘက် ၅ဝ ကီလိုမီတာ (၃ဝ မိုင်) အကွာ အန်းအယ်လ်ကျူဝမ်မြို့၊ ခါအယ်လ်ဘိုင်ဒါ ကျွန်းများအနီး စီနီယက်ကျွန်းပေါ်မှာ တည်ရှိပါတယ်။ မြို့ဟာ ကျွန်းရဲ့လက်တံများထဲမှ တစ်ခုပေါ်မှာ တည်ရှိပြီး ၁၂ ဟက်တာ (ဧက ၃ဝ) ကျယ်ဝန်းပါတယ်။ ယင်းနေရာမှာ ကမ်းခြေကျောက်တုံး၊ ထုံးအင်္ဂတေများနဲ့ ဆောက်လုပ် ထားတဲ့ အိမ်မျိုးစုံကိုတွေ့ရှိခဲ့ပြီး တစ်နှစ်ပတ်လုံး ပုလဲလုပ်ငန်းလုပ်ခဲ့ကြတဲ့ အရိပ်အယောင်များ ရှိတယ်လို့ ဆိုပါတယ်။

ပုလဲမြို့ဟောင်း တူးဖော်မှုမှာ အမ်းအယ်လ်ကျူဝမ်ရဲ့ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းသုတေသနဌာန၊ UAE တက္ကသိုလ်၊ အီတလီရှေးဟောင်းသုတေသနမစ်ရှင်နဲ့ New York တက္ကသိုလ်ရှိ ရှေးဟောင်းကမ္ဘာ့လေ့လာရေး အင်စတီကျုတို့ ပူးပေါင်းတူးဖော်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုမွာ ေရွးေဟာင္းပုလဲၿမိဳ႕ေတာ္တစ္ခု တူးေဖာ္ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၂၁

အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုရဲ႕ေျမာက္ဘက္ပင္လယ္ေကြ႕မွာ ေရွးအက်ဆုံး ပုလဲၿမိဳ႕တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနပညာရွင္မ်ားက ေျပာၾကားပါတယ္။

အန္းအယ္လ္က်ဴဝမ္ၿမိဳ႕ရွိ စီနီရက္ဟ္ကြၽန္းမွာ ေတြ႕ရွိခဲ့တဲ့ ေရွးေဟာင္းပစၥည္းမ်ားဟာ တစ္ခ်ိန္က လူေထာင္ေပါင္းမ်ားစြာနဲ႔ အိမ္ရာေပါင္းမ်ားစြာရဲ႕ေနထိုင္ရာျဖစ္ဖြယ္ရွိၿပီး ေျခာက္ရာစုေႏွာင္းပိုင္း၊ ေဒသအတြင္း အစၥလာမ္ဘာသာ ေရးမဝင္မီ သမိုင္းေၾကာင္းကို ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။

“ဒါဟာ အထူးသျဖင့္ ေရွးအက်ဆုံး ခါလီဂ်ီ ပုလဲၿမိဳ႕ျဖစ္ပုံရတယ္” လို႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု တကၠသိုလ္မွ ေရွးေဟာင္းသုေတသန လက္ေထာက္ပါေမာကၡ တီမိုသီပါဝါ က ေျပာၾကားခဲ့ပါတယ္။ "ဒါဟာ ဒူဘိုင္းလိုၿမိဳ႕ေတြရဲ႕ ဘိုးဘြားေတြပါ" လို႔ ၄င္းက ဆိုပါတယ္။

ပုလဲၿမိဳ႕ဟာ ဒူဘိုင္း အေရွ႕ေျမာက္ဘက္ ၅ဝ ကီလိုမီတာ (၃ဝ မိုင္) အကြာ အန္းအယ္လ္က်ဴဝမ္ၿမိဳ႕၊ ခါအယ္လ္ဘိုင္ဒါ ကြၽန္းမ်ားအနီး စီနီယက္ကြၽန္းေပၚမွာ တည္ရွိပါတယ္။ ၿမိဳ႕ဟာ ကြၽန္းရဲ႕လက္တံမ်ားထဲမွ တစ္ခုေပၚမွာ တည္ရွိၿပီး ၁၂ ဟက္တာ (ဧက ၃ဝ) က်ယ္ဝန္းပါတယ္။ ယင္းေနရာမွာ ကမ္းေျခေက်ာက္တုံး၊ ထုံးအဂၤေတမ်ားနဲ႔ ေဆာက္လုပ္ ထားတဲ့ အိမ္မ်ိဳးစုံကိုေတြ႕ရွိခဲ့ၿပီး တစ္ႏွစ္ပတ္လုံး ပုလဲလုပ္ငန္းလုပ္ခဲ့ၾကတဲ့ အရိပ္အေယာင္မ်ား ရွိတယ္လို႔ ဆိုပါတယ္။

ပုလဲၿမိဳ႕ေဟာင္း တူးေဖာ္မႈမွာ အမ္းအယ္လ္က်ဴဝမ္ရဲ႕ခရီးသြားလုပ္ငန္းနဲ႔ ေရွးေဟာင္းသုေတသနဌာန၊ UAE တကၠသိုလ္၊ အီတလီေရွးေဟာင္းသုေတသနမစ္ရွင္နဲ႔ New York တကၠသိုလ္ရွိ ေရွးေဟာင္းကမာၻ႔ေလ့လာေရး အင္စတီက်ဳတို႔ ပူးေပါင္းတူးေဖာ္ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.