မန်ယူအသင်းကို ဝယ်ယူရန်အတွက် မတန်မရာဈေးနှုန်းများ မပေးလိုကြောင်း ဗြိတိန်ဘီလျံနာ ပြော

 456

Pika (NP News) - မတ် ၂၁

ဗြိတိန်ဘီလျံနာ ဂျင်ရက်ကလစ်ဖ်က မန်ယူအသင်းကို ဝယ်ယူရန်အတွက် မတန်မရာဈေးနှုန်းကို မပေးလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

INEOS စီးပွားရေးလုပ်ငန်းစု ကုမ္ပဏီတည်ထောင်သူဖြစ်သလို မန်ယူအသင်း၏ ကာလရှည်ကြာ ပရိသတ်တစ်ဦး ဖြစ်သော ဂျင်ရက်ကလစ်ဖ်သည် ဖေဖော်ဝါရီလတွင် မန်ယူအသင်းအတွက် ကမ်းလှမ်းမှုတစ်ခုကို လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

မန်ယူအသင်း၏ လက်ရှိပိုင်ရှင်များဖြစ်သော ဂလေဇာမိသားစုသည် အသင်းကို ပေါင်သန်း(၇၉ဝ) ဖြင့် ဝယ်ယူခဲ့ပြီး နောက် (၁၇)နှစ်အကြာတွင် ပြန်လည်ရောင်းချရန် စဥ်းစားခဲ့ကြောင်း သိရသည်။ မန်ယူအသင်းကို ရောင်းချခြင်းမှ ရရှိလာသော ငွေကြေးသည် လက်ရှိအချိန်အထိ အကြီးမားဆုံးဖြစ်နေသော အားကစား သဘောတူညီချက်ထက် ကျော်လွန်သွားနိုင်ဖွယ်ရှိကြောင်း သတင်းအရင်းအမြစ်များ က ပြောကြားခဲ့သည်။

ဂျင်ရက်ကလစ်ဖ် သည် မန်ယူအသင်းကို ငွေကြေးတစ်ခုဆိုသည့်အချက်ထက် အသိုင်းအဝိုင်း ပိုင်ဆိုင်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ကြောင်းလည်း သိရသည်၊၊ ဂျင်ရက်ကလစ်ဖ် က "ပန်းချီကားတစ်ချပ်ရဲ့ဈေးနှုန်းကို ဘယ်လိုဆုံးဖြတ်မလဲ။ အိမ်တစ်အိမ်ရဲ့စျေးနှုန်းကို ဘယ်လိုဆုံးဖြတ်မှာလဲ။ အဲဒီဈေးနှုန်းဟာ အိမ်ဆောက်ဖို့ ဘယ်လောက်ကုန်ကျလဲ ဒါမှမဟုတ် ဆေးသုတ်ဖို့ ဘယ်လောက်ကုန်ကျမလဲဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ မန်ယူအသင်းကို မတန်မရာ ဈေးနှုန်းပေးပြီးတော့ မဝယ်ချင်ပါဘူး။ နောက်မှ နောင်တရမယ့်ဟာမျိုးတွေ မလုပ်ချင်ပါဘူး" ဟု ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ဒုတိယအကြိမ်ကမ်းလှမ်းမှု နောက်ဆုံးရက် (၂၂) ရက်‌နေ့မတိုင်ခင် ကမ်းလှမ်းမှု (၅) ခုထက်ပိုပြီး ရရှိသွားနိုင်ဖွယ်ရှိကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

Zawgyi Version;
မန္ယူအသင္းကို ဝယ္ယူရန္အတြက္ မတန္မရာေဈးႏႈန္းမ်ား မေပးလိုေၾကာင္း ၿဗိတိန္ဘီလ်ံနာ ေျပာ
Pika (NP News) - မတ္ ၂၁

ၿဗိတိန္ဘီလ်ံနာ ဂ်င္ရက္ကလစ္ဖ္က မန္ယူအသင္းကို ဝယ္ယူရန္အတြက္ မတန္မရာေဈးႏႈန္းကို မေပးလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

INEOS စီးပြားေရးလုပ္ငန္းစု ကုမၸဏီတည္ေထာင္သူျဖစ္သလို မန္ယူအသင္း၏ ကာလရွည္ၾကာ ပရိသတ္တစ္ဦး ျဖစ္ေသာ ဂ်င္ရက္ကလစ္ဖ္သည္ ေဖေဖာ္ဝါရီလတြင္ မန္ယူအသင္းအတြက္ ကမ္းလွမ္းမႈတစ္ခုကို လုပ္ေဆာင္ခဲ့ ေၾကာင္း သိရသည္။

မန္ယူအသင္း၏ လက္ရွိပိုင္ရွင္မ်ားျဖစ္ေသာ ဂေလဇာမိသားစုသည္ အသင္းကို ေပါင္သန္း(၇၉ဝ) ျဖင့္ ဝယ္ယူခဲ့ၿပီး ေနာက္ (၁၇)ႏွစ္အၾကာတြင္ ျပန္လည္ေရာင္းခ်ရန္ စဥ္းစားခဲ့ေၾကာင္း သိရသည္။ မန္ယူအသင္းကို ေရာင္းခ်ျခင္းမွ ရရွိလာေသာ ေငြေၾကးသည္ လက္ရွိအခ်ိန္အထိ အႀကီးမားဆုံးျဖစ္ေနေသာ အားကစား သေဘာတူညီခ်က္ထက္ ေက်ာ္လြန္သြားႏိုင္ဖြယ္ရွိေၾကာင္း သတင္းအရင္းအျမစ္မ်ား က ေျပာၾကားခဲ့သည္။

ဂ်င္ရက္ကလစ္ဖ္ သည္ မန္ယူအသင္းကို ေငြေၾကးတစ္ခုဆိုသည့္အခ်က္ထက္ အသိုင္းအဝိုင္း ပိုင္ဆိုင္မႈတစ္ခုအျဖစ္ ေဖာ္ျပခဲ့ေၾကာင္းလည္း သိရသည္၊၊ ဂ်င္ရက္ကလစ္ဖ္ က "ပန္းခ်ီကားတစ္ခ်ပ္ရဲ႕ေဈးႏႈန္းကို ဘယ္လိုဆုံးျဖတ္မလဲ။ အိမ္တစ္အိမ္ရဲ႕ေစ်းႏႈန္းကို ဘယ္လိုဆုံးျဖတ္မွာလဲ။ အဲဒီေဈးႏႈန္းဟာ အိမ္ေဆာက္ဖို႔ ဘယ္ေလာက္ကုန္က်လဲ ဒါမွမဟုတ္ ေဆးသုတ္ဖို႔ ဘယ္ေလာက္ကုန္က်မလဲဆိုတာနဲ႔ မသက္ဆိုင္ပါဘူး။ မန္ယူအသင္းကို မတန္မရာ ေဈးႏႈန္းေပးၿပီးေတာ့ မဝယ္ခ်င္ပါဘူး။ ေနာက္မွ ေနာင္တရမယ့္ဟာမ်ိဳးေတြ မလုပ္ခ်င္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

မန္ယူအသင္းသည္ ဒုတိယအႀကိမ္ကမ္းလွမ္းမႈ ေနာက္ဆုံးရက္ (၂၂) ရက္‌ေန႔မတိုင္ခင္ ကမ္းလွမ္းမႈ (၅) ခုထက္ပိုၿပီး ရရွိသြားႏိုင္ဖြယ္ရွိေၾကာင္း Sky Sports သတင္းဌာနက ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.