သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ နှစ်ရက်ကို အထူးရထားများ ပြေးဆွဲပေးမည်

 719

NP News - မတ် ၂၂

သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၇ ရက်မှ ၈ ရက်တွင် အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

အထူးရထားများအနေဖြင့် ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ပြည် ၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်များအား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အထူးရထားထွက်မှာက ရန်ကုန်-မန္တလေး ၊ ပြီးရင် ရန်ကုန်-ပြည် ၊ ရန်ကုန်-မော်လမြိုင်ပါ။ အဲဒီအချိန်မှာတော့ ပုံမှန်ရထားခရီးစဉ်တွေကို ဖျက်သိမ်းထားပါတယ်။ ရန်ကုန်-မန္တလေးခရီးစဉ်ကတော့ မဖျက်ဘဲ ပုံမှန်ပြေးဆွဲပေးပါတယ်"ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အလားတူ သင်္ကြန်ကာလအတွင်း၌ ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ပြည် ၊ ရန်ကုန်-မော်လမြိုင်ပုံမှန်ခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။

အထူးရထားများပြေးဆွဲမည်ဖြစ်သော်လည်း ရထားလက်မှတ်ဈေးနှုန်းများ အပြောင်းအလဲမရှိသကဲ့သို့ ခရီးသွားပြည်သူများအနေဖြင့် ကြိုတင်လက်မှတ်များဝယ်ယူရာတွင် အထက်တန်းအတွက် ရထားလက်မှတ်များအား (၃)ရက်ကြိုတင်ဝယ်ယူနိုင်ပြီး ရိုးရိုးတန်းရထားလက်မှတ်ကို (၁)ရက်ကြိုတင်ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးမှ သိရသည်။

zawgyi version
သၾကၤန္႐ုံးပိတ္ရက္မတိုင္မီ ႏွစ္ရက္ကို အထူးရထားမ်ား ေျပးဆြဲေပးမည္
NP News - မတ္ ၂၂

သၾကၤန္႐ုံးပိတ္ရက္မတိုင္မီ ဧၿပီလ ၇ ရက္မွ ၈ ရက္တြင္ အထူးရထားမ်ား ေျပးဆြဲေပးမည္ျဖစ္ေၾကာင္း ရန္ကုန္ဘူတာႀကီးမွ သိရသည္။

အထူးရထားမ်ားအေနျဖင့္ ရန္ကုန္-မႏၲေလး ၊ ရန္ကုန္-ျပည္ ၊ ရန္ကုန္-ေမာ္လၿမိဳင္ ခရီးစဥ္မ်ားအား ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အထူးရထားထြက္မွာက ရန္ကုန္-မႏၲေလး ၊ ၿပီးရင္ ရန္ကုန္-ျပည္ ၊ ရန္ကုန္-ေမာ္လၿမိဳင္ပါ။ အဲဒီအခ်ိန္မွာေတာ့ ပုံမွန္ရထားခရီးစဥ္ေတြကို ဖ်က္သိမ္းထားပါတယ္။ ရန္ကုန္-မႏၲေလးခရီးစဥ္ကေတာ့ မဖ်က္ဘဲ ပုံမွန္ေျပးဆြဲေပးပါတယ္"ဟု ရန္ကုန္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

အလားတူ သၾကၤန္ကာလအတြင္း၌ ရန္ကုန္-မႏၲေလး ၊ ရန္ကုန္-ျပည္ ၊ ရန္ကုန္-ေမာ္လၿမိဳင္ပုံမွန္ခရီးစဥ္မ်ားကိုလည္း ပုံမွန္အတိုင္း ဆက္လက္ေျပးဆြဲေပးမည္ျဖစ္ေၾကာင္းသိရသည္။

အထူးရထားမ်ားေျပးဆြဲမည္ျဖစ္ေသာ္လည္း ရထားလက္မွတ္ေဈးႏႈန္းမ်ား အေျပာင္းအလဲမရွိသကဲ့သို႔ ခရီးသြားျပည္သူမ်ားအေနျဖင့္ ႀကိဳတင္လက္မွတ္မ်ားဝယ္ယူရာတြင္ အထက္တန္းအတြက္ ရထားလက္မွတ္မ်ားအား (၃)ရက္ႀကိဳတင္ဝယ္ယူႏိုင္ၿပီး ႐ိုး႐ိုးတန္းရထားလက္မွတ္ကို (၁)ရက္ႀကိဳတင္ဝယ္ယူႏိုင္ေၾကာင္း ျမန္မာ့မီးရထား၊ ရန္ကုန္ဘူတာႀကီးမွ သိရသည္။

Related news

© 2021. All rights reserved.