လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် အချုပ်ထောင်တွင် ဆက်လက်ရှိနေမည့် ဒန်နီယယ်အဲလ်ဗက်စ်

 600

Pika (NP News) - မတ် ၂၂

ဘာစီလိုနာအသင်း နောက်ခံကစားသမားဟောင်း ဒန်နီယယ်အဲလ်ဗက်စ်သည် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရစဥ် အာမခံပေးရန်တောင်းဆိုခဲ့သော်လည်း ဘာစီလိုနာခရိုင်တရားရုံးက ငြင်းပယ်ခဲ့သောကြောင့် ထောင်ထဲတွင် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။

အသက်(၃၉)နှစ်အရွယ် ဒန်နီယယ်အဲလ်ဗက်စ်သည် လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲချက်ဖြင့် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် အာမခံပေးခြင်းမျိုးမရှိဘဲ ယာယီထောင်ချထားခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စများကြောင့် ဒန်နီယယ်အဲလ်ဗက်စ်ကို မက္ကဆီကိုကလပ်အသင်း Pumas UNAM က စာချုပ်ကို ဖျက်သိမ်းခဲ့ကြောင်းလည်း သိရသည်။

စာချုပ်ဖျက်သိမ်းခံရပြီးနောက် ဒန်နီယယ်အဲလ်ဗက်စ်သည် တရားရုံးမှာ အမှုကြားနာမည့်နေ့ မတ်လ(၂၁) ရက်တွင် ယာယီလွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး တောင်းဆိုရန် မျှော်လင့်နေခဲ့ကြောင်း သိရသည်။ ဒန်နီယယ်အဲလ်ဗက်စ် သည် အဆိုပါကြားနာပွဲသို့ တက်ရောက်ခဲ့ခြင်းမျိုးမရှိဘဲ ၎င်း၏ရှေ့နေ ခရစ္စတိုဘယ်မာတယ် က ကိုယ်စားပြု တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရစ္စတိုဘယ်မာတယ်သည် ဒန်နီယယ်အဲလ်ဗက်စ်၏ အမှုကို စုံစမ်းစစ်ဆေးမှုအား ခေတ္တဆိုင်းငံ့ထားကာ အာမခံ ဖြင့် လွှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း ပြည်နယ်အစိုးရရှေ့နေက ၎င်းကို ထောင်ထဲတွင်သာရှိနေသင့်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားသူကြီး သုံးဦး ပါဝင်သော ကြားနာမှုကို ဘာစီလိုနာခရိုင်တရားရုံး တွင် လုပ်ဆောင်ခဲ့ပြီး ဒန်နီယယ်အဲလ်ဗက်စ်သည် ၎င်း၏ အမှုကို အပြီးသတ်မဆုံးဖြတ်ရခင်အချိန်အထိ Brians 2 ထောင် ထဲတွင် ဆက်ရှိနေရမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ဒန်နီယယ်အဲလ်ဗက်စ်သည် ၎င်းအား စွဲဆိုထားသော စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားသလို အမှုအား ထပ်မံ ကြားနာမည့် ရက်ကို တရားရုံးက လက်ရှိအချိန်အထိ မသတ်မှတ်ရသေးကြောင်းလည်း သိရသည်။ ဒန်နီယယ် အဲလ်ဗက်စ်သည် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ(၃ဝ)ရက်က ဘာစီလိုနာနိုက်ကလပ်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ လုပ်ဆောင်ခဲ့သည့် စွပ်စွဲချက်ဖြင့် အချုပ်ထောင်တွင် ဖမ်းဆီးခံထားရကြောင်း သိရသည်။

Zawgyi Version;
လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေၾကာင့္ အခ်ဳပ္ေထာင္တြင္ ဆက္လက္ရွိေနမည့္ ဒန္နီယယ္အဲလ္ဗက္စ္
Pika (NP News) - မတ္ ၂၂

ဘာစီလိုနာအသင္း ေနာက္ခံကစားသမားေဟာင္း ဒန္နီယယ္အဲလ္ဗက္စ္သည္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးထိန္းသိမ္းခံထားရစဥ္ အာမခံေပးရန္ေတာင္းဆိုခဲ့ေသာ္လည္း ဘာစီလိုနာခ႐ိုင္တရား႐ုံးက ျငင္းပယ္ခဲ့ေသာေၾကာင့္ ေထာင္ထဲတြင္ ဆက္လက္ရွိေနဦးမည္ျဖစ္ေၾကာင္း သိရသည္။

အသက္(၃၉)ႏွစ္အ႐ြယ္ ဒန္နီယယ္အဲလ္ဗက္စ္သည္ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ စြပ္စြဲခ်က္ျဖင့္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလတြင္ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ အာမခံေပးျခင္းမ်ိဳးမရွိဘဲ ယာယီေထာင္ခ်ထားခဲ့ေၾကာင္း သိရသည္။ အဆိုပါကိစၥမ်ားေၾကာင့္ ဒန္နီယယ္အဲလ္ဗက္စ္ကို မကၠဆီကိုကလပ္အသင္း Pumas UNAM က စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့ေၾကာင္းလည္း သိရသည္။

စာခ်ဳပ္ဖ်က္သိမ္းခံရၿပီးေနာက္ ဒန္နီယယ္အဲလ္ဗက္စ္သည္ တရား႐ုံးမွာ အမႈၾကားနာမည့္ေန႔ မတ္လ(၂၁) ရက္တြင္ ယာယီလႊတ္ေပးျခင္းႏွင့္ပတ္သက္ၿပီး ေတာင္းဆိုရန္ ေမွ်ာ္လင့္ေနခဲ့ေၾကာင္း သိရသည္။ ဒန္နီယယ္အဲလ္ဗက္စ္ သည္ အဆိုပါၾကားနာပြဲသို႔ တက္ေရာက္ခဲ့ျခင္းမ်ိဳးမရွိဘဲ ၎၏ေရွ႕ေန ခရစၥတိုဘယ္မာတယ္ က ကိုယ္စားျပဳ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ခရစၥတိုဘယ္မာတယ္သည္ ဒန္နီယယ္အဲလ္ဗက္စ္၏ အမႈကို စုံစမ္းစစ္ေဆးမႈအား ေခတၱဆိုင္းငံ့ထားကာ အာမခံ ျဖင့္ လႊတ္ေပးရန္ေတာင္းဆိုခဲ့ေသာ္လည္း ျပည္နယ္အစိုးရေရွ႕ေနက ၎ကို ေထာင္ထဲတြင္သာရွိေနသင့္သည္ဟု ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တရားသူႀကီး သုံးဦး ပါဝင္ေသာ ၾကားနာမႈကို ဘာစီလိုနာခ႐ိုင္တရား႐ုံး တြင္ လုပ္ေဆာင္ခဲ့ၿပီး ဒန္နီယယ္အဲလ္ဗက္စ္သည္ ၎၏ အမႈကို အၿပီးသတ္မဆုံးျဖတ္ရခင္အခ်ိန္အထိ Brians 2 ေထာင္ ထဲတြင္ ဆက္ရွိေနရမည္ဟု ဆုံးျဖတ္ခဲ့ၾကေၾကာင္း သိရသည္။

ဒန္နီယယ္အဲလ္ဗက္စ္သည္ ၎အား စြဲဆိုထားေသာ စြပ္စြဲခ်က္မ်ားအားလုံးကို ျငင္းဆိုထားသလို အမႈအား ထပ္မံ ၾကားနာမည့္ ရက္ကို တရား႐ုံးက လက္ရွိအခ်ိန္အထိ မသတ္မွတ္ရေသးေၾကာင္းလည္း သိရသည္။ ဒန္နီယယ္ အဲလ္ဗက္စ္သည္ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာ(၃ဝ)ရက္က ဘာစီလိုနာႏိုက္ကလပ္တြင္ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမ်ား လုပ္ေဆာင္ခဲ့သည့္ စြပ္စြဲခ်က္ျဖင့္ အခ်ဳပ္ေထာင္တြင္ ဖမ္းဆီးခံထားရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.