အကျဥ်းသား (၃ဝ) ဦး ကို ကုမ္ပဏီဝန်ထမ်းများအဖြစ် ငှားရမ်းလုပ်ကိုင်နေကြောင်း ထိုင်းသစ်သီးကုမ္ပဏီ ဆို

 607

Pika (NP News) - မတ် ၂၂

ထိုင်းနိုင်ငံ အလယ်ပိုင်း Chantaburi ပြည်နယ်ရှိ သစ်သီးဝလံတင်ပို့သည့် ကုမ္ပဏီတစ်ခုသည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စံပြအကျဥ်းသား အယောက်(၃ဝ)ကို စက်ရုံဝန်ထမ်းအဖြစ် ခန့်အပ်ရန် ငှားရမ်းခဲ့ကြောင်း သိရသည်။

Chantaburi ပြည်နယ် ရှိ Tung Benja Correctional Institution ၏ ဒါရိုက်တာ Thitinai Patikabut သည် Orasa Fruit ကုမ္ပဏီတွင် အလုပ်လုပ်ရန်အတွက် အကျင့်စာရိတ္တကောင်းမွန်သော အကျဥ်းသားအယောက်(၃ဝ) ကို မတ်လ(၂၁)ရက်က ခေါ်ယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လက အကျဥ်းထောင်နှင့် ကုမ္ပဏီကြား သဘောတူညီခဲ့သော နားလည်မှုစာချုပ် (MOU) ကြောင့် အကျဥ်းသားများအတွက် ယခုကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ထောင်ဒဏ် (၃)နှစ်ခွဲအောက် ကျန်ရှိသော အကျဥ်းသားများကသာ ထောင်အပြင်ဘက်တွင် အလုပ်လုပ်ရန် အရည် အချင်းပြည့်မှီကြောင်း ဒါရိုက်တာ Thitinai Patikabut က ထပ်မံပြောဆိုခဲ့သည်။

ငှားရမ်းထားသော အကျဥ်းသားတစ်ဦးစီသည် ကုမ္ပဏီဂိုဒေါင်တွင် လတ်ဆတ်သော သစ်သီးဝလံများကို ခွဲခြမ်း စိတ်ဖြာကာ တင်ပို့ရန်အတွက် အလုပ်လုပ်ရမည်ဖြစ်ကြောင်း အစီရင်ခံစာ၏ အဆိုအရ သိရသည်။ အဆိုပါ အကျဥ်းသားများသည် ပြည်နယ်အတွင်း အနိမ့်ဆုံးအလုပ်လစာနှင့်ကိုက်ညီသည့် လစာအဖြစ် တစ်ရက်လျှင် (၃၃၈) ဘတ် ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအကျဥ်းသားများသည် လစာများကို သိမ်းထားနိုင်ပြီး ထောင်ထဲတွင် အစားအစာနှင့် အခြားပစ္စည်းများကို ဝယ်ယူခြင်း (သို့မဟုတ်) ၎င်းတို့၏ မိသားစုများထံ ငွေလွှဲပေးနိုင်ကြောင်း ဒါရိုက်တာ Thitinai Patikabut က ရှင်းပြခဲ့သည်။ ဒါရိုက်တာ Thitinai Patikabut က "အကျဥ်း‌ထောင်ကနေ လွတ်လာတဲ့ အကျဥ်းသား တစ်ယောက် ချင်းစီရဲ့အဓိကပြဿနာကတော့ သူတို့ရဲ့ အနာဂတ်ပါပဲ။ အများစုက အလုပ်မရှာနိုင်တော့ ဒီရာဇဝတ်မှုသံသရာကို ပဲ ပြန်လည်လာကြတာပါ။ ပုဂ္ဂလိက ကဏ္ဍက အစိုးရနဲ့ညှိနှိုင်းပြီး အကျဥ်းသားဟောင်းတွေကို အခွင့်အရေးပေး ခြင်းက ပြဿနာတွေကိုဖြေရှင်းနိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

Orasa Fruit ကုမ္ပဏီ မှ မန်နေးဂျင်း ဒါရိုက်တာ Monthon Pariwat က "ထိုင်းနိုင်ငံမှာ ဒီအချိန်က သီးနှံရာသီချိန် ဖြစ်ပြီး ကျွန်တော်တို့ကုမ္ပဏီမှာလည်း ဝန်ထမ်းရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကျဥ်းသားတွေက ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ သူတို့တွေ အကျဥ်းထောင်ကနေ ပြန်လွတ်လာပြီဆိုတာနဲ့ ကျွန်တော်တို့ သူတို့ကိုပဲ အလုပ်သမားအဖြစ် ငှားရမ်းခေါ်ယူဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့က သူတို့ကို အမြဲတမ်း အခွင့်အရေးတွေ ပေးပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
အက်ဥ္းသား (၃ဝ) ဦး ကို ကုမၸဏီဝန္ထမ္းမ်ားအျဖစ္ ငွားရမ္းလုပ္ကိုင္ေနေၾကာင္း ထိုင္းသစ္သီးကုမၸဏီ ဆို
Pika (NP News) - မတ္ ၂၂

ထိုင္းႏိုင္ငံ အလယ္ပိုင္း Chantaburi ျပည္နယ္ရွိ သစ္သီးဝလံတင္ပို႔သည့္ ကုမၸဏီတစ္ခုသည္ စိုက္ပ်ိဳးေရးက႑တြင္ လုပ္သားရွားပါးမႈကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ စံျပအက်ဥ္းသား အေယာက္(၃ဝ)ကို စက္႐ုံဝန္ထမ္းအျဖစ္ ခန႔္အပ္ရန္ ငွားရမ္းခဲ့ေၾကာင္း သိရသည္။

Chantaburi ျပည္နယ္ ရွိ Tung Benja Correctional Institution ၏ ဒါ႐ိုက္တာ Thitinai Patikabut သည္ Orasa Fruit ကုမၸဏီတြင္ အလုပ္လုပ္ရန္အတြက္ အက်င့္စာရိတၱေကာင္းမြန္ေသာ အက်ဥ္းသားအေယာက္(၃ဝ) ကို မတ္လ(၂၁)ရက္က ေခၚယူခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္လက အက်ဥ္းေထာင္ႏွင့္ ကုမၸဏီၾကား သေဘာတူညီခဲ့ေသာ နားလည္မႈစာခ်ဳပ္ (MOU) ေၾကာင့္ အက်ဥ္းသားမ်ားအတြက္ ယခုကဲ့သို႔ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။ ေထာင္ဒဏ္ (၃)ႏွစ္ခြဲေအာက္ က်န္ရွိေသာ အက်ဥ္းသားမ်ားကသာ ေထာင္အျပင္ဘက္တြင္ အလုပ္လုပ္ရန္ အရည္ အခ်င္းျပည့္မွီေၾကာင္း ဒါ႐ိုက္တာ Thitinai Patikabut က ထပ္မံေျပာဆိုခဲ့သည္။

ငွားရမ္းထားေသာ အက်ဥ္းသားတစ္ဦးစီသည္ ကုမၸဏီဂိုေဒါင္တြင္ လတ္ဆတ္ေသာ သစ္သီးဝလံမ်ားကို ခြဲျခမ္း စိတ္ျဖာကာ တင္ပို႔ရန္အတြက္ အလုပ္လုပ္ရမည္ျဖစ္ေၾကာင္း အစီရင္ခံစာ၏ အဆိုအရ သိရသည္။ အဆိုပါ အက်ဥ္းသားမ်ားသည္ ျပည္နယ္အတြင္း အနိမ့္ဆုံးအလုပ္လစာႏွင့္ကိုက္ညီသည့္ လစာအျဖစ္ တစ္ရက္လွ်င္ (၃၃၈) ဘတ္ ရရွိမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ယင္းအက်ဥ္းသားမ်ားသည္ လစာမ်ားကို သိမ္းထားႏိုင္ၿပီး ေထာင္ထဲတြင္ အစားအစာႏွင့္ အျခားပစၥည္းမ်ားကို ဝယ္ယူျခင္း (သို႔မဟုတ္) ၎တို႔၏ မိသားစုမ်ားထံ ေငြလႊဲေပးႏိုင္ေၾကာင္း ဒါ႐ိုက္တာ Thitinai Patikabut က ရွင္းျပခဲ့သည္။ ဒါ႐ိုက္တာ Thitinai Patikabut က "အက်ဥ္း‌ေထာင္ကေန လြတ္လာတဲ့ အက်ဥ္းသား တစ္ေယာက္ ခ်င္းစီရဲ႕အဓိကျပႆနာကေတာ့ သူတို႔ရဲ႕ အနာဂတ္ပါပဲ။ အမ်ားစုက အလုပ္မရွာႏိုင္ေတာ့ ဒီရာဇဝတ္မႈသံသရာကို ပဲ ျပန္လည္လာၾကတာပါ။ ပုဂၢလိက က႑က အစိုးရနဲ႔ညႇိႏႈိင္းၿပီး အက်ဥ္းသားေဟာင္းေတြကို အခြင့္အေရးေပး ျခင္းက ျပႆနာေတြကိုေျဖရွင္းႏိုင္မွာပါ" ဟု ေျပာၾကားခဲ့သည္။

Orasa Fruit ကုမၸဏီ မွ မန္ေနးဂ်င္း ဒါ႐ိုက္တာ Monthon Pariwat က "ထိုင္းႏိုင္ငံမွာ ဒီအခ်ိန္က သီးႏွံရာသီခ်ိန္ ျဖစ္ၿပီး ကြၽန္ေတာ္တို႔ကုမၸဏီမွာလည္း ဝန္ထမ္းရွားပါးမႈျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီအက်ဥ္းသားေတြက ကြၽန္ေတာ္တို႔ကို အမ်ားႀကီး ကူညီေပးခဲ့ပါတယ္။ သူတို႔ေတြ အက်ဥ္းေထာင္ကေန ျပန္လြတ္လာၿပီဆိုတာနဲ႔ ကြၽန္ေတာ္တို႔ သူတို႔ကိုပဲ အလုပ္သမားအျဖစ္ ငွားရမ္းေခၚယူဖို႔ ဆႏၵရွိပါတယ္။ ကြၽန္ေတာ္တို႔က သူတို႔ကို အၿမဲတမ္း အခြင့္အေရးေတြ ေပးပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.