ရွေးကောက်ပွဲ နှင့် ငြိမ်းချမ်းရေးညီလာခံကျင်းပရေးအတွက် NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 666

ရဲပြည့် (NP News) - မတ် ၂၃

NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့တို့ တွေ့ဆုံရာတွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးတို့ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

နစက၏ ငြိမ်းချမ်းရေးဆွေနွေးရေးအဖွဲ့ NSPNC နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ကိုယ်စား လှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းဆွေးနွေပွဲအတွင်း အဖွဲ့အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ရွေး ကောက်ပွဲ ကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးတို့ကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နှစ်ဖက်ဆွေးနွေးချက်များအရ သဘောတူညီချက်များရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲ ဒုတိယနေ့အား ယနေ့ (မတ်လ ၂၃ ရက်)တွင် ဆက်လက်ကျင်းပပြီး နှစ်ဖက်သဘောတူညီချက်များ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲသို့ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် နစက၏အဖွဲ့ဝင်များနှင့်“ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)မှ ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဗဟိုကော်မတီဝင်စဝ်ဆေပိုင်ဖ နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ြးေကာက္ပြဲ ႏွင့္ ၿငိမ္းခ်မ္းေရးညီလာခံက်င္းပေရးအတြက္ NSPNC ႏွင့္ တိုင္းရင္းသားလက္နက္ ကိုင္(၃)ဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြး
ရဲျပည့္ (NP News) - မတ္ ၂၃

NSPNC ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္(၃)ဖြဲ႕တို႔ ေတြ႕ဆုံရာတြင္ ေ႐ြးေကာက္ပြဲ က်င္းပေရးႏွင့္ ၿငိမ္းခ်မ္းေရးညီလာခံ က်င္းပေရးတို႔ကိုပါ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲကို မတ္လ ၂၂ ရက္၊ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုဌာန၌ က်င္းပခဲ့ျခင္းျဖစ္သည္။

နစက၏ ၿငိမ္းခ်မ္းေရးေဆြေႏြးေရးအဖြဲ႕ NSPNC ႏွင့္ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP)၊ အမ်ိဳးသားဒီမိုကရက္တစ္ မဟာမိတ္အဖြဲ႕(NDAA) ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP)ကိုယ္စား လွယ္အဖြဲ႕တို႔ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

ယင္းေဆြးေႏြပြဲအတြင္း အဖြဲ႕အသီးသီး၏ လိုလားခ်က္မ်ား၊ ေဒသဖြံ႕ၿဖိဳးေရး၊ ေဒသတည္ၿငိမ္ေရး၊ ေ႐ြး ေကာက္ပြဲ က်င္းပေရး၊ ၿငိမ္းခ်မ္းေရးညီလာခံက်င္းပေရးႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂ဝဝ၈ ခုႏွစ္)မွ အေျခခံက်ေသာ ပုဒ္မမ်ားကို ျပင္ဆင္ႏိုင္ေရးတို႔ကို ႏွစ္ဖက္ အျပန္အလွန္ ေဆြးေႏြးညႇိႏႈိင္းခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ႏွစ္ဖက္ေဆြးေႏြးခ်က္မ်ားအရ သေဘာတူညီခ်က္မ်ားရယူႏိုင္ရန္ မူၾကမ္းမ်ားကို ေဆြးေႏြးညႇိႏႈိင္းခဲ့ၾကၿပီး ေဆြးေႏြးပြဲ ဒုတိယေန႔အား ယေန႔ (မတ္လ ၂၃ ရက္)တြင္ ဆက္လက္က်င္းပၿပီး ႏွစ္ဖက္သေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုးၾကမည္ျဖစ္ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။

ေဆြးေႏြးပြဲသို႔ ဒု-ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ နစက၏အဖြဲ႕ဝင္မ်ားႏွင့္“ဝ”ျပည္ေသြးစည္း ညီၫြတ္ေရးပါတီ(UWSP)မွ ဒုဥကၠ႒ ဦးေလာ့ယာကု၊ အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕(NDAA)မွ ဒုဥကၠ႒ ဦးစန္ေပ့၊ ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP)မွ ဗဟိုေကာ္မတီဝင္စဝ္ေဆပိုင္ဖ ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးကိုယ္စားလွယ္မ်ားလည္းတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.