နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် (၃)ရက်အလိုတွင် ပါတီတည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့်များလျှောက်ထားလာသည့်ပါတီ (၃၈)ပါတီအထိရှိလာ

 784

ရဲပြည့် (NP News) - မတ် ၂၃

နစကမှ နိုင်ငံရေးပါတီများအား ပြန်လည်မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် ရက်ပေါင်း(၆ဝ)ပြည့်ရန် (၃)ရက်အလိုတွင် ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လျှောက်ထားလာသည့်ပါတီ (၃၈)ပါတီရှိလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၇ ပါတီရှိပြီး နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသည့် ပါတီ ၃၁ ပါတီဖြစ်၍ စုစုပေါင်း (၃၈) ပါတီရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မတ်လ ၂၂ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသည့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ မှတ်ပုံတင်ခွင့်ကို လက်ခံခဲ့သည်။

ထို့ပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည် ထောင်လိုသည့် အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ (INL)၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို လက်ခံခဲ့ကြောင်း UEC မှ ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် (၃၈)ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ (၉) ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ (၂၉) ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နစကမှ နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားရန် ရက်ပေါင်း(၆ဝ)အချိန်ပေးထားပြီး လာမည့် မတ်လ ၂၈ ရက်တွင် ကုန်ဆုံးမည်ဖြစ်သဖြင့် ပါတီတည်ထောင်ခွင့်နှင် မှတ်ပုံတင်ပြန်လည်လျှောက်ထားရန် (၃)ရက်သာလိုအပ်တော့ကြောင်း သိရသည်။

ထို့ကြောင့် ကျန်ရှိသည့် (၃)ရက်အတွင်း လာရောက် မှတ်ပုံမတင်သည့် ပါတီများသည် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံရဖွယ်ရှိနေသည်။

zawgyi version
ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ရန္ (၃)ရက္အလိုတြင္ ပါတီတည္ေထာင္ခြင့္ ႏွင့္ မွတ္ပုံတင္ခြင့္မ်ားေလွ်ာက္ထားလာသည့္ပါတီ (၃၈)ပါတီအထိရွိလာ
ရဲျပည့္ (NP News) - မတ္ ၂၃

နစကမွ ႏိုင္ငံေရးပါတီမ်ားအား ျပန္လည္မွတ္ပုံတင္ရန္ သတ္မွတ္ထားသည့္ ရက္ေပါင္း(၆ဝ)ျပည့္ရန္ (၃)ရက္အလိုတြင္ ပါတီတည္ေထာင္ခြင့္ႏွင့္ မွတ္ပုံတင္ခြင့္မ်ား ေလွ်ာက္ထားလာသည့္ပါတီ (၃၈)ပါတီရွိလာေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၃ အရ ေလွ်ာက္ထားသည့္ ပါတီ ၇ ပါတီရွိၿပီး ႏိုင္ငံေရးပါ တီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၂၅ အရ ေလွ်ာက္ထားသည့္ ပါတီ ၃၁ ပါတီျဖစ္၍ စုစုေပါင္း (၃၈) ပါတီရွိလာခဲ့ျခင္းလည္း ျဖစ္သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ မတ္လ ၂၂ ရက္တြင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၃ အရ ႏိုင္ငံေရးပါတီ တည္ေထာင္လိုသည့္ အမ်ိဳးသားအက်ိဳးစီးပြားတိုးတက္ေရးပါတီ မွတ္ပုံတင္ခြင့္ကို လက္ခံခဲ့သည္။

ထို႔ျပင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၂၅ အရ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္တည္ ေထာင္လိုသည့္ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ား အဖြဲ႕ခ်ဳပ္ပါတီ၊ အင္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္ပါတီ (INL)၊ ကိုးကန႔္ ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ (KKDUP) ႏွင့္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ [National Democratic Force Party (NDF) တို႔သည္ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ႏိုင္ငံေရးပါတီ တည္ေထာင္ခြင့္၊ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္တည္ေထာင္ခြင့္ႏွင့္ မွတ္ပုံတင္ခြင့္တို႔ကို လက္ခံခဲ့ေၾကာင္း UEC မွ ထုတ္ျပန္ထားသည္။

ယင္းအတြက္ေၾကာင့္ (၃၈)ပါတီတြင္ ျပည္ေထာင္စုတစ္ဝန္းလုံး စည္း႐ုံးမည့္ပါတီ (၉) ပါတီ ႏွင့္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္တစ္ခုအတြင္း၌သာ စည္း႐ုံးမည့္ပါတီ (၂၉) ပါတီျဖစ္ၿပီး အဆိုပါ ပါတီမ်ားကို တည္ေထာင္ခြင့္ႏွင့္ မွတ္ပုံတင္ခြင့္ျပဳႏိုင္ေရး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဆက္လက္စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

နစကမွ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားရန္ ရက္ေပါင္း(၆ဝ)အခ်ိန္ေပးထားၿပီး လာမည့္ မတ္လ ၂၈ ရက္တြင္ ကုန္ဆုံးမည္ျဖစ္သျဖင့္ ပါတီတည္ေထာင္ခြင့္ႏွင္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားရန္ (၃)ရက္သာလိုအပ္ေတာ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ က်န္ရွိသည့္ (၃)ရက္အတြင္း လာေရာက္ မွတ္ပုံမတင္သည့္ ပါတီမ်ားသည္ ႏိုင္ငံေရးပါတီအျဖစ္မွ ဖ်က္သိမ္းခံရဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.