မြန်မာနိုင်ငံက ရှေ့ပြေးအစီအစဉ်အဖြစ် ဒုက္ခသည် ၁ဝဝဝ ကို စတင်လက်ခံဖို့ စီစဉ်နေ

 639

Htay Oung (NP News) - မတ် ၂၃

မြန်မာနိုင်ငံရဲ့ ရှေ့ပြေးနေရပ်ပြန်ရေးအစီအစဉ်အရ ဒုက္ခသည်ဘင်္ဂါလီများကို လက်ခံသွားမှာ ပြန်လည်နေရာချထား ရေးဟာ ဧပြီလလယ်လောက်မှာ စတင်နိုင်ဖွယ်ရှိတယ်လို့ နစကပြောရေးဆိုခွင့်ရှိသူက မတ် ၂၂ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုကြောင်း AFP က ယမန်နေ့ ရေးသားပါတယ်။

"နှစ်နိုင်ငံသဘောတူညီချက်အရ (အဲဒီ) လူတွေကို ပြန်လက်ခံမှာပါ။ ပထမအသုတ် လူ(၁ဝဝဝ) ခန့် ရှိပါလိမ့်မယ်" “အခုလောလောဆယ် မြန်မာနိုင်ငံဘက်က စာရင်းတွေကို စစ်ဆေးနေတယ်” လို့ ဦးဇော်မင်းထွန်းက အေအက်ဖ်ပီ ရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။

၂ဝ၁၇ ခုနှစ် စစ်တပ်ရဲ့ဖြိုခွင်းမှုအပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ ဒုက္ခသည် ဘင်္ဂါလီ တစ်သန်းနီးပါးတို့ရဲ့ ခိုလှုံရာ ရိပ်မြုံဖြစ်နေပါတယ်။ ယခုအခါ လူမျိုးသုဉ်းပြုမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအဖြစ် ကုလသမဂ္ဂထံ တင်သွင်းထားပါတယ်။

မြန်မာ နစကအစိုးရရဲ့ အရာရှိ ၁၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးပြီး ကုလသမဂ္ဂက တစ်စိတ်တစ်ပိုင်း ကူညီဆောင်ရွက်ပေးခဲ့တဲ့ လုပ်ငန်းစဉ်အရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒုက္ခသည် ၄၈ဝ ခန့်နှင့် တွေ့ဆုံခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ် အကြမ်းဖက်ဖြိုခွင်းမှုမတိုင်မီ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သူများဖြစ်ကြောင်း သက်သေပြနိုင်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံတဲ့ ဒုက္ခသည်များ နေရပ်ပြန်နိုင်ခြေ ရှိ/မရှိကို အကဲဖြတ်တဲ့ အဲဒီအဖွဲ့ဟာ ကော့ခ်ဘဇားကို တရားဝင် လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။

NLD အစိုးရလက်ထက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနမ်ဦးဆောင်သည့် ရခိုင် အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် ကိုဖီအာနမ်ကော်မရှင်က အပြီးသတ် အစီရင်ခံစာကို တင်သွင်းခဲ့ရာ လက်ခံအကောင်အထည်ဖော်ရန်မည်ဖြစ်ကြောင်း နောက်တစ်နေ့၌ NLD အစိုးရက ကြေညာခဲ့သည်။

၄င်းနေ့ ညသန်းကောင်အလွန် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ် မြောက်ဖျားရှိ မြန်မာ နယ်ခြားလုံခြုံရေးရဲကင်း ၃ဝ ခန့်ကို အင်အားအလုံးအရင်းဖြင့် အချိန်တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အုပ်ချုပ်ရေးနှင့် တရားဥဒေစိုးမိုးရေး ပျက်ပြားသွားသည့်အတွက် NLD အစိုးရ၏ ညွှန်ကြားချက်အရ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် ဘင်္ဂါလီအမြောက်အများ တစ်ဖက် နိုင်ငံသို့ ထွက်ပြေးသွားခြင်းဖြင့် လက်ရှိ “အကျပ်အတည်း” ဖြစ်ပေါ်လာသည်။

ထိုအတွက် ၂ဝ၁၈ ခုနှစ်တွင် NLD အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်တို့က ကုလသမဂ္ဂကို ကြားခံထား၍ ဒုက္ခသည်များ နေရပ်ပြန်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်အရ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ မတိုင်မီ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည်ဆိုသူများကို ပြန်လည်လက်ခံရန် ပါဝင်ခြင်း မရှိပါ။

NLD အစိုးရလက်ထက် ဒုက္ခသည်များနေရပ်ပြန်ရေးကမ်းလှမ်းချက်မှာ တရားဝင်ပြန်ဝင်လာသူ တစ်ဦး တစ်ယောက်မျှ မရှိဘဲ (၂ဝ၁၈ ခုနှစ် နို၀င်ဘာလ နှင့် ၂ဝ၁၉ ခုနှစ် သြဂုတ်လတွ) ၂ ကြိမ်စလုံး ပျက်ပြားခဲ့ရသည်။ ရိုဟင်ဂျာဆိုသူ လော်ဘီတွေရဲ့ဦးဆောင်မှုအရ “ရိုဟင်ဂျာတိုင်းရင်းသား” အမည်ဖြင့် “နိုင်ငံသား” အဆင့် (ပန်းရောင်နိုင်ငံသား စိစစ်ရေးကတ်) ရရှိရေး၊ ရခိုင်ပြည်နယ်မြောက်ဖျားကို (လေယာဉ်မပျံသန်းရ) “Safe-Zone” သတ်မှတ်ပေးရေး အပါအ၀င် တောင်းဆိုချက်များရရှိမှသာလျှင် နေရပ်ပြန်မှာဖြစ်ကြောင်း ဒုက္ခသည်တို့က တုန့်ပြန် ခဲ့ကြသည်။

၄င်းနောက်ပိုင်း ကော့ခ်ဘဇားဒုက္ခသည်စခန်းတွင် နေရပ်ပြန်ရေးလက်ခံသူနှင့် ဆန့်ကျင်သူအုပ်စုကွဲကြောင်း ထင်ရှားလာခဲ့ပြီး အကြမ်းဖက်မှုများကြောင့် သေဆုံးဒဏ်ရရှိမှုများဖြစ်ပေါ်လာခဲ့သည်။

#ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေး #နစက #မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ #ရိုဟင်ဂျာတိုင်းရင်းသား #တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှု #ဒုက္ခသည်ဘင်္ဂါလီ #ကော့ခ်ဘဇား

(Dhaka Tribune., 22 March 2023, “Myanmar to take 1,000 Rohingya refugees in pilot program.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)

Zawgyi Version;
ျမန္မာႏိုင္ငံက ေရွ႕ေျပးအစီအစဥ္အျဖစ္ ဒုကၡသည္ ၁ဝဝဝ ကို စတင္လက္ခံဖို႔ စီစဥ္ေန
Htay Oung (NP News) - မတ္ ၂၃

ျမန္မာႏိုင္ငံရဲ႕ ေရွ႕ေျပးေနရပ္ျပန္ေရးအစီအစဥ္အရ ဒုကၡသည္ဘဂၤါလီမ်ားကို လက္ခံသြားမွာ ျပန္လည္ေနရာခ်ထား ေရးဟာ ဧၿပီလလယ္ေလာက္မွာ စတင္ႏိုင္ဖြယ္ရွိတယ္လို႔ နစကေျပာေရးဆိုခြင့္ရွိသူက မတ္ ၂၂ ဗုဒၶဟူးေန႔မွာ အတည္ျပဳေၾကာင္း AFP က ယမန္ေန႔ ေရးသားပါတယ္။

"ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ (အဲဒီ) လူေတြကို ျပန္လက္ခံမွာပါ။ ပထမအသုတ္ လူ(၁ဝဝဝ) ခန႔္ ရွိပါလိမ့္မယ္" “အခုေလာေလာဆယ္ ျမန္မာႏိုင္ငံဘက္က စာရင္းေတြကို စစ္ေဆးေနတယ္” လို႔ ဦးေဇာ္မင္းထြန္းက ေအအက္ဖ္ပီ ရဲ႕ေမးျမန္းခ်က္ကို ျပန္လည္ေျဖဆိုပါတယ္။

၂ဝ၁၇ ခုႏွစ္ စစ္တပ္ရဲ႕ၿဖိဳခြင္းမႈအၿပီး ဘဂၤလားေဒ့ရ္ွႏိုင္ငံဟာ အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွ ထြက္ေျပးလာတဲ့ ဒုကၡသည္ ဘဂၤါလီ တစ္သန္းနီးပါးတို႔ရဲ႕ ခိုလႈံရာ ရိပ္ၿမဳံျဖစ္ေနပါတယ္။ ယခုအခါ လူမ်ိဳးသုဥ္းျပဳမႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈအျဖစ္ ကုလသမဂၢထံ တင္သြင္းထားပါတယ္။

ျမန္မာ နစကအစိုးရရဲ႕ အရာရွိ ၁၇ ဦးပါ ကိုယ္စားလွယ္အဖြဲ႕ဟာ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေဆာင္႐ြက္ေပးၿပီး ကုလသမဂၢက တစ္စိတ္တစ္ပိုင္း ကူညီေဆာင္႐ြက္ေပးခဲ့တဲ့ လုပ္ငန္းစဥ္အရ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ဒုကၡသည္ ၄၈ဝ ခန႔္ႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။

၂ဝ၁၇ ခုႏွစ္ အၾကမ္းဖက္ၿဖိဳခြင္းမႈမတိုင္မီ ျမန္မာႏိုင္ငံအတြင္း ေနထိုင္ခဲ့သူမ်ားျဖစ္ေၾကာင္း သက္ေသျပႏိုင္မႈအေပၚ တစ္စိတ္တစ္ပိုင္းအေျခခံတဲ့ ဒုကၡသည္မ်ား ေနရပ္ျပန္ႏိုင္ေျခ ရွိ/မရွိကို အကဲျဖတ္တဲ့ အဲဒီအဖြဲ႕ဟာ ေကာ့ခ္ဘဇားကို တရားဝင္ လာေရာက္ခဲ့ျခင္းျဖစ္ပါတယ္။

NLD အစိုးရလက္ထက္တြင္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ေဟာင္း ကိုဖီအာနမ္ဦးေဆာင္သည့္ ရခိုင္ အႀကံေပးအဖြဲ႕ကို ဖြဲ႕စည္းခဲ့ပါသည္။ ၂ဝ၁၇ ခုႏွစ္ ၾသဂုတ္လ ၂၃ ရက္တြင္ ကိုဖီအာနမ္ေကာ္မရွင္က အၿပီးသတ္ အစီရင္ခံစာကို တင္သြင္းခဲ့ရာ လက္ခံအေကာင္အထည္ေဖာ္ရန္မည္ျဖစ္ေၾကာင္း ေနာက္တစ္ေန႔၌ NLD အစိုးရက ေၾကညာခဲ့သည္။

၄င္းေန႔ ညသန္းေကာင္အလြန္ ၂ဝ၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္တြင္ ARSA အၾကမ္းဖက္အဖြဲ႕က ရခိုင္ျပည္နယ္ ေျမာက္ဖ်ားရွိ ျမန္မာ နယ္ျခားလုံၿခဳံေရးရဲကင္း ၃ဝ ခန္႔ကို အင္အားအလုံးအရင္းျဖင့္ အခ်ိန္တစ္ၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ အုပ္ခ်ဳပ္ေရးႏွင့္ တရားဥေဒစိုးမိုးေရး ပ်က္ျပားသြားသည့္အတြက္ NLD အစိုးရ၏ ၫႊန္ၾကားခ်က္အရ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္ရာတြင္ ဘဂၤါလီအေျမာက္အမ်ား တစ္ဖက္ ႏိုင္ငံသို႔ ထြက္ေျပးသြားျခင္းျဖင့္ လက္ရွိ “အက်ပ္အတည္း” ျဖစ္ေပၚလာသည္။

ထိုအတြက္ ၂ဝ၁၈ ခုႏွစ္တြင္ NLD အစိုးရႏွင့္ ဘဂၤလားေဒ့ရွ္တို႔က ကုလသမဂၢကို ၾကားခံထား၍ ဒုကၡသည္မ်ား ေနရပ္ျပန္ေရး နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ အဆိုပါသေဘာတူညီခ်က္အရ ၂ဝ၁၆ ခုႏွစ္ ေအာက္တိုဘာလ မတိုင္မီ တစ္ဖက္ႏိုင္ငံသို႔ ထြက္ေျပးသြားသည္ဆိုသူမ်ားကို ျပန္လည္လက္ခံရန္ ပါဝင္ျခင္း မရွိပါ။

NLD အစိုးရလက္ထက္ ဒုကၡသည္မ်ားေနရပ္ျပန္ေရးကမ္းလွမ္းခ်က္မွာ တရားဝင္ျပန္ဝင္လာသူ တစ္ဦး တစ္ေယာက္မွ် မရွိဘဲ (၂ဝ၁၈ ခုႏွစ္ ႏို၀င္ဘာလ ႏွင့္ ၂ဝ၁၉ ခုႏွစ္ ၾသဂုတ္လတြ) ၂ ႀကိမ္စလုံး ပ်က္ျပားခဲ့ရသည္။ ႐ိုဟင္ဂ်ာဆိုသူ ေလာ္ဘီေတြရဲ႕ဦးေဆာင္မႈအရ “႐ိုဟင္ဂ်ာတိုင္းရင္းသား” အမည္ျဖင့္ “ႏိုင္ငံသား” အဆင့္ (ပန္းေရာင္ႏိုင္ငံသား စိစစ္ေရးကတ္) ရရွိေရး၊ ရခိုင္ျပည္နယ္ေျမာက္ဖ်ားကို (ေလယာဥ္မပ်ံသန္းရ) “Safe-Zone” သတ္မွတ္ေပးေရး အပါအ၀င္ ေတာင္းဆိုခ်က္မ်ားရရွိမွသာလွ်င္ ေနရပ္ျပန္မွာျဖစ္ေၾကာင္း ဒုကၡသည္တို႔က တုန္႔ျပန္ ခဲ့ၾကသည္။

၄င္းေနာက္ပိုင္း ေကာ့ခ္ဘဇားဒုကၡသည္စခန္းတြင္ ေနရပ္ျပန္ေရးလက္ခံသူႏွင့္ ဆန္႔က်င္သူအုပ္စုကြဲေၾကာင္း ထင္ရွားလာခဲ့ၿပီး အၾကမ္းဖက္မႈမ်ားေၾကာင့္ ေသဆုံးဒဏ္ရရွိမႈမ်ားျဖစ္ေပၚလာခဲ့သည္။

#ဒုကၡသည္ဘဂၤါလီမ်ားေနရပ္ျပန္ေရး #နစက #ျမန္မာအစိုးရကိုယ္စားလွယ္အဖြဲ႕ #႐ိုဟင္ဂ်ာတိုင္းရင္းသား #တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေဆာင္႐ြက္ေပးမႈ #ဒုကၡသည္ဘဂၤါလီ #ေကာ့ခ္ဘဇား

(Dhaka Tribune., 22 March 2023, “Myanmar to take 1,000 Rohingya refugees in pilot program.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္)

Related news

© 2021. All rights reserved.