PDF များ ပုန်းခိုနေတဲ့အဆောက်အဦးကို ထိုင်းအာဏာပိုင်များ စီးနင်းပြီး PDF အဖွဲ့ဝင်များအပြင် မြန်မာနိုင်ငံသား ၈ဝ ကျော်ကို ဖမ်းဆီး

 19450

ဂျန်ဇက် (NP News) - မတ် ၂၃

ထိုင်းအာဏာပိုင်များဟာ မတ်လ ၂၂ ရက်က မဲဆောက်မြို့ရှိအဆောက်အဦးများကို စီးနင်းချိန် နစကကို ဆန့်ကျင်နေတဲ့လက်နက်ကိုင်အုပ်စုဝင်များ အပါအဝင် မြန်မာနိုင်ငံသား အနည်းဆုံး ၈၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့ရှိ အဆောက်အဦးကို စီးနင်းချိန်အတွင်း မြန်မာနိုင်ငံသားများအပြင် စစ်ဘက်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ ထိုင်းစစ်တပ်၊ လူဝင်မှုကြီး ကြပ်ရေးတာဝန်ရှိသူများနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၂၂ ရက်၊ နေ့လည်ပိုင်းက Mae Pa ဒေသ Ma Ruay Villa အရပ်ရှိ လေးထပ်တိုက်အဆောက်အဦးကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

နယ်စပ်ဒေသကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ကို ထွက်ပြေးလာတဲ့(PDF)အဖွဲ့ဝင်များအပြင် မြန်မာ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့အဖွဲ့ဝင်များဟာ အဆိုပါ ၄ ထပ်တိုက်အဆောက်အဦးကို ခိုလှုံရာနေရာ အဖြစ် ပုန်းရှောင်းထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာအစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့အဖွဲ့ဝင်တွေဟာ အဆိုပါအဆောက်အဦးနဲ့အခြား ပတ်ဝန်ကျင် နေရာများ အိမ်ယာငှားရမ်းနေထိုင်လျက်ရှိနေကြောင်း ထိုင်းသတင်းတွေ က ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်များအဖွဲ့ဟာ ၄ ထပ်အဆောက်အဦးကို စီးနင်းချိန်အတွင်း ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၂ဝဝ ကျော်ကို တွေ့ရှိခဲ့ရကြောင်း၊ အများစုဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာသူ များဖြစ်ကြောင်း ထိုင်းလုံခြုံရေးသတင်းအရင်းမြစ်များ က ပြောပါတယ်။ အဆောက်အဦးကို စီးနင်းချိန်အတွင်း သေနတ်ကျည်ဆံများ၊ စစ်ဘက်သုံးပစ္စည်းများ၊ ယူနီဖောင်းများ၊ ဒရုန်းများ၊ လက်နက်ကိုင်အဖွဲ့ရဲ့တံဆိပ်များကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောပါတယ်။

ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Matichon က မဲဆောက်မြို့ရှိ နေရာအများအပြားမှာ မြန်မာလက်နက်ကိုင်အဖွဲ့ဝင်ပေါင်း ၅ သောင်းခန့် အလုပ်လုပ်နေကြောင်း ဖော်ပြထားပါတယ်။

Zawgyi Version;
PDF မ်ား ပုန္းခိုေနတဲ့အေဆာက္အဦးကို ထိုင္းအာဏာပိုင္မ်ား စီးနင္းၿပီး PDF အဖြဲ႕ဝင္မ်ားအျပင္ ျမန္မာႏိုင္ငံသား ၈ဝ ေက်ာ္ကို ဖမ္းဆီး
ဂ်န္ဇက္ (NP News) - မတ္ ၂၃

ထိုင္းအာဏာပိုင္မ်ားဟာ မတ္လ ၂၂ ရက္က မဲေဆာက္ၿမိဳ႕ရွိအေဆာက္အဦးမ်ားကို စီးနင္းခ်ိန္ နစကကို ဆန႔္က်င္ေနတဲ့လက္နက္ကိုင္အုပ္စုဝင္မ်ား အပါအဝင္ ျမန္မာႏိုင္ငံသား အနည္းဆုံး ၈၃ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားပါတယ္။

ထိုင္းအာဏာပိုင္ေတြဟာ မဲေဆာက္ၿမိဳ႕ရွိ အေဆာက္အဦးကို စီးနင္းခ်ိန္အတြင္း ျမန္မာႏိုင္ငံသားမ်ားအျပင္ စစ္ဘက္သုံးပစၥည္းမ်ား၊ ေဆးဝါးပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရပါတယ္။ ထိုင္းစစ္တပ္၊ လူဝင္မႈႀကီး ၾကပ္ေရးတာဝန္ရွိသူမ်ားနဲ႔ ထိုင္းရဲတပ္ဖြဲ႕တို႔ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ မတ္လ ၂၂ ရက္၊ ေန႔လည္ပိုင္းက Mae Pa ေဒသ Ma Ruay Villa အရပ္ရွိ ေလးထပ္တိုက္အေဆာက္အဦးကို စီးနင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

နယ္စပ္ေဒသကို ျဖတ္သန္းၿပီး ထိုင္းႏိုင္ငံေျမာက္ပိုင္းနယ္စပ္ကို ထြက္ေျပးလာတဲ့(PDF)အဖြဲ႕ဝင္မ်ားအျပင္ ျမန္မာ အစိုးရကို လက္နက္ကိုင္ဆန႔္က်င္ေနတဲ့အဖြဲ႕ဝင္မ်ားဟာ အဆိုပါ ၄ ထပ္တိုက္အေဆာက္အဦးကို ခိုလႈံရာေနရာ အျဖစ္ ပုန္းေရွာင္းထြက္ေျပးလာျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာအစိုးရကို လက္နက္ကိုင္ဆန႔္က်င္ေနတဲ့အဖြဲ႕ဝင္ေတြဟာ အဆိုပါအေဆာက္အဦးနဲ႔အျခား ပတ္ဝန္က်င္ ေနရာမ်ား အိမ္ယာငွားရမ္းေနထိုင္လ်က္ရွိေနေၾကာင္း ထိုင္းသတင္းေတြ က ေဖာ္ျပထားပါတယ္။

ထိုင္းအာဏာပိုင္မ်ားအဖြဲ႕ဟာ ၄ ထပ္အေဆာက္အဦးကို စီးနင္းခ်ိန္အတြင္း ကေလးငယ္မ်ား အပါအဝင္ ျမန္မာႏိုင္ငံသား ၂ဝဝ ေက်ာ္ကို ေတြ႕ရွိခဲ့ရေၾကာင္း၊ အမ်ားစုဟာ ျမန္မာႏိုင္ငံကေန ထိုင္းႏိုင္ငံကို ထြက္ေျပးလာသူ မ်ားျဖစ္ေၾကာင္း ထိုင္းလုံၿခဳံေရးသတင္းအရင္းျမစ္မ်ား က ေျပာပါတယ္။ အေဆာက္အဦးကို စီးနင္းခ်ိန္အတြင္း ေသနတ္က်ည္ဆံမ်ား၊ စစ္ဘက္သုံးပစၥည္းမ်ား၊ ယူနီေဖာင္းမ်ား၊ ဒ႐ုန္းမ်ား၊ လက္နက္ကိုင္အဖြဲ႕ရဲ႕တံဆိပ္မ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ေျပာပါတယ္။

ထိုင္းသတင္းဌာနတစ္ခုျဖစ္တဲ့ Matichon က မဲေဆာက္ၿမိဳ႕ရွိ ေနရာအမ်ားအျပားမွာ ျမန္မာလက္နက္ကိုင္အဖြဲ႕ဝင္ေပါင္း ၅ ေသာင္းခန႔္ အလုပ္လုပ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

Picture

Htun Aung Kyaw

24/03/2023 08:49

Well Done 😎

Picture

ဦးအဂၢ ဝံသ

24/03/2023 11:44

​အေးချမ်းမှုတခု ဖြစ်တယ်

Picture

su mon

24/03/2023 21:55

lee ko လာေျပာ ငါတုိ႔ေနေနတာ ၈၀ ေက်ာ္စရာလား ႏွစ္ေယာက္ဖမ္းသြားတာ ျပန္လႊတ္ေပးၿပီးၿပီ

Related news

© 2021. All rights reserved.