လက်ရှိအမေရိကန်အစိုးရဟာ ကြီးမားတဲ့မဟာဗျူဟာအမှားတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝေဖန်

 743

ဂျန်ဇက် (NP News) - မတ် ၂၃

ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ရုရှားနဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးတိုးမြင့်မှုတွေ လုပ်ဆောင်ခွင့်ပေးပြီး ကြီးမားတဲ့မဟာဗျူဟာအမှားတွေကို လုပ်ဆောင်လျက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ဝေလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ပွန်ပီအိုက "အမေရိကန်အစိုးရရဲ့လုပ်ရပ်တွေကို ကြားသိရတယ်။ အမေရိကန်အစိုးရဟာ မဟာဗျူဟာအမှားတွေကို ကြီးကြီးမားမား လုပ်ဆောင်နေတယ်။ အမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ စွမ်းအင်အတွက် ကြီးမားတဲ့ တန်ဖိုးတွေပေးနေရတယ်။ တရုတ်နိုင်ငံကတော့ လက်ရှိအချိန်မှာ ရေနံစည်တစ်စည်ကို ၁၅ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်းလောက်နဲ့ လျော့ဈေးနဲ့ရနေတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံမှာ လာရောက်ရောင်းချခွင့်ပေးနေတယ်" လို့ပြောပါတယ်။

အမေရိကန်နဲ့ နေတိုးဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများအပြင် ထောက်လှမ်းရေးအချက်အလက်များ၊ တပ်ဖွဲ့ဝင်များ လေ့ကျင့်သင့်ကြားပေးနေကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲဖြစ်ပွားနေချိန်မှာ တရုတ်နိုင်ငံဟာ ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းမရှိ ကြောင်း ငြင်းဆန်ထားသလို ရုရှားကို ပြစ်တင်ရှုတ်ချခြင်းမျိုးမရှိကြောင်း သိရပါတယ်။ ရုရှားနိုင်ငံကလည်း ၎င်းတို့ ဟာ ယူကရိန်းစစ်ပွဲမှာ ပြည်တွင်းထုတ်လက်နက်များသာ အသုံးပြုနေကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ပွန်ပီအိုက "ကျွန်တော်အမြင့်တော့ အမေရိကန်အစိုးရဟာ လက်ရှိအချိန် မှာ ကျဆုံးနေတယ်။ အမေရိကန်အစိုးရဟာ ရုရှားနဲ့ တရုတ်နိုင်ငံကို လက်ရှိအချိန်မှာ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်လာအောင် ဖန်တီးပေးနေတယ်။ ဒါဟာ အမေရိကန် နဲ့ အမေရိကန်နိုင်ငံသားတွေအတွက် ကြီးမားတဲ့အန္တရာယ်တွေ ဖြစ်လာစေနိုင်တယ်" လို့ပြောပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးကာ ရုရှားနဲ့ တရုတ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြင့်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
လက္ရွိအေမရိကန္အစိုးရဟာ ႀကီးမားတဲ့မဟာဗ်ဴဟာအမွားေတြ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္း ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၂၃

ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ အေမရိကန္အစိုးရဟာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ ဆက္ဆံေရးတိုးျမင့္မႈေတြ လုပ္ေဆာင္ခြင့္ေပးၿပီး ႀကီးမားတဲ့မဟာဗ်ဴဟာအမွားေတြကို လုပ္ေဆာင္လ်က္ရွိေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေဝလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ပြန္ပီအိုက "အေမရိကန္အစိုးရရဲ႕လုပ္ရပ္ေတြကို ၾကားသိရတယ္။ အေမရိကန္အစိုးရဟာ မဟာဗ်ဴဟာအမွားေတြကို ႀကီးႀကီးမားမား လုပ္ေဆာင္ေနတယ္။ အေမရိကန္ထုတ္လုပ္ေရးကုမၸဏီေတြဟာ စြမ္းအင္အတြက္ ႀကီးမားတဲ့ တန္ဖိုးေတြေပးေနရတယ္။ တ႐ုတ္ႏိုင္ငံကေတာ့ လက္ရွိအခ်ိန္မွာ ေရနံစည္တစ္စည္ကို ၁၅ ရာခိုင္ႏႈန္း၊ ၂ဝ ရာခိုင္ႏႈန္းေလာက္နဲ႔ ေလ်ာ့ေဈးနဲ႔ရေနတယ္။ တ႐ုတ္ႏိုင္ငံက ထုတ္လုပ္တဲ့ ကုန္ပစၥည္းေတြကို အေမရိကန္ႏိုင္ငံမွာ လာေရာက္ေရာင္းခ်ခြင့္ေပးေနတယ္" လို႔ေျပာပါတယ္။

အေမရိကန္နဲ႔ ေနတိုးဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားအျပင္ ေထာက္လွမ္းေရးအခ်က္အလက္မ်ား၊ တပ္ဖြဲ႕ဝင္မ်ား ေလ့က်င့္သင့္ၾကားေပးေနေၾကာင္း သိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားၾကား စစ္ပြဲျဖစ္ပြားေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးျခင္းမရွိ ေၾကာင္း ျငင္းဆန္ထားသလို ႐ုရွားကို ျပစ္တင္ရႈတ္ခ်ျခင္းမ်ိဳးမရွိေၾကာင္း သိရပါတယ္။ ႐ုရွားႏိုင္ငံကလည္း ၎တို႔ ဟာ ယူကရိန္းစစ္ပြဲမွာ ျပည္တြင္းထုတ္လက္နက္မ်ားသာ အသုံးျပဳေနေၾကာင္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ပြန္ပီအိုက "ကြၽန္ေတာ္အျမင့္ေတာ့ အေမရိကန္အစိုးရဟာ လက္ရွိအခ်ိန္ မွာ က်ဆုံးေနတယ္။ အေမရိကန္အစိုးရဟာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံကို လက္ရွိအခ်ိန္မွာ အတူတကြ ပူးေပါင္း ေဆာင္႐ြက္မႈေတြ တိုးျမင့္လာေအာင္ ဖန္တီးေပးေနတယ္။ ဒါဟာ အေမရိကန္ နဲ႔ အေမရိကန္ႏိုင္ငံသားေတြအတြက္ ႀကီးမားတဲ့အႏၲရာယ္ေတြ ျဖစ္လာေစႏိုင္တယ္" လို႔ေျပာပါတယ္။

တ႐ုတ္သမၼတရွီက်င့္ဖ်င့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ႐ုရွားသမၼတ ပူတင္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးကာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုတိုးျမင့္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

Picture

U Myint Thein

23/03/2023 17:18

လည်လွန်းတဲ့ လှည်းဘီး ချီးလိိတ့ဲ်န်း း USA ဆိုက်နေပြီ။ ကမ္ဘာဖျက် USA. ခံရတော့မဲ့ အလှည့်ဘဲ။

Picture

hla thein

23/03/2023 20:08

Why does American peoples believe on the old man infertility that bull Biden.

Related news

© 2021. All rights reserved.