အပြာရောင်စီးပွားရေး တိုးတက်ရေးအတွက် ဦးစားပေးရင်းနှီးမြှုပ်နှံနိုင်မည့် နယ်ပယ်များကို ရှာဖွေနေကြောင်း ပြည်ထောင်စုဝန်ကြီးဆို

 769

ယွန်း (NP News) - မတ် ၂၃

အပြာ‌ရောင်စီးပွားရေး တိုးတက်ရေးအတွက် ဦးစား‌ပေးရင်းနှီးမြှုပ်နှံနိုင်မည့် နယ်ပယ်များကို ရှာဖွေနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ကပြော သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မတ်လ(၂၂)ရက်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ Hybrid format ဖြင့်ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေ(၄)ခုဖွဲ့စည်းထားပြီး ဒီရေတော အပါအဝင် ကမ်းရိုးတန်း‌ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းဆောင်ရွက်လျက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်ကို ၂ဝဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဥ်အဖြစ် သတ်မှတ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

လက်ရှိတွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်ရေးလုပ်ကိုင်မှုဗဟိုကော်မတီ အနေဖြင့် အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးရင်းနှီးမြှုပ်နှံနိုင်မည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်ရန် တွန်းအားပေးဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကမ်းရိုးတန်းဒေသ သယံဇာတများကို ရေရှည် စဥ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရေးနှင့် ကမ်းရိုးတန်းဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အတွက် ကဏ္ဍစုံပါဝင်သည့် ကမ်းရိုးတန်းစီမံအုပ်ချုပ်မှု (ICM) ကို ရေးဆွဲအကောင်အထည်ဖော်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အလားတူ အဏ္ဏဝါအမှိုက်သရိုက်စုပုံမှု တိုက်ဖျက်ရေးအတွက်လည်း အမျိုးသားအဆင့် ပလတ်စတစ်ဆိုင်ရာ လုပ်ငန်းအစီအစဥ်များကို ရေးဆွဲဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆက်လက်ပြောဆိုခဲ့သည်။

zawgyi version
အျပာေရာင္စီးပြားေရး တိုးတက္ေရးအတြက္ ဦးစားေပးရင္းႏွီးျမႇဳပ္ႏွံႏိုင္မည့္ နယ္ပယ္မ်ားကို ရွာေဖြေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးဆို

ယြန္း (NP News) - မတ္ ၂၃

အျပာ‌ေရာင္စီးပြားေရး တိုးတက္ေရးအတြက္ ဦးစား‌ေပးရင္းႏွီးျမႇဳပ္ႏွံႏိုင္မည့္ နယ္ပယ္မ်ားကို ရွာေဖြေနေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး‌ကေျပာ သည္။

ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက မတ္လ(၂၂)ရက္တြင္ ႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘတ္ၿမိဳ႕၌ Hybrid format ျဖင့္က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ အဏၰဝါထိန္းသိမ္းေရးနယ္ေျမ(၄)ခုဖြဲ႕စည္းထားၿပီး ဒီေရေတာ အပါအဝင္ ကမ္း႐ိုးတန္း‌ ေဂဟစနစ္ႏွင့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားကို ထိန္းသိမ္းေဆာင္႐ြက္လ်က္ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ခဲ့ရာ လန္ပိအဏၰဝါအမ်ိဳးသားဥယ်ာဥ္ကို ၂ဝဝ၃ ခုႏွစ္တြင္ အာဆီယံအေမြအႏွစ္ဥယ်ာဥ္အျဖစ္ သတ္မွတ္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

လက္ရွိတြင္ ႏိုင္ငံအဆင့္ ပင္လယ္ကမ္း႐ိုးတန္း သယံဇာတ စီမံအုပ္ခ်ဳပ္ေရးလုပ္ကိုင္မႈဗဟိုေကာ္မတီ အေနျဖင့္ အျပာေရာင္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဦးစားေပးရင္းႏွီးျမႇဳပ္ႏွံႏိုင္မည့္ နယ္ပယ္မ်ားကို ရွာေဖြေဖာ္ထုတ္ရန္ တြန္းအားေပးေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ကမ္း႐ိုးတန္းေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး အပါအဝင္ ကမ္း႐ိုးတန္းေဒသ သယံဇာတမ်ားကို ေရရွည္ စဥ္ဆက္မျပတ္ ထုတ္ယူအသုံးျပဳႏိုင္ေရးႏွင့္ ကမ္း႐ိုးတန္းေဒသမ်ားရွိ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားကို ထိန္းသိမ္းရန္အတြက္ က႑စုံပါဝင္သည့္ ကမ္း႐ိုးတန္းစီမံအုပ္ခ်ဳပ္မႈ (ICM) ကို ေရးဆြဲအေကာင္အထည္ေဖာ္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

အလားတူ အဏၰဝါအမႈိက္သ႐ိုက္စုပုံမႈ တိုက္ဖ်က္ေရးအတြက္လည္း အမ်ိဳးသားအဆင့္ ပလတ္စတစ္ဆိုင္ရာ လုပ္ငန္းအစီအစဥ္မ်ားကို ေရးဆြဲေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ကမ္း႐ိုးတန္းႏွင့္ အဏၰဝါေဂဟစနစ္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားတြင္ ႏိုင္ငံတကာပူးေပါင္း ေဆာင္႐ြက္မႈကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ဆက္လက္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.