အာရှယူ(၂ဝ) အမျိုးသမီးပြိုင်ပွဲ၏ဒုတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာယူ- ၂ဝ အသင်း၏ အုပ်စုပွဲစဉ်များထွက်ပေါ်လာ

 876

ရဲပြည့် (NP News) - မတ် ၂၃

အာရှယူ(၂ဝ) အမျိုးသမီးပြိုင်ပွဲ၏ဒုတိယအဆင့် ခြေစစ်ပွဲများအတွက် မြန်မာယူ- ၂ဝ အသင်း၏ အုပ်စုပွဲစဉ်များထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂ဝ အသင်း ပါဝင်သည့် ၂ဝ၂၄ အာရှအမျိုးသမီး ယူ-၂ဝ ပြိုင်ပွဲ ခြေစစ်ပွဲ (ဒုတိယအဆင့်) အုပ်စုမဲခွဲပွဲကို ယနေ့ (မတ်လ ၂၃ ရက်) နေ့လည်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ထားကြသည့် တရုတ်၊ ဩစတြေးလျ၊ ဗီယက်နမ်၊ မြန်မာ၊ အီရန်၊ နီပေါ၊ တရုတ် (တိုင်ပေ)၊ လက်ဘနွန် အမျိုးသမီး ယူ-၂ဝ အသင်းများကို အုပ်စုနှစ်ခုခွဲဝေခဲ့ရာ မြန်မာအမျိုးသမီး ယူ-၂ဝ အသင်းသည် အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ) အသင်းတို့နှင့်အတူ ကျရောက်‌နေ သည်။

အုပ်စု (က)တွင် ဩစတြေးလျ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်တို့ ကျရောက်နေပြီး ၂ဝ၂၄ အာရှအမျိုးသမီး ယူ-၂ဝ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသည့် အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ် သည်။

၂ဝ၂၄ အာရှအမျိူးသမီး ယူ-၂ဝ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်းသုံးသင်းသည် ၂ဝ၂၄ ဖီဖာ အမျိုးသမီး ယူ-၂ဝ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

zawgyi version
အာရွယူ(၂ဝ) အမ်ိဳးသမီးၿပိဳင္ပြဲ၏ဒုတိယအဆင့္ ေျခစစ္ပြဲအတြက္ ျမန္မာယူ- ၂ဝ အသင္း၏ အုပ္စုပြဲစဥ္မ်ားထြက္ေပၚလာ
ရဲျပည့္ (NP News) - မတ္ ၂၃

အာရွယူ(၂ဝ) အမ်ိဳးသမီးၿပိဳင္ပြဲ၏ဒုတိယအဆင့္ ေျခစစ္ပြဲမ်ားအတြက္ ျမန္မာယူ- ၂ဝ အသင္း၏ အုပ္စုပြဲစဥ္မ်ားထြက္ေပၚလာေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာလက္ေ႐ြးစင္ အမ်ိဳးသမီး ယူ-၂ဝ အသင္း ပါဝင္သည့္ ၂ဝ၂၄ အာရွအမ်ိဳးသမီး ယူ-၂ဝ ၿပိဳင္ပြဲ ေျခစစ္ပြဲ (ဒုတိယအဆင့္) အုပ္စုမဲခြဲပြဲကို ယေန႔ (မတ္လ ၂၃ ရက္) ေန႔လည္ပိုင္းက မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည္။

ေျခစစ္ပြဲ ပထမအဆင့္ ေအာင္ျမင္ထားၾကသည့္ တ႐ုတ္၊ ဩစေၾတးလ်၊ ဗီယက္နမ္၊ ျမန္မာ၊ အီရန္၊ နီေပါ၊ တ႐ုတ္ (တိုင္ေပ)၊ လက္ဘႏြန္ အမ်ိဳးသမီး ယူ-၂ဝ အသင္းမ်ားကို အုပ္စုႏွစ္ခုခြဲေဝခဲ့ရာ ျမန္မာအမ်ိဳးသမီး ယူ-၂ဝ အသင္းသည္ အုပ္စု (ခ)တြင္ တ႐ုတ္၊ နီေပါ၊ တ႐ုတ္ (တိုင္ေပ) အသင္းတို႔ႏွင့္အတူ က်ေရာက္‌ေန သည္။

အုပ္စု (က)တြင္ ဩစေၾတးလ်၊ ဗီယက္နမ္၊ အီရန္၊ လက္ဘႏြန္တို႔ က်ေရာက္ေနၿပီး ၂ဝ၂၄ အာရွအမ်ိဳးသမီး ယူ-၂ဝ ၿပိဳင္ပြဲ ဒုတိယအဆင့္ ေျခစစ္ပြဲစဥ္မ်ားကို ၂ဝ၂၃ ခုႏွစ္ ဇြန္လ ၃ ရက္မွ ၁၁ ရက္ထိ က်င္းပရန္ စီစဥ္ထားသည္။

ဒုတိယအဆင့္ ေျခစစ္ပြဲ အုပ္စုႏွစ္ခုမွ အုပ္စုပထမႏွင့္ ဒုတိယရသည့္ အသင္းေလးသင္းသည္ ဥဇဘက္ကစၥတန္၊ ဂ်ပန္၊ ေျမာက္ကိုရီးယား၊ ေတာင္ကိုရီးယား အသင္းတို႔ႏွင့္အတူ ေျခစစ္ပြဲ ေအာင္ျမင္မည္ျဖစ္ သည္။

၂ဝ၂၄ အာရွအမ်ိဴးသမီး ယူ-၂ဝ ၿပိဳင္ပြဲကို ဥဇဘတ္ကစၥတန္ ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္ျဖစ္ၿပီး ပထမ၊ ဒုတိယႏွင့္ တတိယရေသာ အသင္းသုံးသင္းသည္ ၂ဝ၂၄ ဖီဖာ အမ်ိဳးသမီး ယူ-၂ဝ ကမာၻ႔ဖလား ေျခစစ္ပြဲ ေအာင္ျမင္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.