ကာတာမှာ အဆောက်အအုံပြိုကျမှုကြောင့် လူတစ်ဦး သေဆုံး

 429

ရောင်နီ (NP News) - မတ် ၂၃

ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ အထပ်မြင့် အဆောက်အဦးတစ်ခုပြိုကျခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး အပျက်အစီးများထဲမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ကာတာပြည်ထဲရေးဝန်ကြီးဌာနက ဒိုဟာဘင်ဒါဟန်မ် ရပ်ကွက်ရှိ လေးထပ်အဆောက်အဦးတစ်ခု မတ် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားပါတယ်။ ကယ်ဆယ်ရေးသမားများက အဆောက်အဦးပြိုကျမှုမှ အသက်ရှင်ကျန်ရစ်သူ ခုနစ်ဦးကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပေမယ့် လူ ၁ ဦးကတော့ ပြိုကျမှုဖြစ်စဉ်အတွင်း အဆောက်အဦးထဲမှာ ရှိနေခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း ဆိုပါတယ်။

အွန်လိုင်းဗီဒီယိုများမှာ ပြိုကျမှုဖြစ်ပွားနေစဉ် ကားဟွန်းတီးသံများ ထွက်ပေါ်လာခဲ့ပြီး အဆောက်အအုံရဲ့ အစိတ် အပိုင်းတစ်ခုဟာ အနီးအနားရှိ အခြားအဆောက်အအုံတစ်ခုပေါ်ကို ပြုတ်ကျသွားတာကို မြင်တွေ့ရပါတယ်။ “အဆောက်အအုံရဲ့တစ်စိတ်တစ်ပိုင်းဟာ အဲဒီဘေးမှာရှိတဲ့ သုံးထပ်အဆောက်အအုံတစ်ခုပေါ်ကို ပြိုကျသွားခဲ့ပါ တယ်။ အခုတော့ ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားပြီး အဆောက်အအုံတွေကို ဘယ်သူမှ ဝင်ခွင့်မပြုထားပါဘူး" လို့ ဒေသခံတစ်ဦးက ပြောကြားပါတယ်။

အဆောက်အဦးဟာ နံနက် ၈ နာရီ ၁၈ မိနစ်မှာ ပြိုကျခဲ့ကြောင်း အခြားနေထိုင်သူတဦးက ပြောကြားကာ “အဲဒီ အဆောက်အအုံမှာ ပါကစ္စတန်၊ အီဂျစ်နဲ့ ဖိလစ်ပိုင် မိသားစုတွေ အများကြီး နေထိုင်ကြတယ်” လို့ ၎င်းက ဆိုပါတယ်။

ကာတာနိုင်ငံဟာ ပြောင်လက်တောက်ပသော အထပ်မြင့်လူနေအိမ်ရာများနဲ့ သန့်ရှင်းသောလမ်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများအကြား နာမည်ကြီးပါတယ်။ နိုင်ငံငယ်လေးဟာ ပြီးခဲ့တဲ့နှစ်က ဖီဖာကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

Zawgyi Version;
ကာတာမွာ အေဆာက္အအုံၿပိဳက်မႈေၾကာင့္ လူတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၂၃

ကာတာႏိုင္ငံ ၿမိဳ႕ေတာ္ ဒိုဟာမွာ အထပ္ျမင့္ အေဆာက္အဦးတစ္ခုၿပိဳက်ခဲ့ရာ အနည္းဆုံး လူတစ္ဦး ေသဆုံးခဲ့ၿပီး အပ်က္အစီးမ်ားထဲမွ အသက္ရွင္က်န္ရစ္သူမ်ားကို ကယ္ဆယ္ေရးသမားမ်ားက ဆက္လက္ရွာေဖြေနေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။

ကာတာျပည္ထဲေရးဝန္ႀကီးဌာနက ဒိုဟာဘင္ဒါဟန္မ္ ရပ္ကြက္ရွိ ေလးထပ္အေဆာက္အဦးတစ္ခု မတ္ ၂၂ ရက္၊ ဗုဒၶဟူးေန႔က ၿပိဳက်ခဲ့ျခင္းျဖစ္တယ္လို႔ ေျပာၾကားပါတယ္။ ကယ္ဆယ္ေရးသမားမ်ားက အေဆာက္အဦးၿပိဳက်မႈမွ အသက္ရွင္က်န္ရစ္သူ ခုနစ္ဦးကို ေတြ႕ရွိကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ လူ ၁ ဦးကေတာ့ ၿပိဳက်မႈျဖစ္စဥ္အတြင္း အေဆာက္အဦးထဲမွာ ရွိေနခဲ့ျခင္းေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း ဆိုပါတယ္။

အြန္လိုင္းဗီဒီယိုမ်ားမွာ ၿပိဳက်မႈျဖစ္ပြားေနစဥ္ ကားဟြန္းတီးသံမ်ား ထြက္ေပၚလာခဲ့ၿပီး အေဆာက္အအုံရဲ႕ အစိတ္ အပိုင္းတစ္ခုဟာ အနီးအနားရွိ အျခားအေဆာက္အအုံတစ္ခုေပၚကို ျပဳတ္က်သြားတာကို ျမင္ေတြ႕ရပါတယ္။ “အေဆာက္အအုံရဲ႕တစ္စိတ္တစ္ပိုင္းဟာ အဲဒီေဘးမွာရွိတဲ့ သုံးထပ္အေဆာက္အအုံတစ္ခုေပၚကို ၿပိဳက်သြားခဲ့ပါ တယ္။ အခုေတာ့ ဧရိယာတစ္ခုလုံးကို ပိတ္ဆို႔ထားၿပီး အေဆာက္အအုံေတြကို ဘယ္သူမွ ဝင္ခြင့္မျပဳထားပါဘူး" လို႔ ေဒသခံတစ္ဦးက ေျပာၾကားပါတယ္။

အေဆာက္အဦးဟာ နံနက္ ၈ နာရီ ၁၈ မိနစ္မွာ ၿပိဳက်ခဲ့ေၾကာင္း အျခားေနထိုင္သူတဦးက ေျပာၾကားကာ “အဲဒီအေဆာက္အအုံမွာ ပါကစၥတန္၊ အီဂ်စ္နဲ႔ ဖိလစ္ပိုင္ မိသားစုေတြ အမ်ားႀကီး ေနထိုင္ၾကတယ္” လို႔ ၎က ဆိုပါတယ္။

ကာတာႏိုင္ငံဟာ ေျပာင္လက္ေတာက္ပေသာ အထပ္ျမင့္လူေနအိမ္ရာမ်ားနဲ႔ သန႔္ရွင္းေသာလမ္းမ်ားေၾကာင့္ ကမာၻလွည့္ခရီးသြားမ်ားအၾကား နာမည္ႀကီးပါတယ္။ ႏိုင္ငံငယ္ေလးဟာ ၿပီးခဲ့တဲ့ႏွစ္က ဖီဖာကမာၻ႔ဖလားကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ပါတယ္။

Related news

© 2021. All rights reserved.