Nord Stream ပိုက်လိုင်းဖောက်ခွဲခံရမှုတွင် အမေရိကန်က ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန်ကြိုးပမ်းနေ

 832

ဂျန်ဇက် (NP News) - မတ် ၂၃

ရုရှား၏ Nord Stream 2 ပိုက်လိုင်းဖောက်ခွဲခံရမှုတွင် အမေရိကန်သည် ၎င်း၏ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန်အတွက် မီဒီယာများထံ သတင်းအချက်အလက်အမှားများ ရည်ရွယ်ချက်ရှိရှိပေးခဲ့ကြောင်း ပူလစ်ဇာဆုရ ဂျာနယ်လစ် Seymour Hersh က ပြောကြားခဲ့သည်။

Nord Stream 2 ပိုက်လိုင်းဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဂျာမနီတို့၏ မီဒီယာများကို သတင်းအမှား များပေးရန်အတွက် စီအိုင်အေသည် Berin ၏ BND ထောက်လှမ်းရေးဌာနနှင့် ပူးပေါင်းကာ ဇာတ်လမ်းဆင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Seymour Hersh က ပြောကြားခဲ့သည်။

၎င်းက "အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပိုက်လိုင်းကိုဖောက်ခွဲဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို လျှော့ချ ဖို့အတွက် စီအိုင်အေက လုပ်ကြံဇာတ်လမ်းကို ဖန်တီးခဲ့တယ်လို့ ထောက်လှမ်းရေးတွေရဲ့အဆိုအရ သိရပါတယ်" ဟု ရေးသားဖော်ပြခဲ့သည်။

စီအိုင်အေသည် လုပ်ကြံဇာတ်လမ်းဖန်တီးမှုကိုလုပ်ဆောင်နိုင်ခဲ့ပြီး ဂျာမနီ၏ အကူအညီဖြင့် New York Times နှင့် German weekly Die Zeit တို့ကဲ့သို့ မီဒီယာများထံ ပေးပို့ခဲ့ကြောင်း Seymour Hersh က မှတ်ချက်ပြု ပြောဆိုခဲ့ သည်။ ယူကရိန်းလိုလားသော အဖွဲ့သည် Nord Stream 2 ပိုက်လိုင်းတွင် ဖောက်ခွဲရေးပစ္စည်များ တပ်ဆင်ရန် အတွက် ဇိမ်ခံရွက်လှေတစ်စီးကို အသုံးပြုခဲ့သည်ဆိုသည့် စာအုပ်များ ထုတ်ဝေခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့ ကြောင်းလည်း သိရသည်။ ဂျာမနီမီဒီယာများတွင် ဖော်ပြထားသော သတင်းများသည် အမေရိကန်၏ လုပ်ကြံ ဖန်တီးထားသော သတင်းများဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်၏ အဆိုအရ သိရသည်ဟု Seymour Hersh က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက Nord Stream 1 နှင့် 2 ဓါတ်ငွေ့ပိုက်လိုင်းတို့ ဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး Seymour Hersh သည် ဖေဖော်ဝါရီလတွင် အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကို အမေရိကန်က ကြိုးကိုင်ထားခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ပိုက်လိုင်းများ ဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး အမေရိကန်က ၎င်းတွင် တာဝန်မရှိကြောင်း ပြောဆိုခဲ့သလို အနောက်တိုင်းမီဒီယာအချို့ကလည်း ဖောက်ခွဲမှုတရားခံများသည် ယူကရိန်း နှင့် ဆက်နွယ်မှုရှိသည်ဟု ဖော်ပြခဲ့ကြကြောင်းသိရသည်။ ရုရှားက အဆိုပါသတင်းများသည် ညှိနှိုင်းထား သော မီဒီယာများ၏ လှည့်ဖြားမှုတစ်ခုသာဖြစ်ကြောင်း စွပ်စွဲထားသည်။

Zawgyi Version;
Nord Stream ပိုက္လိုင္းေဖာက္ခြဲခံရမႈတြင္ အေမရိကန္က ပါဝင္ပတ္သက္မႈကို ဖုံးကြယ္ရန္ႀကိဳးပမ္းေန
ဂ်န္ဇက္ (NP News) - မတ္ ၂၃

႐ုရွား၏ Nord Stream 2 ပိုက္လိုင္းေဖာက္ခြဲခံရမႈတြင္ အေမရိကန္သည္ ၎၏ ပါဝင္ပတ္သက္မႈကို ဖုံးကြယ္ရန္အတြက္ မီဒီယာမ်ားထံ သတင္းအခ်က္အလက္အမွားမ်ား ရည္႐ြယ္ခ်က္ရွိရွိေပးခဲ့ေၾကာင္း ပူလစ္ဇာဆုရ ဂ်ာနယ္လစ္ Seymour Hersh က ေျပာၾကားခဲ့သည္။

Nord Stream 2 ပိုက္လိုင္းေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ ဂ်ာမနီတို႔၏ မီဒီယာမ်ားကို သတင္းအမွား မ်ားေပးရန္အတြက္ စီအိုင္ေအသည္ Berin ၏ BND ေထာက္လွမ္းေရးဌာနႏွင့္ ပူးေပါင္းကာ ဇာတ္လမ္းဆင္ ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း Seymour Hersh က ေျပာၾကားခဲ့သည္။

၎က "အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ပိုက္လိုင္းကိုေဖာက္ခြဲဖို႔ အမိန႔္ေပးခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြကို ေလွ်ာ့ခ် ဖို႔အတြက္ စီအိုင္ေအက လုပ္ႀကံဇာတ္လမ္းကို ဖန္တီးခဲ့တယ္လို႔ ေထာက္လွမ္းေရးေတြရဲ႕အဆိုအရ သိရပါတယ္" ဟု ေရးသားေဖာ္ျပခဲ့သည္။

စီအိုင္ေအသည္ လုပ္ႀကံဇာတ္လမ္းဖန္တီးမႈကိုလုပ္ေဆာင္ႏိုင္ခဲ့ၿပီး ဂ်ာမနီ၏ အကူအညီျဖင့္ New York Times ႏွင့္ German weekly Die Zeit တို႔ကဲ့သို႔ မီဒီယာမ်ားထံ ေပးပို႔ခဲ့ေၾကာင္း Seymour Hersh က မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ သည္။ ယူကရိန္းလိုလားေသာ အဖြဲ႕သည္ Nord Stream 2 ပိုက္လိုင္းတြင္ ေဖာက္ခြဲေရးပစၥည္မ်ား တပ္ဆင္ရန္ အတြက္ ဇိမ္ခံ႐ြက္ေလွတစ္စီးကို အသုံးျပဳခဲ့သည္ဆိုသည့္ စာအုပ္မ်ား ထုတ္ေဝျခင္းကို ၎က ရည္ၫႊန္းေျပာဆိုခဲ့ ေၾကာင္းလည္း သိရသည္။ ဂ်ာမနီမီဒီယာမ်ားတြင္ ေဖာ္ျပထားေသာ သတင္းမ်ားသည္ အေမရိကန္၏ လုပ္ႀကံ ဖန္တီးထားေသာ သတင္းမ်ားျဖစ္ေၾကာင္း အေမရိကန္ေထာက္လွမ္းေရးအသိုင္းအဝိုင္း သတင္းရင္းျမစ္၏ အဆိုအရ သိရသည္ဟု Seymour Hersh က ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလက Nord Stream 1 ႏွင့္ 2 ဓါတ္ေငြ႕ပိုက္လိုင္းတို႔ ေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး Seymour Hersh သည္ ေဖေဖာ္ဝါရီလတြင္ အစီရင္ခံစာတစ္ခုကိုထုတ္ျပန္ခဲ့ၿပီး တိုက္ခိုက္မႈကို အေမရိကန္က ႀကိဳးကိုင္ထားျခင္းျဖစ္ေၾကာင္း စြပ္စြဲေျပာဆိုခဲ့သည္။ ပိုက္လိုင္းမ်ား ေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး အေမရိကန္က ၎တြင္ တာဝန္မရွိေၾကာင္း ေျပာဆိုခဲ့သလို အေနာက္တိုင္းမီဒီယာအခ်ိဳ႕ကလည္း ေဖာက္ခြဲမႈတရားခံမ်ားသည္ ယူကရိန္း ႏွင့္ ဆက္ႏြယ္မႈရွိသည္ဟု ေဖာ္ျပခဲ့ၾကေၾကာင္းသိရသည္။ ႐ုရွားက အဆိုပါသတင္းမ်ားသည္ ညႇိႏႈိင္းထား ေသာ မီဒီယာမ်ား၏ လွည့္ျဖားမႈတစ္ခုသာျဖစ္ေၾကာင္း စြပ္စြဲထားသည္။

Picture

U Myint Thein

23/03/2023 21:48

CIA ယုတ်မာခဲ့တာ လိမ်လို့ ရ ရိုးလား။အယုတ်တမာUSA။

Related news

© 2021. All rights reserved.