အပြိုင်အဆိုင်ကမ်းလှမ်းမှုများရှိနေသည့်အတွက် ရောင်းချမည့်နောက်ဆုံးရက်ကို သက်တမ်းထပ်တိုးမည်ဟု မန်ယူအသင်းဆို

 417

Pika (NP News) - မတ် ၂၃

မန်ယူအသင်းကိုဝယ်ယူရန်အတွက် ထိပ်တန်းပြိုင်ဖက်နှစ်ဦးသည် ၎င်းတို့၏ ကမ်းလှမ်းမှုများကို တင်ပြရန် ပြင်ဆင် နေသောကြောင့် မန်ယူအသင်းတာဝန်ရှိသူများသည် နောက်ဆုံးကမ်းလှမ်းမှုရက်ကို သက်တမ်းတိုးခဲ့ကြောင်း သိရသည်။

ကာတာဘီလျံနာ သူဋ္ဌေးကြီး Sheikh Jassim bin Hamad နှင့် ပြိုင်ဖက် ဗြိတိန်ဘီလျံနာ ဂျင်ရက်ကလစ်ဖ်တို့ နှစ်ဦး စလုံးသည် မန်ယူအသင်းကိုဝယ်ယူရန်အတွက် ၎င်းတို့၏ ကမ်းလှမ်းမှုများကို တင်ပြဖို့ ကမ်းလှမ်းမှုနောက်ဆုံးရက် ကို သက်တမ်းတိုးပေးရန် တောင်းဆိုချက်တင်သွင်းခဲ့ကြကြောင်းလည်း သိရသည်။ မန်ယူအသင်းပိုင်ရှင်များသည် ကမ်းလှမ်းမှုနောက်ဆုံးရက်ကို သက်တမ်းတိုးခဲ့သော်လည်း ဘယ်နေ့ နောက်ဆုံးဖြစ်သည်ဆိုသည့်အချက်ကို ထုတ်ပြန်ပြောကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။

ကာတာဘီလျံနာ သူဋ္ဌေးကြီး Sheikh Jassim bin Hamadသည် (၆)ဘီလျံတန်သည်ဟု ယုံကြည်နေကြသော ပိုင်သည့် မန်ယူအသင်းကိုဝယ်ယူရန်အတွက် ငွေကြေးအများကြီးပေးချေမှု မလုပ်ဆောင်ရန် ယခင်က ဆုံးဖြတ်ခဲ့ ကြောင်းလည်း သိရသည်။ ဂလေဇာမိသားစုသည် မန်ယူအသင်းကို (၆)ဘီလျံတန်ကြေးရှိသည်ဟု ယုံကြည်နေ ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

သို့သော်လည်း မကြာသေးမီရက်များအတွင်း ကာတာကိုယ်စားလှယ်အဖွဲ့သည် အိုးထရက်ဖို့ဒ်သို့ လာရောက် လည်ပတ်ပြီးနောက် (၁ဝ) နာရီကြာ ဆွေးနွေးမှုအပြီးတွင် ကာတာဘီလျံနာ သူဋ္ဌေးကြီး Sheikh Jassim bin Hamad ၏ ရည်ရွယ်ချက်မှာ ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။ ဗြိတိန်ဘီလျံနာသူဋ္ဌေးကြီး ဂျင်ရက်ကလစ်ဖ်၏ INEOS ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်သီတင်းပတ်က မန်ယူအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်း နှင့် ကာရင်တန်လေ့ကျင့်ရေးကွင်းတို့ကို ခြောက်နာရီကြာ သွားရောက် ကြည့်ရှု ခဲ့ကြကြောင်းလည်း သိရသည်။ မန်ယူအသင်းကိုဝယ်ယူရန် ကြိုးပမ်းသူများထဲတွင် ၎င်းတို့နှစ်ဦးသည် လူသိ အများဆုံးနှစ်ဦးဖြစ်သော်လည်း ကမ်းလှမ်းမှုများကို လုပ်ဆောင်နေသည့် အခြားလူများလည်းရှိနေကြောင်း သိရသည်။

Zawgyi Version;
အၿပိဳင္အဆိုင္ကမ္းလွမ္းမႈမ်ားရွိေနသည့္အတြက္ ေရာင္းခ်မည့္ေနာက္ဆုံးရက္ကို သက္တမ္းထပ္တိုးမည္ဟု မန္ယူအသင္းဆို
Pika (NP News) - မတ္ ၂၃

မန္ယူအသင္းကိုဝယ္ယူရန္အတြက္ ထိပ္တန္းၿပိဳင္ဖက္ႏွစ္ဦးသည္ ၎တို႔၏ ကမ္းလွမ္းမႈမ်ားကို တင္ျပရန္ ျပင္ဆင္ ေနေသာေၾကာင့္ မန္ယူအသင္းတာဝန္ရွိသူမ်ားသည္ ေနာက္ဆုံးကမ္းလွမ္းမႈရက္ကို သက္တမ္းတိုးခဲ့ေၾကာင္း သိရသည္။

ကာတာဘီလ်ံနာ သူေ႒းႀကီး Sheikh Jassim bin Hamad ႏွင့္ ၿပိဳင္ဖက္ ၿဗိတိန္ဘီလ်ံနာ ဂ်င္ရက္ကလစ္ဖ္တို႔ ႏွစ္ဦး စလုံးသည္ မန္ယူအသင္းကိုဝယ္ယူရန္အတြက္ ၎တို႔၏ ကမ္းလွမ္းမႈမ်ားကို တင္ျပဖို႔ ကမ္းလွမ္းမႈေနာက္ဆုံးရက္ ကို သက္တမ္းတိုးေပးရန္ ေတာင္းဆိုခ်က္တင္သြင္းခဲ့ၾကေၾကာင္းလည္း သိရသည္။ မန္ယူအသင္းပိုင္ရွင္မ်ားသည္ ကမ္းလွမ္းမႈေနာက္ဆုံးရက္ကို သက္တမ္းတိုးခဲ့ေသာ္လည္း ဘယ္ေန႔ ေနာက္ဆုံးျဖစ္သည္ဆိုသည့္အခ်က္ကို ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။

ကာတာဘီလ်ံနာ သူေ႒းႀကီး Sheikh Jassim bin Hamadသည္ (၆)ဘီလ်ံတန္သည္ဟု ယုံၾကည္ေနၾကေသာ ပိုင္သည့္ မန္ယူအသင္းကိုဝယ္ယူရန္အတြက္ ေငြေၾကးအမ်ားႀကီးေပးေခ်မႈ မလုပ္ေဆာင္ရန္ ယခင္က ဆုံးျဖတ္ခဲ့ ေၾကာင္းလည္း သိရသည္။ ဂေလဇာမိသားစုသည္ မန္ယူအသင္းကို (၆)ဘီလ်ံတန္ေၾကးရွိသည္ဟု ယုံၾကည္ေန ေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

သို႔ေသာ္လည္း မၾကာေသးမီရက္မ်ားအတြင္း ကာတာကိုယ္စားလွယ္အဖြဲ႕သည္ အိုးထရက္ဖို႔ဒ္သို႔ လာေရာက္ လည္ပတ္ၿပီးေနာက္ (၁ဝ) နာရီၾကာ ေဆြးေႏြးမႈအၿပီးတြင္ ကာတာဘီလ်ံနာ သူေ႒းႀကီး Sheikh Jassim bin Hamad ၏ ရည္႐ြယ္ခ်က္မွာ ေျပာင္းလဲသြားခဲ့ေၾကာင္း သိရသည္။ ၿဗိတိန္ဘီလ်ံနာသူေ႒းႀကီး ဂ်င္ရက္ကလစ္ဖ္၏ INEOS ကုမၸဏီမွ ကိုယ္စားလွယ္အဖြဲ႕သည္ ၿပီးခဲ့သည့္သီတင္းပတ္က မန္ယူအသင္းတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး အိုးထရက္ဖို႔ဒ္ကြင္း ႏွင့္ ကာရင္တန္ေလ့က်င့္ေရးကြင္းတို႔ကို ေျခာက္နာရီၾကာ သြားေရာက္ ၾကည့္ရႈ ခဲ့ၾကေၾကာင္းလည္း သိရသည္။ မန္ယူအသင္းကိုဝယ္ယူရန္ ႀကိဳးပမ္းသူမ်ားထဲတြင္ ၎တို႔ႏွစ္ဦးသည္ လူသိ အမ်ားဆုံးႏွစ္ဦးျဖစ္ေသာ္လည္း ကမ္းလွမ္းမႈမ်ားကို လုပ္ေဆာင္ေနသည့္ အျခားလူမ်ားလည္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.