ကိုက်(၁၁ဝ)အကွာအဝေးမှ ဂိုးသွင်းယူမှုနှင့်အတူ ဂင်းနစ်စံချိန်တင်နိုင်မည့် ချီလီဂိုးသမား

 798

Pika (NP News) - မတ် ၂၃

ချီလီဘောလုံးအသင်းတစ်သင်းဖြစ်သည့် Cobresal အသင်း၏ ဂိုးသမားဖြစ်သော Leandro Requena သည် ကိုက် (၁၁ဝ)အကွာအဝေးမှ ပြိုင်ဖက်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။

Leandro Requena သည် Colo-Colo အသင်း နှင့် ကစားသည့်ပွဲတွင် ကိုက်(၁၁ဝ) အကွာအဝေးမှ ဂိုးသွင်းယူနိုင် ခဲ့ပြီးနောက် လက်ရှိကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Leandro Requena က "ပြိုင်ဖက်အသင်းနဲ့ အပြိုင်အဆိုင်ကစားနေတဲ့အချိန်မှာ ကျွန်တော်မြန်မြန်ဆန်ဆန်နဲ့ ဘောလုံးကို ကန်တင် လိုက်တာပါ။ ကံကောင်းစွာနဲ့ပဲ ဘောလုံးက ပြိုင်ဖက်အသင်း ဂိုးပေါက်ထဲကို တန်းဝင်သွားခဲ့တာပါ" ဟု ပြောဆိုခဲ့သည်။

အဆိုပါဂိုးကို ကိုက်(၁၁ဝ) အကွာအဝေးမှ ကန်သွင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အသင်းတာဝန်ရှိသူများက ခန့်မှန်းပြော ဆိုခဲ့သည်။ ဘောလုံးလောကတွင် အဝေးဆုံးမှ ဂိုးသွင်းယူနိုင်ခဲ့သည့် လက်ရှိကမ္ဘာ့ဂင်းနစ်စံချိန်မှာ (၁ဝ၅) ကိုက်ဖြစ် ပြီး (၂ဝ၂၁) ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်ကစားသမား Tom King က သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leandro Requena က "အသင်းမန်နေဂျာ ဂျူအန်ဆေးလ်ဗားကို ဒီမှတ်တမ်းကို ဂင်းနစ်စံချိန် မှတ်တမ်းတင်တဲ့အဖွဲ့ဆီ ပို့ပေးမှာလားလို့ မေးခဲ့ပါတယ်။ ဂျူအန်ဆေးလ်ဗားက အသေအချာပါပဲ၊ ရောက်အောင်ပို့ပေးမှာလို့ ပြန်ပြောခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်

Zawgyi Version;
ကိုက္(၁၁ဝ)အကြာအေဝးမွ ဂိုးသြင္းယူမႈႏွင့္အတူ ဂင္းနစ္စံခ်ိန္တင္ႏိုင္မည့္ ခ်ီလီဂိုးသမား
Pika (NP News) - မတ္ ၂၃

ခ်ီလီေဘာလုံးအသင္းတစ္သင္းျဖစ္သည့္ Cobresal အသင္း၏ ဂိုးသမားျဖစ္ေသာ Leandro Requena သည္ ကိုက္ (၁၁ဝ)အကြာအေဝးမွ ၿပိဳင္ဖက္အသင္းကို ဂိုးသြင္းယူႏိုင္ခဲ့သည့္အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ဖြယ္ ရွိေနေၾကာင္း သိရသည္။

Leandro Requena သည္ Colo-Colo အသင္း ႏွင့္ ကစားသည့္ပြဲတြင္ ကိုက္(၁၁ဝ) အကြာအေဝးမွ ဂိုးသြင္းယူႏိုင္ ခဲ့ၿပီးေနာက္ လက္ရွိကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Leandro Requena က "ၿပိဳင္ဖက္အသင္းနဲ႔ အၿပိဳင္အဆိုင္ကစားေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္ျမန္ျမန္ဆန္ဆန္နဲ႔ ေဘာလုံးကို ကန္တင္ လိုက္တာပါ။ ကံေကာင္းစြာနဲ႔ပဲ ေဘာလုံးက ၿပိဳင္ဖက္အသင္း ဂိုးေပါက္ထဲကို တန္းဝင္သြားခဲ့တာပါ" ဟု ေျပာဆိုခဲ့သည္။

အဆိုပါဂိုးကို ကိုက္(၁၁ဝ) အကြာအေဝးမွ ကန္သြင္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း အသင္းတာဝန္ရွိသူမ်ားက ခန႔္မွန္းေျပာ ဆိုခဲ့သည္။ ေဘာလုံးေလာကတြင္ အေဝးဆုံးမွ ဂိုးသြင္းယူႏိုင္ခဲ့သည့္ လက္ရွိကမာၻ႔ဂင္းနစ္စံခ်ိန္မွာ (၁ဝ၅) ကိုက္ျဖစ္ ၿပီး (၂ဝ၂၁) ခုႏွစ္ ဇန္နဝါရီလတြင္ ၿဗိတိန္ကစားသမား Tom King က သြင္းယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Leandro Requena က "အသင္းမန္ေနဂ်ာ ဂ်ဴအန္ေဆးလ္ဗားကို ဒီမွတ္တမ္းကို ဂင္းနစ္စံခ်ိန္ မွတ္တမ္းတင္တဲ့အဖြဲ႕ဆီ ပို႔ေပးမွာလားလို႔ ေမးခဲ့ပါတယ္။ ဂ်ဴအန္ေဆးလ္ဗားက အေသအခ်ာပါပဲ၊ ေရာက္ေအာင္ပို႔ေပးမွာလို႔ ျပန္ေျပာခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.