အမေရိကန်အစိုးရက လိမ်လည်မှုများကျူးလွန်နေသူများဖြစ်ကြောင်း မက္ကဆီကိုသမ္မတ ပြစ်တင်ဝေဖန်

 906

ဂျန်ဇက် (NP News) - မတ် ၂၃

အမေရိကန်အစိုးရဟာ လူလိမ်များဖြစ်တယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရက်စ် မာနျူရယ် လိုပက်ဇ် အော့ဘရာဒိုစ့် က ပြစ်တင်ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံများနဲ့ပတ်သက်ပြီး လူအခွင့်ရေးအခြေအနေကိုထုတ်ပြန်ခဲ့ရာ မက္ကဆီကိုနိုင်ငံကိုလည်း လူအခွင့်ရေးချိုးဖောက်သူများအဖြစ် သတ်မှတ်ဖော်ပြခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် မက္ကဆီကိုသမ္မတက "အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်တွေကမှန်ကန်မှုမရှိဘူး၊ အမေရိကန်အစိုရဟာ လူလိမ် တွေသာဖြစ်တယ်။ အမေရိကန်အစိုးရဟာ ဒေါသဖြစ်ရတာနဲ့ တန်တဲ့သူတွေမဟုတ်ဘူး" လို့ ပြောပါတယ်။

အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ လူအခွင့်အရေးကြေညာချက်တွေထဲမှာ မက္ကဆီကိုအာဏာပိုင်တွေဟာ အရပ်သားတွေအပေါ် လူအခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့သလို ညှင်းပန်းနှိပ်စက်တာ၊ အစဖျောက်တာ၊ ဥပဒေနဲ့ မညီတဲ့သတ်ဖြတ်မှုတွေ လုပ်နေကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မက္ကဆီကိုအာဏာပိုင်တွေဟာ အကျင့်ပျက်ခြစားမှုတွေရှိနေသလို ရာဇာဝတ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ပေးနိုင်မှု လျော့နည်းနေကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။ မက္ကဆီကိုသမ္မတက " အမေရိကန် အစိုးရဟာ သူတို့ကိုယ်သူတို့ ကမ္ဘာအစိုးရလို့ထင်နေကြတယ်။ အမေရိကန်အစိုးရဟာ လူလိမ်တွေသာဖြစ်တယ်" လို့ ပြောပါတယ်။

အမေရိကန်အစိုးရအဖွဲ့အတွင်းရှိ မက္ကဆီကိုဆန့်ကျင်ရေးအုပ်စုတွေဟာ နှစ်နိုင်ငံကြားပြဿနာများဖြစ်အောင် ဖန်တီးနေကြောင်း မက္ကဆီကိုသမ္မတ က ပြောပါတယ်။ မက္ကဆီကိုသမ္မတက "အ‌မေရိကန် နဲ့ မက္ကဆီကို နှစ်နိုင်ငံရဲ့ ဘေးကင်းလုံခြုံမှုတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် မက္ကဆီကိုနိုင်ငံဟာ အမေရိကန်နိုင်ငံထက် ပိုမိုလုံခြုံမှုရှိနေ တယ်" လို့ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ အမေရိကန်အစိုးရဲ့လူအခွင့်ရေးချိုးဖောက်မှုရှိနေတဲ့ နိုင်ငံတွေစာရင်းမှာ ရုရှား၊ တရုတ်နိုင်ငံတို့လည်း ပါဝင်နေကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္အစိုးရက လိမ္လည္မႈမ်ားက်ဴးလြန္ေနသူမ်ားျဖစ္ေၾကာင္း မကၠဆီကိုသမၼတ ျပစ္တင္ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၂၃

အေမရိကန္အစိုးရဟာ လူလိမ္မ်ားျဖစ္တယ္လို႔ မကၠဆီကိုသမၼတ အန္ဒရက္စ္ မာန်ဴရယ္ လိုပက္ဇ္ ေအာ့ဘရာဒိုစ့္ က ျပစ္တင္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္အစိုးရဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကမာၻ႔ႏိုင္ငံမ်ားနဲ႔ပတ္သက္ၿပီး လူအခြင့္ေရးအေျခအေနကိုထုတ္ျပန္ခဲ့ရာ မကၠဆီကိုႏိုင္ငံကိုလည္း လူအခြင့္ေရးခ်ိဳးေဖာက္သူမ်ားအျဖစ္ သတ္မွတ္ေဖာ္ျပခဲ့ေၾကာင္းသိရပါတယ္။ ဒါေပမယ့္ မကၠဆီကိုသမၼတက "အေမရိကန္အစိုးရရဲ႕ထုတ္ျပန္ခ်က္ေတြကမွန္ကန္မႈမရွိဘူး၊ အေမရိကန္အစိုရဟာ လူလိမ္ ေတြသာျဖစ္တယ္။ အေမရိကန္အစိုးရဟာ ေဒါသျဖစ္ရတာနဲ႔ တန္တဲ့သူေတြမဟုတ္ဘူး" လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရက ထုတ္ျပန္တဲ့ လူအခြင့္အေရးေၾကညာခ်က္ေတြထဲမွာ မကၠဆီကိုအာဏာပိုင္ေတြဟာ အရပ္သားေတြအေပၚ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြရွိခဲ့သလို ညႇင္းပန္းႏွိပ္စက္တာ၊ အစေဖ်ာက္တာ၊ ဥပေဒနဲ႔ မညီတဲ့သတ္ျဖတ္မႈေတြ လုပ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ မကၠဆီကိုအာဏာပိုင္ေတြဟာ အက်င့္ပ်က္ျခစားမႈေတြရွိေနသလို ရာဇာဝတ္မႈက်ဴးလြန္သူမ်ားကို ျပစ္ဒဏ္ေပးႏိုင္မႈ ေလ်ာ့နည္းေနေၾကာင္း အေမရိကန္အစိုးရက ေျပာပါတယ္။ မကၠဆီကိုသမၼတက " အေမရိကန္ အစိုးရဟာ သူတို႔ကိုယ္သူတို႔ ကမာၻအစိုးရလို႔ထင္ေနၾကတယ္။ အေမရိကန္အစိုးရဟာ လူလိမ္ေတြသာျဖစ္တယ္" လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရအဖြဲ႕အတြင္းရွိ မကၠဆီကိုဆန႔္က်င္ေရးအုပ္စုေတြဟာ ႏွစ္ႏိုင္ငံၾကားျပႆနာမ်ားျဖစ္ေအာင္ ဖန္တီးေနေၾကာင္း မကၠဆီကိုသမၼတ က ေျပာပါတယ္။ မကၠဆီကိုသမၼတက "အ‌ေမရိကန္ နဲ႔ မကၠဆီကို ႏွစ္ႏိုင္ငံရဲ႕ ေဘးကင္းလုံၿခဳံမႈေတြကိုႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ မကၠဆီကိုႏိုင္ငံဟာ အေမရိကန္ႏိုင္ငံထက္ ပိုမိုလုံၿခဳံမႈရွိေန တယ္" လို႔ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ထုတ္ျပန္တဲ့ အေမရိကန္အစိုးရဲ႕လူအခြင့္ေရးခ်ိဳးေဖာက္မႈရွိေနတဲ့ ႏိုင္ငံေတြစာရင္းမွာ ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔လည္း ပါဝင္ေနေၾကာင္း သိရပါတယ္။

Picture

Ye Htun

23/03/2023 21:17

ဟုတ်တယ်...အမေရိကန် တွေ..လူလိမ်တွေ..ကလိန်ကကျစ်တွေချည်းဘဲ

Related news

© 2021. All rights reserved.