သံတမန်ဆက်ဆံရေးမြှင့်တင်ဖို့ ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်

 600

ရောင်နီ (NP News) - မတ် ၂၃

ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီးဟာ သံတမန်ဆက်ဆံရေးထူထောင်မှုမြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံသို့ သွားရောက်နေပြီး ထိုင်ဝမ်နဲ့ ဆယ်စုနှစ်များစွာကြာ တည်တံ့နေတဲ့ ဆက်ဆံရေး နိဂုံးချုပ်သွားဖွယ်ရှိကြောင်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

တစ်ချိန်က ထိုင်ဝမ်အတွက် ခိုင်မာသောအခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့တဲ့ ဟွန်ဒူးရပ်စ်အတွက် ၎င်းရဲ့ အိမ်နောက်ဖေး မှာ ပေကျင်းရဲ့သြဇာလွှမ်းမိုးမှုချဲ့ထွင်လာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။ ဟွန်ဒူးရပ်စ်သမ္မတ ရှိုမာရာ ကတ်စထရိုက ၎င်းရဲ့အစိုးရဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဖွင့်ဖို့ ကြိုးပမ်းမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က တွစ်တာ မှာ ရေးသားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အယ်ဒူရာဒိုအန်ရစ်ကွစ်ရိုင်နာက သမ္မတ ရှိုမာရာကတ်စထရိုရဲ့ ညွှန်ကြားချက်အရ သံတမန်ဆက်ဆံရေးထူထောင်ရေးအတွက် မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့ခြင်းဖြစ်တယ်လို့ သမ္မတရဲ့သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး အိုင်ဗစ်အယ်ဗာရာဒိုက ပြောကြားခဲ့ပါ တယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်း ဘေဂျင်းဟာ ဟွန်ဒူးရပ်စ်အစိုးရရဲ့ဆက်ဆံရေး တည်ဆောက်ခြင်းအပေါ် အပြုသဘောဆောင်သော သဘောထားကို ကြိုဆိုကြောင်း၊ တန်းတူညီမျှမှုနဲ့ အပြန် အလှန်လေးစားမှုအပေါ်အခြေခံပြီး ၎င်းတို့ကို ထပ်မံ တိုးတက်စေဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းလုပ်ရပ်ကြောင့် ထိုင်ဝမ်သည် နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့သာ သံတမန်ဆက်ဆံရေး ထားရှိမယ်လို့ ဆိုပါတယ်။

Zawgyi Version;
သံတမန္ဆက္ဆံေရးျမႇင့္တင္ဖို႔ ဟြန္ဒူးရပ္စ္ႏိုင္ငံျခားေရးဝန္ႀကီး တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္
ေရာင္နီ (NP News) - မတ္ ၂၃

ဟြန္ဒူးရပ္စ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ သံတမန္ဆက္ဆံေရးထူေထာင္မႈျမႇင့္တင္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ေနၿပီး ထိုင္ဝမ္နဲ႔ ဆယ္စုႏွစ္မ်ားစြာၾကာ တည္တံ့ေနတဲ့ ဆက္ဆံေရး နိဂုံးခ်ဳပ္သြားဖြယ္ရွိေၾကာင္း အရာရွိ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

တစ္ခ်ိန္က ထိုင္ဝမ္အတြက္ ခိုင္မာေသာအေျခစိုက္စခန္းတစ္ခုျဖစ္ခဲ့တဲ့ ဟြန္ဒူးရပ္စ္အတြက္ ၎ရဲ႕ အိမ္ေနာက္ေဖး မွာ ေပက်င္းရဲ႕ၾသဇာလႊမ္းမိုးမႈခ်ဲ႕ထြင္လာမွာကို အေမရိကန္က စိုးရိမ္ေနပါတယ္။ ဟြန္ဒူးရပ္စ္သမၼတ ရႈိမာရာ ကတ္စထ႐ိုက ၎ရဲ႕အစိုးရဟာ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးဖြင့္ဖို႔ ႀကိဳးပမ္းမယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္က တြစ္တာ မွာ ေရးသားခဲ့ပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီး အယ္ဒူရာဒိုအန္ရစ္ကြစ္႐ိုင္နာက သမၼတ ရႈိမာရာကတ္စထ႐ိုရဲ႕ ၫႊန္ၾကားခ်က္အရ သံတမန္ဆက္ဆံေရးထူေထာင္ေရးအတြက္ မတ္လ ၂၂ ရက္၊ ဗုဒၶဟူးေန႔က တ႐ုတ္ႏိုင္ငံသို႔ ခရီးထြက္ခဲ့ျခင္းျဖစ္တယ္လို႔ သမၼတရဲ႕သတင္းထုတ္ျပန္ေရးအတြင္းေရးမႉး အိုင္ဗစ္အယ္ဗာရာဒိုက ေျပာၾကားခဲ့ပါ တယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဝမ္ဝမ္ဘင္း ေဘဂ်င္းဟာ ဟြန္ဒူးရပ္စ္အစိုးရရဲ႕ဆက္ဆံေရး တည္ေဆာက္ျခင္းအေပၚ အျပဳသေဘာေဆာင္ေသာ သေဘာထားကို ႀကိဳဆိုေၾကာင္း၊ တန္းတူညီမွ်မႈနဲ႔ အျပန္ အလွန္ေလးစားမႈအေပၚအေျခခံၿပီး ၎တို႔ကို ထပ္မံ တိုးတက္ေစဖို႔ ဆႏၵရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယင္းလုပ္ရပ္ေၾကာင့္ ထိုင္ဝမ္သည္ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံနဲ႔သာ သံတမန္ဆက္ဆံေရး ထားရွိမယ္လို႔ ဆိုပါတယ္။

Picture

Ye Htun

23/03/2023 22:31

အမေရိကန်နဲ့ ပတ်သက်သူတွေ..နားလိုက်တော့😂😂🤣🤣

Related news

© 2021. All rights reserved.