ယူကရိန်းစစ်ပွဲအရှိန်မြင့်တက်အောင် အမေရိကန်နိုင်ငံအနေဖြင့် မီးမမွှေးပေးသင့်ကြောင်း တရုတ်အစိုးရ ပြော

 923

Pika (NP News) - မတ် ၂၄

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်သည် စွပ်စွဲပြောဆိုနေခြင်းများအစား စစ်ပွဲအရှိန် ပိုမိုပြင်းထန်အောင် မီးမွှေးနေခြင်းများကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝမ်ဘင် က ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းကြား ဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန် တရုတ်၏ကြားမှုသည် သမာသမတ်ကျပြီး ဘက်လိုက်မှုကင်းသည်ဟု မထင်မိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝမ်ဘင်က ယခုကဲ့ သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တရုတ်သည် ရုရှားနိုင်ငံထံမှ စွမ်းအင်များကို ဝယ်ယူနေခဲ့ပြီး ရုရှား၏ကျူးကျော်တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခြင်းမျိုး မလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ကာ ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခဲ့သော်လည်း ယူကရိန်းသမ္မတဇီလန်စကီး နှင့် တစ်ခါမှ တွေ့ဆုံစကားပြောခြင်းမျိုး မရှိခဲ့ကြောင်း ဂျွန်ကာဘိုင်က မှတ်ချက်ပြုပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝမ်ဘင်က အမေရိကန်သည် ယူကရိန်းစစ်ပွဲတွင် နက်နက် ရှိုင်းရှိုင်းပါဝင်ပတ်သက်နေပြီး တရုတ်ကို ဘက်လိုက်သည်ဟု စွပ်စွဲမပြောဆိုသင့်ကြောင်း ပြောဆိုခဲ့သည်။

ဝမ်းဝမ်ဘင် က "ကျွန်တော်တို့ကို ဘက်လိုက်မှုတွေရှိတယ်လို့ အမေရိကန်ကစွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါဆို ယူကရိန်းကို လက်နက်တွေ တောက်လျှောက်ထောက်ပံ့ပေးတာက သမာသမတ်ကျပါသလား။ ပဋိပက္ခကို အရှိန် မြင့်တက်လာအောင် လုပ်ဆောင်နေခြင်းက သမာသမတ်ကျပါသလား။ ဒီပဋိပက္ခရဲ့သက်ရောက်မှု အကျပ်အတည်း တွေက ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့သွားတာမျိုး ဖြစ်သင့်သလား။ ယူကရိန်းစစ်ပွဲမှာ အမေရိကန်က ဘယ်လိုရပ်တည်နေ တယ်ဆိုတာ ပြန်စဥ်းစားဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ တရုတ်ကို စွပ်စွဲပြောဆိုတာမျိုးတွေ မလုပ်တော့ ဘဲ စစ်ပွဲအရှိန်မြင့်တက်လာအောင် မီးမွှေးနေတာမျိုးလည်း မလုပ်ဖို့တိုက်တွန်းထားပါတယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် အကျိုးအမြတ်ရှာခြင်းမျိုး နှင့် တစ်ကိုယ်ကောင်းဆန်‌သော ရည်ရွယ်ချက်မျိုးလည်းမရှိကြောင်း ဝမ်းဝမ်ဘင်က ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ အဓိကရည်ရွယ်ချက်သည် ရုရှား နှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်လာရန်နှင့် ပဋိပက္ခကို အဆုံးသတ်ရန် ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲအရွိန္ျမင့္တက္ေအာင္ အေမရိကန္ႏိုင္ငံအေနျဖင့္ မီးမေမႊးေပးသင့္ေၾကာင္း တ႐ုတ္အစိုးရ ေျပာ
Pika (NP News) - မတ္ ၂၄

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး အေမရိကန္သည္ စြပ္စြဲေျပာဆိုေနျခင္းမ်ားအစား စစ္ပြဲအရွိန္ ပိုမိုျပင္းထန္ေအာင္ မီးေမႊးေနျခင္းမ်ားကို ရပ္တန႔္သင့္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဝမ္းဝမ္ဘင္ က ေျပာၾကားခဲ့သည္။

႐ုရွားႏွင့္ယူကရိန္းၾကား ျဖစ္ပြားေနေသာ စစ္ပြဲကိုအဆုံးသတ္ရန္ တ႐ုတ္၏ၾကားမႈသည္ သမာသမတ္က်ၿပီး ဘက္လိုက္မႈကင္းသည္ဟု မထင္မိေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဝမ္းဝမ္ဘင္က ယခုကဲ့ သို႔ တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ တ႐ုတ္သည္ ႐ုရွားႏိုင္ငံထံမွ စြမ္းအင္မ်ားကို ဝယ္ယူေနခဲ့ၿပီး ႐ုရွား၏က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ျခင္းမ်ိဳး မလုပ္ေဆာင္ခဲ့ေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့သည္။ တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ ႐ုရွားႏိုင္ငံသို႔ သြားေရာက္လည္ပတ္ကာ ႐ုရွားသမၼတပူတင္ႏွင့္ေတြ႕ဆုံခဲ့ေသာ္လည္း ယူကရိန္းသမၼတဇီလန္စကီး ႏွင့္ တစ္ခါမွ ေတြ႕ဆုံစကားေျပာျခင္းမ်ိဳး မရွိခဲ့ေၾကာင္း ဂြၽန္ကာဘိုင္က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဝမ္းဝမ္ဘင္က အေမရိကန္သည္ ယူကရိန္းစစ္ပြဲတြင္ နက္နက္ ရႈိင္းရႈိင္းပါဝင္ပတ္သက္ေနၿပီး တ႐ုတ္ကို ဘက္လိုက္သည္ဟု စြပ္စြဲမေျပာဆိုသင့္ေၾကာင္း ေျပာဆိုခဲ့သည္။

ဝမ္းဝမ္ဘင္ က "ကြၽန္ေတာ္တို႔ကို ဘက္လိုက္မႈေတြရွိတယ္လို႔ အေမရိကန္ကစြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါဆို ယူကရိန္းကို လက္နက္ေတြ ေတာက္ေလွ်ာက္ေထာက္ပံ့ေပးတာက သမာသမတ္က်ပါသလား။ ပဋိပကၡကို အရွိန္ ျမင့္တက္လာေအာင္ လုပ္ေဆာင္ေနျခင္းက သမာသမတ္က်ပါသလား။ ဒီပဋိပကၡရဲ႕သက္ေရာက္မႈ အက်ပ္အတည္း ေတြက ကမာၻတစ္ဝန္းကို ပ်ံ႕ႏွံ႔သြားတာမ်ိဳး ျဖစ္သင့္သလား။ ယူကရိန္းစစ္ပြဲမွာ အေမရိကန္က ဘယ္လိုရပ္တည္ေန တယ္ဆိုတာ ျပန္စဥ္းစားဖို႔ ကြၽန္ေတာ္တို႔ တိုက္တြန္းထားပါတယ္။ တ႐ုတ္ကို စြပ္စြဲေျပာဆိုတာမ်ိဳးေတြ မလုပ္ေတာ့ ဘဲ စစ္ပြဲအရွိန္ျမင့္တက္လာေအာင္ မီးေမႊးေနတာမ်ိဳးလည္း မလုပ္ဖို႔တိုက္တြန္းထားပါတယ္" ဟု ေျပာဆိုခဲ့သည္။

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသည္ အက်ိဳးအျမတ္ရွာျခင္းမ်ိဳး ႏွင့္ တစ္ကိုယ္ေကာင္းဆန္‌ေသာ ရည္႐ြယ္ခ်က္မ်ိဳးလည္းမရွိေၾကာင္း ဝမ္းဝမ္ဘင္က ေျပာဆိုခဲ့သည္။ တ႐ုတ္ႏိုင္ငံ၏ အဓိကရည္႐ြယ္ခ်က္သည္ ႐ုရွား ႏွင့္ ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျပန္လည္လုပ္ေဆာင္လာရန္ႏွင့္ ပဋိပကၡကို အဆုံးသတ္ရန္ ျဖစ္ ေၾကာင္း ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.