လမ်းဖြတ်ကူးစဉ် ဆိုင်ကယ်တိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ (၂)ဦးအနက် တစ်ဦးစိုးရိမ်ဖွယ် အခြေအနေရှိနေ

 615

Pearl (NP News) - မတ် ၂၄

ပဲခူးတိုင်း၊ ပြည်မြို့တွင် လမ်းဖြတ်ကူးစဉ် ဆိုင်ကယ်တိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ (၂)ဦးအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၃ ရက်)၊ ည (၈)နာရီအချိန်ခန့်တွင် ပြည်မြို့၊ မြောက်စောင်းတန်းလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြောက်စောင်းတန်းလမ်းမပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လမ်းဖြတ်ကူးစဉ် ဆိုင်ကယ် မှ ဝင်တိုက်မိရာ (၂)ဦးလုံး ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ နှင့် ဆိုင်ကယ်တွင် လိုက်ပါလာသူတို့အား ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

"မနေ့ကညက (၈)နာရီလောက်ကပါ၊ လမ်းဖြတ်ကူးနေတာကို ဆိုင်ကယ်နဲ့ဝင်တိုက်မိတာ၊ ပြီးတော့ ထွက်ပြေးဖို့ လုပ်လို့ ဝိုင်းဖမ်းထားတာ၊ အခုတော့ ရဲစခန်းမှာပါ၊ တိုက်ခံရတဲ့လူကတော့ တစ်ဦးက စိုးရိမ်ရတယ်၊ နောက်တစ်ဦး က လက်မှာ သွေးထွက်သွားတာလေးပဲ" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

ထိုသို့ ဆိုင်ကယ်တိုက်ခံရသူ (၂)ဦးမှာ အသက် ၅ဝ နှစ် ဝန်းကျင်ရှိပြီး အမျိုးသမီးမှာ ဦးခေါင်းနောက်ခြမ်းကွဲ ဒဏ်ရာ ရရှိ၍ အမျိုးသားမှာ လက်တွင်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ပြည်ဆေးရုံသို့ ပို့ဆောင်ထားပြီး အမျိုးသမီးမှာ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ထံ မှ သိရသည်။

Zawgyi Verison;
လမ္းျဖတ္ကူးစဥ္ ဆိုင္ကယ္တိုက္ခံရမႈေၾကာင့္ ဒဏ္ရာရရွိသူ (၂)ဦးအနက္ တစ္ဦးစိုးရိမ္ဖြယ္ အေျခအေနရွိေန
Pearl (NP News) - မတ္ ၂၄

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ လမ္းျဖတ္ကူးစဥ္ ဆိုင္ကယ္တိုက္ခံရမႈေၾကာင့္ ဒဏ္ရာရရွိသူ (၂)ဦးအနက္ တစ္ဦးမွာ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္) ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၃ ရက္)၊ ည (၈)နာရီအခ်ိန္ခန႔္တြင္ ျပည္ၿမိဳ႕၊ ေျမာက္ေစာင္းတန္းလမ္းမေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေျမာက္ေစာင္းတန္းလမ္းမေပၚတြင္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ လမ္းျဖတ္ကူးစဥ္ ဆိုင္ကယ္ မွ ဝင္တိုက္မိရာ (၂)ဦးလုံး ဒဏ္ရာရရွိခဲ့ၿပီး ဆိုင္ကယ္ေမာင္းႏွင္သူ ႏွင့္ ဆိုင္ကယ္တြင္ လိုက္ပါလာသူတို႔အား ရဲစခန္းတြင္ ဖမ္းဆီးထားေၾကာင္း သိရသည္။

"မေန႔ကညက (၈)နာရီေလာက္ကပါ၊ လမ္းျဖတ္ကူးေနတာကို ဆိုင္ကယ္နဲ႔ဝင္တိုက္မိတာ၊ ၿပီးေတာ့ ထြက္ေျပးဖို႔ လုပ္လို႔ ဝိုင္းဖမ္းထားတာ၊ အခုေတာ့ ရဲစခန္းမွာပါ၊ တိုက္ခံရတဲ့လူကေတာ့ တစ္ဦးက စိုးရိမ္ရတယ္၊ ေနာက္တစ္ဦး က လက္မွာ ေသြးထြက္သြားတာေလးပဲ" ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္) ၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

ထိုသို႔ ဆိုင္ကယ္တိုက္ခံရသူ (၂)ဦးမွာ အသက္ ၅ဝ ႏွစ္ ဝန္းက်င္ရွိၿပီး အမ်ိဳးသမီးမွာ ဦးေခါင္းေနာက္ျခမ္းကြဲ ဒဏ္ရာ ရရွိ၍ အမ်ိဳးသားမွာ လက္တြင္ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အား ျပည္ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး အမ်ိဳးသမီးမွာ စိုးရိမ္ဖြယ္ရာအေျခအေနရွိေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္)ထံ မွ သိရသည္။

Related news

© 2021. All rights reserved.