ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၁၅ဝဝ) ကျော်ကို ရောင်းချနိုင် ခဲ့ဟုဆို

666

ယွန်း (NP News) - မတ် ၂၄
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း (၁၅ဝဝ) ကျော်ကို ရောင်းချနိုင်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
အဆိုပါ (၅၈)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို မတ်လ(၁၇)ရက်မှ မတ်လ(၂၃)ရက်အထိ (၁)ပတ် ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။
(၁)ပတ်ကြာ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် ပြည်တွင်းပြည်ပမှ ရတနာကုန်သည်များကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုလဲအတွဲများ အပါအဝင် ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို ရောင်းချပေးခဲ့ ကြောင်း သိရသည်။
ပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း (၂၉၅)တွဲကို မတ်လ(၁၈)ရက်မှ (၁၉)ရက်အထိ ရောင်းချပေးခဲ့ရာ အတွဲပေါင်း(၂၉ဝ) ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောက်မျက်အတွဲပေါင်း (၁၂ဝ) ကိုလည်း မတ်လ(၂ဝ) ရက်တွင် ရောင်းချခဲ့ရာ အတွဲပေါင်း (၇၇) တွဲကို ရောင်းချနိုင်ခဲ့ပြီး မတ်လ(၁၇) ရက်မှ (၂၁) ရက်အထိ ကျောက်စိမ်းအတွဲပေါင်း (၂၁၅ဝ) ကို ရောင်းချခဲ့ရာ အတွဲပေါင်း (၁၅၄၄) တွဲကို ရောင်းချနိုင်ခဲ့ကြောင်း နစကမှ သိရသည်။
အဆိုပါ ကျောက်မျက်ရတနာပြပွဲအား နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေရန် နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Verison;
ေက်ာက္မ်က္ရတနာျပပြဲတြင္ ေက်ာက္စိမ္းအတြဲေပါင္း (၁၅ဝဝ) ေက်ာ္ကို ေရာင္းခ်ႏိုင္ ခဲ့ဟုဆို
ယြန္း (NP News) - မတ္ ၂၄
ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္စိမ္းခန္းမတြင္ က်င္းပခဲ့သည့္ ေက်ာက္မ်က္ရတနာျပပြဲတြင္ ေက်ာက္စိမ္း အတြဲေပါင္း (၁၅ဝဝ) ေက်ာ္ကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
အဆိုပါ (၅၈)ႀကိမ္ေျမာက္ ေက်ာက္မ်က္ရတနာျပပြဲကို မတ္လ(၁၇)ရက္မွ မတ္လ(၂၃)ရက္အထိ (၁)ပတ္ ၾကာ က်င္းပခဲ့ျခင္းျဖစ္သည္။
(၁)ပတ္ၾကာ က်င္းပခဲ့သည့္ ေက်ာက္မ်က္ရတနာျပပြဲတြင္ ျပည္တြင္းျပည္ပမွ ရတနာကုန္သည္မ်ားကို အိတ္ဖြင့္ တင္ဒါစနစ္ျဖင့္ ပုလဲအတြဲမ်ား အပါအဝင္ ေက်ာက္မ်က္အတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ားကို ေရာင္းခ်ေပးခဲ့ ေၾကာင္း သိရသည္။
ျပပြဲတြင္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ပုလဲအတြဲေပါင္း (၂၉၅)တြဲကို မတ္လ(၁၈)ရက္မွ (၁၉)ရက္အထိ ေရာင္းခ်ေပးခဲ့ရာ အတြဲေပါင္း(၂၉ဝ) ကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေက်ာက္မ်က္အတြဲေပါင္း (၁၂ဝ) ကိုလည္း မတ္လ(၂ဝ) ရက္တြင္ ေရာင္းခ်ခဲ့ရာ အတြဲေပါင္း (၇၇) တြဲကို ေရာင္းခ်ႏိုင္ခဲ့ၿပီး မတ္လ(၁၇) ရက္မွ (၂၁) ရက္အထိ ေက်ာက္စိမ္းအတြဲေပါင္း (၂၁၅ဝ) ကို ေရာင္းခ်ခဲ့ရာ အတြဲေပါင္း (၁၅၄၄) တြဲကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း နစကမွ သိရသည္။
အဆိုပါ ေက်ာက္မ်က္ရတနာျပပြဲအား ႏိုင္ငံေတာ္အတြက္ ႏိုင္ငံျခားဝင္ေငြရရွိေစရန္ ႏွင့္ ႏိုင္ငံသားမ်ားအတြက္ စီးပြားေရးအက်ိဳးျဖစ္ထြန္းမႈမ်ား ရရွိေစရန္ ရည္႐ြယ္၍ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။