ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်‌ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို မေလတွင် ဖွင့်လှစ်သွားမည်ဟုဆို

 428

ယွန်း (NP News)- မတ် ၂၄

ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို (၂)လကြာ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှ ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မတ်လ(၂၃)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့၏ ပူးပေါင်းစီစဥ်မှုဖြင့် "ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာကျွမ်းကျင်မှုသင်တန်း"ကို ဖွင့်လှစ်သင်ကြားရန် စီစဥ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို လာမည့် မေလတွင် စာတွေ့၊ လက်တွေ့ဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သင်တန်းတွင် ဆန်စပါးအ‌ခြောက်ခံခြင်း အပါအဝင် သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း စသော စပါးရိတ်သိမ်း ပြီးနောက်ပိုင်း ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် နည်းပညာများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှု ဖြင့် ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလမှာ ရက်ပေါင်း(၆ဝ) ကြာမြင့်မည်ဖြစ်ပြီး ဆန်စက်များတွင် လက်တွေ့သင်ကြားမှုများလည်း ပါဝင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အသိအမှတ်ပြုဘွဲ့တစ်ခုခု ရရှိထားရန် လိုအပ်ပြီး ဆန်စက်များ၊ ဆန်စပါးကုမ္ပဏီများတွင် အလုပ်လုပ်နေသူဖြစ်ပါက အတွေ့အကြုံပေါ်တွင် မူတည်ပြီး ပညာရေးအခြေအနေကို စဥ်းစားလက်ခံသွားမည်ဖြစ်ကြောင်း ဆန်းစပါးအသင်းချုပ်မှ ဆိုထားသည်။

သင်တန်းတက်ရောက်သူများအနက်မှ အဆိုပါကာလအတွင်း သင်တန်းတက်ရောက်မှုနှင့် သင်တန်းပြီးဆုံးချိန် စစ်ဆေးသည့် စာမေးပွဲများတွင် အောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးသွားမည်ဖြစ်ပြီး ဆန်စက်များတွင် အလုပ်လုပ်လိုပါက အလုပ်ရအောင် စီစဥ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် လာမည့် မတ်လ(၂၈)ရက် နောက်ဆုံးထားကာ လျှောက်လွှာတင်သွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန် ကြေညာထားသည်။

Zawgyi Version;
ဆန္စပါးႀကိတ္ခြဲ ထုတ္လုပ္‌ေရးနည္းပညာဆိုင္ရာ ကြၽမ္းက်င္မႈသင္တန္းကို ေမလတြင္ ဖြင့္လွစ္သြားမည္ဟုဆို
ယြန္း (NP News)- မတ္ ၂၄

ဆန္စပါးႀကိတ္ခြဲထုတ္လုပ္ေရးနည္းပညာဆိုင္ရာ ကြၽမ္းက်င္မႈသင္တန္းကို (၂)လၾကာ ဖြင့္လွစ္သြားမည္ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) မွ ထုတ္ျပန္ေၾကညာထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ မတ္လ(၂၃)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စက္မႈဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံ ဆန္စက္လုပ္ငန္းရွင္မ်ား အသင္းတို႔၏ ပူးေပါင္းစီစဥ္မႈျဖင့္ "ဆန္စပါးႀကိတ္ခြဲ ထုတ္လုပ္ေရး နည္းပညာဆိုင္ရာကြၽမ္းက်င္မႈသင္တန္း"ကို ဖြင့္လွစ္သင္ၾကားရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းကို လာမည့္ ေမလတြင္ စာေတြ႕၊ လက္ေတြ႕ျဖင့္ ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

သင္တန္းတြင္ ဆန္စပါးအ‌ေျခာက္ခံျခင္း အပါအဝင္ သိုေလွာင္ျခင္း၊ ႀကိတ္ခြဲထုတ္လုပ္ျခင္း စေသာ စပါးရိတ္သိမ္း ၿပီးေနာက္ပိုင္း ဝယ္ယူ၊ သိုေလွာင္၊ ႀကိတ္ခြဲသန႔္စင္ထုတ္လုပ္သည့္ နည္းပညာမ်ားကို အစိုးရ-ပုဂၢလိက ပူးေပါင္းမႈ ျဖင့္ ကြၽမ္းက်င္ပညာရွင္မ်ားက သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းကာလမွာ ရက္ေပါင္း(၆ဝ) ၾကာျမင့္မည္ျဖစ္ၿပီး ဆန္စက္မ်ားတြင္ လက္ေတြ႕သင္ၾကားမႈမ်ားလည္း ပါဝင္ မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

သင္တန္းတက္ေရာက္မည့္သူမ်ားအေနျဖင့္ အသိအမွတ္ျပဳဘြဲ႕တစ္ခုခု ရရွိထားရန္ လိုအပ္ၿပီး ဆန္စက္မ်ား၊ ဆန္စပါးကုမၸဏီမ်ားတြင္ အလုပ္လုပ္ေနသူျဖစ္ပါက အေတြ႕အႀကဳံေပၚတြင္ မူတည္ၿပီး ပညာေရးအေျခအေနကို စဥ္းစားလက္ခံသြားမည္ျဖစ္ေၾကာင္း ဆန္းစပါးအသင္းခ်ဳပ္မွ ဆိုထားသည္။

သင္တန္းတက္ေရာက္သူမ်ားအနက္မွ အဆိုပါကာလအတြင္း သင္တန္းတက္ေရာက္မႈႏွင့္ သင္တန္းၿပီးဆုံးခ်ိန္ စစ္ေဆးသည့္ စာေမးပြဲမ်ားတြင္ ေအာင္ျမင္သူမ်ားကိုသာ သင္တန္းဆင္းလက္မွတ္ ထုတ္ေပးသြားမည္ျဖစ္ၿပီး ဆန္စက္မ်ားတြင္ အလုပ္လုပ္လိုပါက အလုပ္ရေအာင္ စီစဥ္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ေၾကာင့္ သင္တန္းတက္ေရာက္ရန္ စိတ္ဝင္စားသူမ်ားအေနျဖင့္ လာမည့္ မတ္လ(၂၈)ရက္ ေနာက္ဆုံးထားကာ ေလွ်ာက္လႊာတင္သြင္းရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ ေၾကညာထားသည္။

Picture

09400383969

24/03/2023 16:48

နေရာနှင့်အချိန် or ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်လေး သိပါရစေ သယ်ရင်း

Picture

09400383969

24/03/2023 16:48

နေရာနှင့်အချိန် or ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်လေး သိပါရစေ သယ်ရင်း

Picture

09400383969

24/03/2023 16:48

နေရာနှင့်အချိန် or ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်လေး သိပါရစေ သယ်ရင်း

Related news

© 2021. All rights reserved.