ကယ်လီဖိုးနီးယားမှာ ဥပဒေသစ်နဲ့အတူ Skittles၊ Hot Tamales သကြားလုံးနဲ့ အခြားအရာများ ရောင်းချခြင်းကို တားမြစ်နိုင်

 342

ရောင်နီ (NP News) - မတ် ၂၅

အဆိုပြုထားတဲ့ ကယ်လီဖိုးနီးယားဥပဒေမူကြမ်းအရ Skittles၊ Hot Tamales သကြားလုံး၊ Dubble Bubble Twist Gum နဲ့ အခြားသရေစာများကို အဆိပ်သင့်စေပြီး အန္တရာယ်များနိုင်တာကြောင့် ရောင်းချခြင်းမှု ပိတ်ပင်ဖို့ ဥပဒေမူကြမ်း ရေးဆွဲထားတယ်လို့ သိရပါတယ်။

Assembly အဖွဲ့ဝင် ဂျက်ဆီဂါဘရစ်ရယ်လ် က ဥပဒေမူကြမ်းမှာ အနီရောင်ဆိုးဆေး၊ Titanium Dioxide၊ Potassium Bromate၊ Brominated Vegetable Oil (သို့မဟုတ်) Propyl Paraben ပါရှိသော အစားအစာများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း (သို့မဟုတ်) ဖြန့်ဖြူးခြင်းကို ရပ်တန့်ဖို့ အဆိုပြုထားပါတယ်။

အဆိုပါ ဓာတုပစ္စည်းများဟာ ကင်ဆာဖြစ်နိုင်ခြေ တိုးမြင့်စေခြင်း၊ ကလေးများမှာ ကိုယ်ခံအားစနစ် ပျက်စီးခြင်းနဲ့ အပြုအမှုဆိုင်ရာ ပြဿနာများကဲ့သို့ သိသာထင်ရှားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကယ်လီဖိုးနီးယားနေထိုင်သူများဟာ ဓာတုပစ္စည်းများကို လိုလိုလားလား လက်ခံသူများ မဟုတ်ကြပေမယ့်လည်း ၎င်းတို့လူကြိုက်များတဲ့အစားအစာနဲ့ သောက်စရာပစ္စည်းများမှာ ဓာတု ပစ္စည်းပါဝင်မှုကို တွေ့ရှိနိုင်ပါတယ်။

သို့ပေမယ့် "ကယ်လီဖိုးနီးယားသားများအတွက် ၎င်းတို့ ရပ်ကွက်ကုန်စုံဆိုင်များမှာ ၎င်းတို့ဝယ်တဲ့ အစားအစာ များဟာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများ (သို့မဟုတ်) အဆိပ်သင့်သော ဓာတုပစ္စည်းများနဲ့ ပြည့်နှက်နေမည်ကို စိုးရိမ်စရာမလိုပါဘူး" လို့ ဂါဘရစ်ရယ်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဂါဘရစ်ရယ်ရဲ့အဆိုအရ တားမြစ်ပိတ်ပင်မယ့် ဓာတုပစ္စည်းအများအပြားကို FDA မှ လွတ်လပ်စွာ ပြန်လည် သုံးသပ်ခြင်း (သို့မဟုတ်) ပြန်လည်အကဲဖြတ်ခြင်းမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
ကယ္လီဖိုးနီးယားမွာ ဥပေဒသစ္နဲ႔အတူ Skittles၊ Hot Tamales သၾကားလုံးနဲ႔ အျခားအရာမ်ား ေရာင္းခ်ျခင္းကို တားျမစ္ႏိုင္
ေရာင္နီ (NP News) - မတ္ ၂၅

အဆိုျပဳထားတဲ့ ကယ္လီဖိုးနီးယားဥပေဒမူၾကမ္းအရ Skittles၊ Hot Tamales သၾကားလုံး၊ Dubble Bubble Twist Gum နဲ႔ အျခားသေရစာမ်ားကို အဆိပ္သင့္ေစၿပီး အႏၲရာယ္မ်ားႏိုင္တာေၾကာင့္ ေရာင္းခ်ျခင္းမႈ ပိတ္ပင္ဖို႔ ဥပေဒမူၾကမ္း ေရးဆြဲထားတယ္လို႔ သိရပါတယ္။

Assembly အဖြဲ႕ဝင္ ဂ်က္ဆီဂါဘရစ္ရယ္လ္ က ဥပေဒမူၾကမ္းမွာ အနီေရာင္ဆိုးေဆး၊ Titanium Dioxide၊ Potassium Bromate၊ Brominated Vegetable Oil (သို႔မဟုတ္) Propyl Paraben ပါရွိေသာ အစားအစာမ်ား ထုတ္လုပ္ျခင္း၊ ေရာင္းခ်ျခင္း (သို႔မဟုတ္) ျဖန႔္ျဖဴးျခင္းကို ရပ္တန႔္ဖို႔ အဆိုျပဳထားပါတယ္။

အဆိုပါ ဓာတုပစၥည္းမ်ားဟာ ကင္ဆာျဖစ္ႏိုင္ေျခ တိုးျမင့္ေစျခင္း၊ ကေလးမ်ားမွာ ကိုယ္ခံအားစနစ္ ပ်က္စီးျခင္းနဲ႔ အျပဳအမႈဆိုင္ရာ ျပႆနာမ်ားကဲ့သို႔ သိသာထင္ရွားေသာ က်န္းမာေရးျပႆနာမ်ားကို ျဖစ္ေစႏိုင္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ကယ္လီဖိုးနီးယားေနထိုင္သူမ်ားဟာ ဓာတုပစၥည္းမ်ားကို လိုလိုလားလား လက္ခံသူမ်ား မဟုတ္ၾကေပမယ့္လည္း ၎တို႔လူႀကိဳက္မ်ားတဲ့အစားအစာနဲ႔ ေသာက္စရာပစၥည္းမ်ားမွာ ဓာတု ပစၥည္းပါဝင္မႈကို ေတြ႕ရွိႏိုင္ပါတယ္။

သို႔ေပမယ့္ "ကယ္လီဖိုးနီးယားသားမ်ားအတြက္ ၎တို႔ ရပ္ကြက္ကုန္စုံဆိုင္မ်ားမွာ ၎တို႔ဝယ္တဲ့ အစားအစာ မ်ားဟာ အႏၲရာယ္ရွိတဲ့ ဓာတုပစၥည္းမ်ား (သို႔မဟုတ္) အဆိပ္သင့္ေသာ ဓာတုပစၥည္းမ်ားနဲ႔ ျပည့္ႏွက္ေနမည္ကို စိုးရိမ္စရာမလိုပါဘူး" လို႔ ဂါဘရစ္ရယ္က ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

ဂါဘရစ္ရယ္ရဲ႕အဆိုအရ တားျမစ္ပိတ္ပင္မယ့္ ဓာတုပစၥည္းအမ်ားအျပားကို FDA မွ လြတ္လပ္စြာ ျပန္လည္ သုံးသပ္ျခင္း (သို႔မဟုတ္) ျပန္လည္အကဲျဖတ္ျခင္းမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.