ယူကရိန်းစစ်ပွဲအတွက် တင့်ကားများကို ပိုမိုထုတ်လုပ်သွားမှာဖြစ်ကြောင်း ရုရှားသမ္မတဟောင်းပြော

 719

ဂျန်ဇက် (NP News) - မတ် ၂၅

ရုရှားသမ္မတဟောင်း မက်ဗီဒက်က ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနဲ့စစ်ဖြစ်နေချိန်ကာလအတွင်း တင့်ကားများကို ပိုမိုထုတ်လုပ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှား အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ ဒုတိယအကြီးအကဲ မက်ဗီဒက်က " ကျည်ဆံတွေကုန်နေသလို ဒုံးကျည်တွေလည်း ကုန်နေတဲ့အတွက် ရုရှားဟာ စစ်လက်နက်ပစ္စည်းများ အများကြီးထုတ်လုပ်ရမယ်လို့ တွေးထင်နေတယ်။ ရုရှားဟာ ဒီနှစ်အတွင်းမှာပဲ တင့်ကားအစီးရေ (၅ဝဝ)ကျော် ထုတ်လုပ်သွားမှာဖြစ်တယ်"လို့ပြောပါတယ်။

စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုတိုးမြင့်နိုင်ဖို့ ထုတ်လုပ်နိုင်စွမ်းရှိမယ့်စက်ရုံအသစ်တွေ တည်ဆောက်ရမှာဖြစ်ကြောင်း၊ အရင်တုန်းကတော့ စစ်လက်နက်ပစ္စည်းများဘယ်လောက်လိုသလဲဆိုတာကို မစဉ်းစားပေမယ့်လည်း လက်ရှိအချိန်မှာတော့ စစ်လက်နက်ပစ္စည်းများ လိုအပ်ချက်တွေရှိနေကြောင်း မက်ဗီဒက်ပြောပါတယ်။ ရုရှားစီးပွားရေးကို ထိခိုက်အောင် အမေရိကန် နဲ့မဟာမိတ်တွေဟာ ပိတ်ဆို့မှုအမျိုးမျိုးတစ်ဖက် သတ်ချမှတ်ထားပေမယ့်လည်း ရုရှားကာကွယ်ရေးလုပ်ငန်းက စစ်ဘက်သုံးပစ္စည်းများပိုမိုထုတ်လုပ်မှာဖြစ်ကြောင်း မက်ဗီဒက်ပြောပါတယ်။

စစ်လက်နက်ပစ္စည်းဒီဇိုင်းရေးဆွဲသူများ၊ တည်ဆောက်သူများဟာ ရုရှားစစ်တပ်အတွက် လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်အောင်ကြိုးပမ်းရမှာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ်ဖေဖော်ဝါရီလမှာစတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား စစ်ပွဲစတင်ခဲ့ရာ ယူကရိန်းကို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေက စစ်လက်နက်ပစ္စည်းများ ပံ့ပိုးပေးလျက်ရှိနေကြောင်းသိရပါတယ်။ စစ်ပွဲအချိန်ကြာလာတာနဲ့အမျှ စစ်လက်နက်ပစ္စည်း လိုအပ်ချက်များ မြင့်တက်လာနေကြောင်းသိရပါတယ်။

zawgyi version
ယူကရိန္းစစ္ပြဲအတြက္ တင့္ကားမ်ားကို ပိုမိုထုတ္လုပ္သြားမွာျဖစ္ေၾကာင္း ႐ုရွားသမၼတေဟာင္းေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၅

႐ုရွားသမၼတေဟာင္း မက္ဗီဒက္က ႐ုရွားႏိုင္ငံအေနနဲ႔ ယူကရိန္းနဲ႔စစ္ျဖစ္ေနခ်ိန္ကာလအတြင္း တင့္ကားမ်ားကို ပိုမိုထုတ္လုပ္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွား အမ်ိဳးသားလုံၿခဳံေရးေကာင္စီအဖြဲ႕ ဒုတိယအႀကီးအကဲ မက္ဗီဒက္က " က်ည္ဆံေတြကုန္ေနသလို ဒုံးက်ည္ေတြလည္း ကုန္ေနတဲ့အတြက္ ႐ုရွားဟာ စစ္လက္နက္ပစၥည္းမ်ား အမ်ားႀကီးထုတ္လုပ္ရမယ္လို႔ ေတြးထင္ေနတယ္။ ႐ုရွားဟာ ဒီႏွစ္အတြင္းမွာပဲ တင့္ကားအစီးေရ (၅ဝဝ)ေက်ာ္ ထုတ္လုပ္သြားမွာျဖစ္တယ္"လို႔ေျပာပါတယ္။

စစ္လက္နက္ပစၥည္း ထုတ္လုပ္မႈတိုးျမင့္ႏိုင္ဖို႔ ထုတ္လုပ္ႏိုင္စြမ္းရွိမယ့္စက္႐ုံအသစ္ေတြ တည္ေဆာက္ရမွာျဖစ္ေၾကာင္း၊ အရင္တုန္းကေတာ့ စစ္လက္နက္ပစၥည္းမ်ားဘယ္ေလာက္လိုသလဲဆိုတာကို မစဥ္းစားေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ စစ္လက္နက္ပစၥည္းမ်ား လိုအပ္ခ်က္ေတြရွိေနေၾကာင္း မက္ဗီဒက္ေျပာပါတယ္။ ႐ုရွားစီးပြားေရးကို ထိခိုက္ေအာင္ အေမရိကန္ နဲ႔မဟာမိတ္ေတြဟာ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးတစ္ဖက္ သတ္ခ်မွတ္ထားေပမယ့္လည္း ႐ုရွားကာကြယ္ေရးလုပ္ငန္းက စစ္ဘက္သုံးပစၥည္းမ်ားပိုမိုထုတ္လုပ္မွာျဖစ္ေၾကာင္း မက္ဗီဒက္ေျပာပါတယ္။

စစ္လက္နက္ပစၥည္းဒီဇိုင္းေရးဆြဲသူမ်ား၊ တည္ေဆာက္သူမ်ားဟာ ႐ုရွားစစ္တပ္အတြက္ လိုအပ္တဲ့ စစ္လက္နက္ပစၥည္းမ်ားပိုမိုထုတ္လုပ္ႏိုင္ေအာင္ႀကိဳးပမ္းရမွာျဖစ္ေၾကာင္း ၎ကေျပာၾကားခဲ့ပါတယ္။ ႐ုရွားဟာ ယူကရိန္းကို ၂ဝ၂၂ ခုႏွစ္ေဖေဖာ္ဝါရီလမွာစတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား စစ္ပြဲစတင္ခဲ့ရာ ယူကရိန္းကို အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြက စစ္လက္နက္ပစၥည္းမ်ား ပံ့ပိုးေပးလ်က္ရွိေနေၾကာင္းသိရပါတယ္။ စစ္ပြဲအခ်ိန္ၾကာလာတာနဲ႔အမွ် စစ္လက္နက္ပစၥည္း လိုအပ္ခ်က္မ်ား ျမင့္တက္လာေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.