နယူးဇီလန်က တောင်တရုတ်ပင်လယ်ကြား တင်းမာမှုများအတွက် စိုးရိမ်မှုများ မြင့်တက်နေ

 543

ရောင်နီ (NP News) - မတ် ၂၆

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး နာနာရီမာဟူတာဟာ တရုတ်နိုင်ငံ ဘေဂျင်းကို လာရောက်လည်ပတ်မှု အပြီး ထိုင်ဝမ်ရေလက်ကြားမှ တင်းမာမှုတွေအပေါ် စိုးရိမ်ကြောင်း စနေနေ့ (မတ်လ ၂၅ ရက်)က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ရှင်းဂန် နဲ့ တွေ့ဆုံစဉ် မာဟူတာက ရှီကျင်းရှိ လူ့အခွင့်အရေးအခြေအနေနဲ့ ဟောင်ကောင်ရှိ အခွင့်အရေးများနဲ့ လွတ်လပ်ခွင့်များ ပျက်စီးယိုယွင်းမှုများနဲ့ ပတ်သက်ပြီး နယူးဇီလန်ရဲ့ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများကို သတိပြုမိကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
မာဟူတာက တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများနဲ့ ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများ တိုးလာနေခြင်းအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအပေါ် နယူးဇီလန်က ရှုတ်ချကြောင်း မာဟူတန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်ပေ မယ့် မာဟူတန်ရဲ့ တရုတ်နိုင်ငံသို့ လာရောက်တဲ့ လေးရက်ကြာ ခရီးစဉ်မှာ တရုတ်ထိပ်တန်း သံတမန် ဝမ်ယိအပြင် စီးပွားရေးနဲ့ အမျိုးသမီး ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နယူးဇီလန်ဟာ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါတို့ ပါဝင်တဲ့ Five Eyes ထောက်လှမ်းရေး မျှဝေရေး မဟာမိတ်အဖွဲ့မှာ တရုတ်နိုင်ငံအပေါ် သဘောထားပျော့ပျောင်းစွာ ရှုမြင်ခဲ့တာဟာ ကြာပါပြီ။ သို့သော် တရုတ်နဲ့ ဆော်လမွန်ကျွန်းစုတို့ လုံခြုံရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် လွန်ခဲ့တဲ့ နှစ်အတွင်း တောင်ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ တိုးပွားလာနေသော လုံခြုံရေးနဲ့ တရုတ် တည်ရှိနေမှုအပေါ် နယူးဇီလန်ရဲ့ ရှုမြင်မှု တင်းမာလာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှုများကြား နယူးဇီလန်ဟာ ပစိဖိတ်ဒေသရဲ့ အလားအလာရှိသော စစ်ရေးတင်းမာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း တစိုက်မတ်မတ် ဖော်ပြခဲ့ပါတယ်။

zawgyi version
နယူးဇီလန္က ေတာင္တ႐ုတ္ပင္လယ္ၾကား တင္းမာမႈမ်ားအတြက္ စိုးရိမ္မႈမ်ား ျမင့္တက္ေန
ေရာင္နီ (NP News) - မတ္ ၂၆

နယူးဇီလန္ႏိုင္ငံျခားေရးဝန္ႀကီး နာနာရီမာဟူတာဟာ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းကို လာေရာက္လည္ပတ္မႈ အၿပီး ထိုင္ဝမ္ေရလက္ၾကားမွ တင္းမာမႈေတြအေပၚ စိုးရိမ္ေၾကာင္း စေနေန႔ (မတ္လ ၂၅ ရက္)က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ရွင္းဂန္ နဲ႔ ေတြ႕ဆုံစဥ္ မာဟူတာက ရွီက်င္းရွိ လူ႔အခြင့္အေရးအေျခအေနနဲ႔ ေဟာင္ေကာင္ရွိ အခြင့္အေရးမ်ားနဲ႔ လြတ္လပ္ခြင့္မ်ား ပ်က္စီးယိုယြင္းမႈမ်ားနဲ႔ ပတ္သက္ၿပီး နယူးဇီလန္ရဲ႕ နက္ရႈိင္းေသာ စိုးရိမ္ပူပန္မႈမ်ားကို သတိျပဳမိေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။
မာဟူတာက ေတာင္တ႐ုတ္ပင္လယ္အတြင္း ျဖစ္ေပၚတိုးတက္မႈမ်ားနဲ႔ ထိုင္ဝမ္ေရလက္ၾကား တင္းမာမႈမ်ား တိုးလာေနျခင္းအေပၚ စိုးရိမ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ႐ုရွားရဲ႕ ယူကရိန္းကို က်ဴးေက်ာ္ဝင္ေရာက္မႈအေပၚ နယူးဇီလန္က ရႈတ္ခ်ေၾကာင္း မာဟူတန္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားရဲ႕ အဓိက မဟာမိတ္ႏိုင္ငံျဖစ္ေပ မယ့္ မာဟူတန္ရဲ႕ တ႐ုတ္ႏိုင္ငံသို႔ လာေရာက္တဲ့ ေလးရက္ၾကာ ခရီးစဥ္မွာ တ႐ုတ္ထိပ္တန္း သံတမန္ ဝမ္ယိအျပင္ စီးပြားေရးနဲ႔ အမ်ိဳးသမီး ေခါင္းေဆာင္မ်ားနဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။

နယူးဇီလန္ဟာ အေမရိကန္၊ ၾသစေၾတးလ်၊ ၿဗိတိန္နဲ႔ ကေနဒါတို႔ ပါဝင္တဲ့ Five Eyes ေထာက္လွမ္းေရး မွ်ေဝေရး မဟာမိတ္အဖြဲ႕မွာ တ႐ုတ္ႏိုင္ငံအေပၚ သေဘာထားေပ်ာ့ေပ်ာင္းစြာ ရႈျမင္ခဲ့တာဟာ ၾကာပါၿပီ။ သို႔ေသာ္ တ႐ုတ္နဲ႔ ေဆာ္လမြန္ကြၽန္းစုတို႔ လုံၿခဳံေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးၿပီးေနာက္ လြန္ခဲ့တဲ့ ႏွစ္အတြင္း ေတာင္ပစိဖိတ္ေဒသမွာ တ႐ုတ္ရဲ႕ တိုးပြားလာေနေသာ လုံၿခဳံေရးနဲ႔ တ႐ုတ္ တည္ရွိေနမႈအေပၚ နယူးဇီလန္ရဲ႕ ရႈျမင္မႈ တင္းမာလာခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ရဲ႕ စစ္ေရးတည္ေဆာက္မႈမ်ားၾကား နယူးဇီလန္ဟာ ပစိဖိတ္ေဒသရဲ႕ အလားအလာရွိေသာ စစ္ေရးတင္းမာမႈအေပၚ စိုးရိမ္ပူပန္ေၾကာင္း တစိုက္မတ္မတ္ ေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.