အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့ တင်းမာမှုရှိနေချိန်မှာပဲ ရုရှားက ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားဖို့ စီစဉ်

 696

ဂျန်ဇက် (NP News) - မတ် ၂၆

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့ တင်းမာမှုများရှိနေချိန်မှာပဲ ရုရှားဟာ ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယား လက်နက်များ အဆောက်အဦးများကို တည်ဆောက်ပေးသွားတော့မှာဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ လာမယ့်ဇူလိုင် ၁ ရက်မှာ နျူကလီးယားလက်နက် အဆောက်အဦးများ တည်ဆောက်မှာဖြစ် ကြောင်း သိရပါတယ်။ ရုရှားဟာ ၁၉၉ဝ ခုနှစ်နောက်ပိုင်း နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ် နျူကလီးယားလက်နက် နဲ့ပတ်သက်တဲ့အဆောက်အဦးများကို တည်ဆောက်ခြင်းဖြစ်ကြောင်းရုရှားသမ္မတပူတင် က ပြောပါတယ်။

ကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ ရုရှားနိုင်ငံကြားတင်းမာမှုတွေ ရှိနေ ချိန်မှာ ရုရှားဘက်က အခုလိုမျိုး စီစဉ်လာခြင်းဖြစ်ရာ နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်လာဖွယ်ရှိမှာ ကို စိုးရိမ်မှုမြင့်တက်နေပါတယ်။ ဘီလာရုစ်၊ ရုရှားတို့ဟာ ပိုလန်နိုင်ငံ နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်ရာ အမေရိကန်က ပိုလန်နိုင်ငံမှာ စစ်လက်နက်ပစ္စည်းများ ဖြန့်ကြတ်ချထားမှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။

ရုရှားသမ္မတက "အမေရိကန်ဟာ ပိုလန်နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး လှုပ်ရှားနေခဲ့တယ်။ အမေရိကန်ဟာ ကျွန်တော် တို့မဟာမိတ်နိုင်ငံများနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ပိုလန်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထား တယ်။ အမေရိကန်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ သဘောတူညီခဲ့တယ်။ ကျွန်တော်တို့ဟာလည်း အမေရိကန်လုပ် သလိုမျိုး လုပ်ဆောင်လိုက်တာမျိုးဖြစ်တယ်" လို့ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ဘီလာရုစ့်ကို နျူကလီးယားလက်နက်များ ဘယ်အချိန်မှာ လွှဲပြောင်းပေးမလဲဆိုတဲ့အချက် ကို အတိအကျပြောဆိုခြင်းမျိုး မရှိကြောင်း သိရပါတယ်။ ဘီလာရုစ့်မှာ နျူကလီးယားလက်နက် အဆောက်အဦး များ အပြီးသတ်တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ပိုလန်နဲ့ အမေရိကန်တို့က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုနဲ႔ တင္းမာမႈရွိေနခ်ိန္မွာပဲ ႐ုရွားက ဘီလာ႐ုစ့္ႏိုင္ငံမွာ န်ဴကလီးယား လက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားဖို႔ စီစဥ္
ဂ်န္ဇက္ (NP News) - မတ္ ၂၆

အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုနဲ႔ တင္းမာမႈမ်ားရွိေနခ်ိန္မွာပဲ ႐ုရွားဟာ ဘီလာ႐ုစ့္ႏိုင္ငံမွာ န်ဴကလီးယား လက္နက္မ်ား အေဆာက္အဦးမ်ားကို တည္ေဆာက္ေပးသြားေတာ့မွာျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္ က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

႐ုရွားႏိုင္ငံအေနနဲ႔ လာမယ့္ဇူလိုင္ ၁ ရက္မွာ န်ဴကလီးယားလက္နက္ အေဆာက္အဦးမ်ား တည္ေဆာက္မွာျဖစ္ ေၾကာင္း သိရပါတယ္။ ႐ုရွားဟာ ၁၉၉ဝ ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံျပင္ပမွာ ပထမဆုံးအႀကိမ္ န်ဴကလီးယားလက္နက္ နဲ႔ပတ္သက္တဲ့အေဆာက္အဦးမ်ားကို တည္ေဆာက္ျခင္းျဖစ္ေၾကာင္း႐ုရွားသမၼတပူတင္ က ေျပာပါတယ္။

ကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ ႐ုရွားႏိုင္ငံၾကားတင္းမာမႈေတြ ရွိေန ခ်ိန္မွာ ႐ုရွားဘက္က အခုလိုမ်ိဳး စီစဥ္လာျခင္းျဖစ္ရာ န်ဴကလီးယားလက္နက္မ်ား အသုံးျပဳတိုက္ခိုက္လာဖြယ္ရွိမွာ ကို စိုးရိမ္မႈျမင့္တက္ေနပါတယ္။ ဘီလာ႐ုစ္၊ ႐ုရွားတို႔ဟာ ပိုလန္ႏိုင္ငံ နဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ႏိုင္ငံျဖစ္ရာ အေမရိကန္က ပိုလန္ႏိုင္ငံမွာ စစ္လက္နက္ပစၥည္းမ်ား ျဖန႔္ၾကတ္ခ်ထားမႈေတြ ရွိေနခဲ့ေၾကာင္း သိရပါတယ္။

႐ုရွားသမၼတက "အေမရိကန္ဟာ ပိုလန္ႏိုင္ငံမွာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး လႈပ္ရွားေနခဲ့တယ္။ အေမရိကန္ဟာ ကြၽန္ေတာ္ တို႔မဟာမိတ္ႏိုင္ငံမ်ားနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ပိုလန္ႏိုင္ငံမွာ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထား တယ္။ အေမရိကန္ရဲ႕လုပ္ရပ္ကို ကြၽန္ေတာ္တို႔ သေဘာတူညီခဲ့တယ္။ ကြၽန္ေတာ္တို႔ဟာလည္း အေမရိကန္လုပ္ သလိုမ်ိဳး လုပ္ေဆာင္လိုက္တာမ်ိဳးျဖစ္တယ္" လို႔ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ ဘီလာ႐ုစ့္ကို န်ဴကလီးယားလက္နက္မ်ား ဘယ္အခ်ိန္မွာ လႊဲေျပာင္းေပးမလဲဆိုတဲ့အခ်က္ ကို အတိအက်ေျပာဆိုျခင္းမ်ိဳး မရွိေၾကာင္း သိရပါတယ္။ ဘီလာ႐ုစ့္မွာ န်ဴကလီးယားလက္နက္ အေဆာက္အဦး မ်ား အၿပီးသတ္တည္ေဆာက္မယ့္ကိစၥနဲ႔ပတ္သက္ၿပီး ပိုလန္နဲ႔ အေမရိကန္တို႔က တစ္စုံတစ္ရာ မွတ္ခ်က္ျပဳ ေျပာဆိုျခင္း မရွိေသးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.