အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အဇာဘိုင်ဂျန်တပ်ဖွဲ့များ ချိုးဖောက်ခဲ့ကြောင်း ရုရှားစစ်ဖက် ပြော

 1288

Pika (NP News) - မတ် ၂၆

အဇာဘိုင်ဂျန်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်က အာမေးနီးယားနိုင်ငံနှင့်ဖြစ်ပွားခဲ့သောစစ်ပွဲကို အဆုံးသတ်စေရန် အတွက် ရုရှားနိုင်ငံက ကြားဝင်စေ့စပ်ပေးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ခဲ့ ကြောင်း ရုရှားအစိုးရ က စွပ်စွဲပြောဆိုခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံသည် ၎င်း၏တပ်ဖွဲ့များကို နယ်နိမိတ်မျဥ်းကို ဖြတ်ကျော်ခွင့်ပေးခြင်းဖြင့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန က "မတ်လ(၂၅)ရက်မှာ အဇာဘိုင်ဂျန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာ Shusha ခရိုင်မှာရှိတဲ့ နယ်နိမိတ်မျဥ်းကို ဖြတ်ကျော်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ (၉)ရက်က လက်မှတ်‌ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပါတယ်" ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့များသည် အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံကြား တင်းမာမှုများ ပြန်လည်တိုးမြင့် လာမှုကို တားဆီးရန်နှင့် အပြန်အလှန်ရန်စမှုများကို ဟန့်တားရန်အတွက် အစီအစဥ်များလုပ်ဆောင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်တပ်ဖွဲ့များသည် အာမေးနီးယားနိုင်ငံသား အများစုနေထိုင်သည့် ခွဲထွက်ဒေသ Nagorno-Karabakh ရှိ လမ်းအချို့ကို ထိန်းချုပ်ထားပြီး ရန်သူအာမေးနီးယားနှင့် စစ်ပွဲနှစ်ပွဲ ဆင်နွှဲခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ(၂၅)ရက်၊ အစောပိုင်းတွင် ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာန က "အာမေးနီးယားနိုင်ငံမှ လက်နက်ထောက်ပံ့မှုအတွက် Lachin မြို့ မြောက်ဘက်မှာရှိတဲ့ လမ်းတွေအသုံးပြုမှုကို တားဆီးဖို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေအားလုံးကို အဇာဘိုင်ဂျန် တပ်ဖွဲ့တွေဟာ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

အာမေးနီးယားနိုင်ငံနှင့် Karabakh ဒေသကိုဆက်သွယ်ထားသော Lachin မြို့ လမ်းကို အဇာဘိုင်ဂျန်တပ်ဖွဲ့များက ပိတ်ဆို့ထားခြင်းကြောင့် အဆိုပါနယ်မြေအတွင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေကြောင်း အာမေးနီးယားအစိုးရက ပြောကြားခဲ့သည်။

၂ဝ၂ဝ ပြည့်နှစ် ဆောင်းဦးကာလတွင် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံကြားဖြစ်ပွားခဲ့သော သီတင်းပတ် (၆) ပတ်ကြာ တိုက်ပွဲများသည် ရုရှား၏ ကြားဝင်စေ့စပ်မှုများကြောင့် ပြီးဆုံးသွားခဲ့သော်လည်း အာမေးနီးယား-အဇာဘိုင်ဂျန်နယ်စပ်နှင့် Karabakh ဒေသတို့တွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Zawgyi Version;
အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အဇာဘိုင္ဂ်န္တပ္ဖြဲ႕မ်ား ခ်ိဳးေဖာက္ခဲ့ေၾကာင္း ႐ုရွားစစ္ဖက္ ေျပာ
Pika (NP News) - မတ္ ၂၆

အဇာဘိုင္ဂ်န္ႏိုင္ငံသည္ ၂ဝ၂ဝ ျပည့္ႏွစ္က အာေမးနီးယားႏိုင္ငံႏွင့္ျဖစ္ပြားခဲ့ေသာစစ္ပြဲကို အဆုံးသတ္ေစရန္ အတြက္ ႐ုရွားႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးထားေသာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကိုခ်ိဳးေဖာက္ခဲ့ ေၾကာင္း ႐ုရွားအစိုးရ က စြပ္စြဲေျပာဆိုခဲ့သည္။

အဇာဘိုင္ဂ်န္ႏိုင္ငံသည္ ၎၏တပ္ဖြဲ႕မ်ားကို နယ္နိမိတ္မ်ဥ္းကို ျဖတ္ေက်ာ္ခြင့္ေပးျခင္းျဖင့္ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က "မတ္လ(၂၅)ရက္မွာ အဇာဘိုင္ဂ်န္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ဟာ Shusha ခ႐ိုင္မွာရွိတဲ့ နယ္နိမိတ္မ်ဥ္းကို ျဖတ္ေက်ာ္ခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္ ႏိုဝင္ဘာလ (၉)ရက္က လက္မွတ္‌ေရးထိုးခဲ့ၾကတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ပါတယ္" ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။

႐ုရွားၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ားသည္ အဇာဘိုင္ဂ်န္ႏိုင္ငံႏွင့္ အာေမးနီးယားႏိုင္ငံၾကား တင္းမာမႈမ်ား ျပန္လည္တိုးျမင့္ လာမႈကို တားဆီးရန္ႏွင့္ အျပန္အလွန္ရန္စမႈမ်ားကို ဟန႔္တားရန္အတြက္ အစီအစဥ္မ်ားလုပ္ေဆာင္ေနေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။

အဇာဘိုင္ဂ်န္တပ္ဖြဲ႕မ်ားသည္ အာေမးနီးယားႏိုင္ငံသား အမ်ားစုေနထိုင္သည့္ ခြဲထြက္ေဒသ Nagorno-Karabakh ရွိ လမ္းအခ်ိဳ႕ကို ထိန္းခ်ဳပ္ထားၿပီး ရန္သူအာေမးနီးယားႏွင့္ စစ္ပြဲႏွစ္ပြဲ ဆင္ႏႊဲခဲ့ေၾကာင္း အဇာဘိုင္ဂ်န္ကာကြယ္ေရး ဝန္ႀကီးဌာနက မတ္လ(၂၅)ရက္၊ အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။

အဇာဘိုင္ဂ်န္ကာကြယ္ေရးဝန္ႀကီးဌာန က "အာေမးနီးယားႏိုင္ငံမွ လက္နက္ေထာက္ပံ့မႈအတြက္ Lachin ၿမိဳ႕ ေျမာက္ဘက္မွာရွိတဲ့ လမ္းေတြအသုံးျပဳမႈကို တားဆီးဖို႔ လိုအပ္တဲ့ေဆာင္႐ြက္မႈေတြအားလုံးကို အဇာဘိုင္ဂ်န္ တပ္ဖြဲ႕ေတြဟာ အေကာင္အထည္ေဖာ္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အာေမးနီးယားႏိုင္ငံႏွင့္ Karabakh ေဒသကိုဆက္သြယ္ထားေသာ Lachin ၿမိဳ႕ လမ္းကို အဇာဘိုင္ဂ်န္တပ္ဖြဲ႕မ်ားက ပိတ္ဆို႔ထားျခင္းေၾကာင့္ အဆိုပါနယ္ေျမအတြင္းတြင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းကို ျဖစ္ေစေၾကာင္း အာေမးနီးယားအစိုးရက ေျပာၾကားခဲ့သည္။

၂ဝ၂ဝ ျပည့္ႏွစ္ ေဆာင္းဦးကာလတြင္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားႏိုင္ငံၾကားျဖစ္ပြားခဲ့ေသာ သီတင္းပတ္ (၆) ပတ္ၾကာ တိုက္ပြဲမ်ားသည္ ႐ုရွား၏ ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ ၿပီးဆုံးသြားခဲ့ေသာ္လည္း အာေမးနီးယား-အဇာဘိုင္ဂ်န္နယ္စပ္ႏွင့္ Karabakh ေဒသတို႔တြင္ ပစ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.