စပိန်တောမီးကို ငြိမ်းသတ်ရန် မီးသတ်သမား(၇ဝဝ)ကျော် အသုံးပြုနေသော်လည်း ငြိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း ဆို

547

Pika (NP News) - မတ် ၂၆
စပိန်နိုင်ငံတွင် ၂ဝ၂၃ ခုနှစ်၏ ပထမဆုံးတောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် (၄၈)နာရီအကြာတွင် ပိုမိုဆိုးရွား လာသည့်အတွက် မီးသတ်သမား(၇ဝဝ)ခန့်သည် မီးလောင်မှုကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါ တောမီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း(၁၅ဝဝ)ခန့် ဘေးလွတ်ကင်းရာသို့ ချက်ချင်းပြောင်းရွှေ့ခဲ့ရ ကြောင်း သိရသည်။ ဗလင်စီယာမြို့ မြောက်ဖက် ကီလိုမီမာ(၉ဝ)အကွာရှိ Villanueva de Viver မြူနီစီပယ်တွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုသည် ရာသီဥတုပိုမိုပူပြင်းလာမှုများကြောင့်ဖြစ်ကြောင်း ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောကြားခဲ့သည်။
ဒေသဆိုင်ရာအရေးပေါ်ဝန်ဆောင်မှုဌာန က "တောမီးလောင်မှုကို မီးငြိမ်းသတ်ဖို့အတွက် လူ(၇ဝဝ)လောက်ကို စုစည်းထားပါတယ်။တောမီးလောင်မှုကြောင့် သစ်တော ဟက်တာ(၃၉ဝဝ) ကျော် ပျက်စီးသွားပါတယ်။ တောမီးလောင်မှုကြောင့် လူပေါင်း(၁၅ဝဝ)ခန့်ကိုလည်း ဘေးလွတ်ကင်းရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်" ဟု ပြောဆိုခဲ့သည်။
မီးလောင်ကျွမ်းမှုများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မီးငြိမ်းသတ်ရန်အလွန်ခက်ခဲကြောင်း ရဟတ်ယာဥ်(၂ဝ) စင်းဖြင့် မီးငြိမ်းသတ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့များက ပြောကြားခဲ့သည်။
ဗလင်စီယာမြို့အုပ်ချုပ်ရေးမှူး Ximo Puig က "ရာသီဥတုအခြေအနေက နွေရာသီလိုမျိုးဖြစ်နေပြီး ပူပြင်းမှု အရှိန်မြင့်တက်နေပါတယ်။ အဲဒါကြောင့်လည်း တောမီးလာင်ကျွမ်းခဲ့တာပါ" ဟု ပြောဆိုခဲ့သည်။
အဆိုပါတောမီးလောင်ကျွမ်းမှုသည် မတ်လ(၂၃)ရက်၊ နေ့လည်ပိုင်းတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်လများက ပူပြင်းခြောက်သွေ့လာမှုနှင့်အတူ သစ်တောများတွင် လောင်ကျွမ်းနိုင်သော ဇီဝ လောင်စာအမြောက်အများ ရှိနေခြင်းကြောင့် မီးလောင်ကျွမ်းမှုအခြေအနေသည် ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း Castellonမြို့ မီးသတ်ဌာနမှ မီးသတ်သမားManolo Nicolas က ပြောကြားခဲ့သည်။
၂ဝ၂၂ ပြည့်နှစ်က စပိန်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှု အကြိမ်ရေ(၅ဝဝ)နီးပါးခန့်ရှိခဲ့ပြီး သစ်တောဟက်တာ (၃) သိန်းကျော် ပျက်စီးခဲ့ကြောင်း ဥရောပတောမီးသတင်းအချက်အလက်စနစ် (EFFIS) က ထုတ်ပြန်သော အချက် အလက်များအရ သိရသည်။

Zawgyi Version;
စပိန္ေတာမီးကို ၿငိမ္းသတ္ရန္ မီးသတ္သမား(၇ဝဝ)ေက်ာ္ အသုံးျပဳေနေသာ္လည္း ၿငိမ္းသတ္ႏိုင္ျခင္းမရွိေသးေၾကာင္း ဆို
Pika (NP News) - မတ္ ၂၆
စပိန္ႏိုင္ငံတြင္ ၂ဝ၂၃ ခုႏွစ္၏ ပထမဆုံးေတာမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ (၄၈)နာရီအၾကာတြင္ ပိုမိုဆိုး႐ြား လာသည့္အတြက္ မီးသတ္သမား(၇ဝဝ)ခန႔္သည္ မီးေလာင္မႈကို ထိန္းခ်ဳပ္ႏိုင္ရန္ႀကိဳးပမ္းေနခဲ့ရေၾကာင္းလည္း သိရသည္။
အဆိုပါ ေတာမီးေလာင္ကြၽမ္းမႈမ်ားေၾကာင့္ လူေပါင္း(၁၅ဝဝ)ခန႔္ ေဘးလြတ္ကင္းရာသို႔ ခ်က္ခ်င္းေျပာင္းေ႐ႊ႕ခဲ့ရ ေၾကာင္း သိရသည္။ ဗလင္စီယာၿမိဳ႕ ေျမာက္ဖက္ ကီလိုမီမာ(၉ဝ)အကြာရွိ Villanueva de Viver ျမဴနီစီပယ္တြင္ ျဖစ္ပြားေနေသာ ေတာမီးေလာင္ကြၽမ္းမႈသည္ ရာသီဥတုပိုမိုပူျပင္းလာမႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ေဒသဆိုင္ရာ အေရးေပၚဝန္ေဆာင္မႈဌာနက ေျပာၾကားခဲ့သည္။
ေဒသဆိုင္ရာအေရးေပၚဝန္ေဆာင္မႈဌာန က "ေတာမီးေလာင္မႈကို မီးၿငိမ္းသတ္ဖို႔အတြက္ လူ(၇ဝဝ)ေလာက္ကို စုစည္းထားပါတယ္။ေတာမီးေလာင္မႈေၾကာင့္ သစ္ေတာ ဟက္တာ(၃၉ဝဝ) ေက်ာ္ ပ်က္စီးသြားပါတယ္။ ေတာမီးေလာင္မႈေၾကာင့္ လူေပါင္း(၁၅ဝဝ)ခန႔္ကိုလည္း ေဘးလြတ္ကင္းရာကို ေျပာင္းေ႐ႊ႕ေပးခဲ့ရပါတယ္" ဟု ေျပာဆိုခဲ့သည္။
မီးေလာင္ကြၽမ္းမႈမ်ားမွာ ဆက္လက္ျပင္းထန္ေနဆဲျဖစ္ၿပီး မီးၿငိမ္းသတ္ရန္အလြန္ခက္ခဲေၾကာင္း ရဟတ္ယာဥ္(၂ဝ) စင္းျဖင့္ မီးၿငိမ္းသတ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း မီးသတ္တပ္ဖြဲ႕မ်ားက ေျပာၾကားခဲ့သည္။
ဗလင္စီယာၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး Ximo Puig က "ရာသီဥတုအေျခအေနက ေႏြရာသီလိုမ်ိဳးျဖစ္ေနၿပီး ပူျပင္းမႈ အရွိန္ျမင့္တက္ေနပါတယ္။ အဲဒါေၾကာင့္လည္း ေတာမီးလာင္ကြၽမ္းခဲ့တာပါ" ဟု ေျပာဆိုခဲ့သည္။
အဆိုပါေတာမီးေလာင္ကြၽမ္းမႈသည္ မတ္လ(၂၃)ရက္၊ ေန႔လည္ပိုင္းတြင္ စတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္လမ်ားက ပူျပင္းေျခာက္ေသြ႕လာမႈႏွင့္အတူ သစ္ေတာမ်ားတြင္ ေလာင္ကြၽမ္းႏိုင္ေသာ ဇီဝ ေလာင္စာအေျမာက္အမ်ား ရွိေနျခင္းေၾကာင့္ မီးေလာင္ကြၽမ္းမႈအေျခအေနသည္ ပိုမိုဆိုး႐ြားလာျခင္းျဖစ္ေၾကာင္း Castellonၿမိဳ႕ မီးသတ္ဌာနမွ မီးသတ္သမားManolo Nicolas က ေျပာၾကားခဲ့သည္။
၂ဝ၂၂ ျပည့္ႏွစ္က စပိန္ႏိုင္ငံတြင္ ေတာမီးေလာင္ကြၽမ္းမႈ အႀကိမ္ေရ(၅ဝဝ)နီးပါးခန႔္ရွိခဲ့ၿပီး သစ္ေတာဟက္တာ (၃) သိန္းေက်ာ္ ပ်က္စီးခဲ့ေၾကာင္း ဥေရာပေတာမီးသတင္းအခ်က္အလက္စနစ္ (EFFIS) က ထုတ္ျပန္ေသာ အခ်က္ အလက္မ်ားအရ သိရသည္။